ၾကားသိရသမွ်

ထူးထူးဆန်းဆန်းသစ်ပင်ပေါ်တက်နေတဲ့ဆိတ်များနှင့် ၎င်းအဖြစ်အပျက် နောက်ကွယ်ရှိလျှို့ဝှက်ချက်များ

ထူးထူးဆန်းဆန်းသစ်ပင်ပေါ်တက်နေတဲ့ဆိတ်များနှင့် ၎င်းအဖြစ်အပျက် နောက်ကွယ်ရှိလျှို့ဝှက်ချက်များ

အကယ်လို့ သင်သာ မော်ရိုကိုနိုင်ငံသို့ ခရီးထွက်လျှင် သစ်ပင်ရဲ့အကိုင်းအခက်များပေါ်၌မတ်တပ်ရပ်ရင်း သစ်သီးများကိုပျော်ပျော်ကြီးစားသုံးနေသည့် ဤပုံမှန်မဟုတ်တဲ့မြင်ကွင်းကို သင်တွေ့မြင်ရပါလိမ့်မယ်။ ဆိတ်ကောင်တွေကအပေါ်တက်ပြီး

တက်စားရလောက်တဲ့အထိဖြစ်ရတဲ့ ၎င်း Argan အပင်များဟာ အသီးများကိုထုတ်လုပ်ပေးပါတယ်။ တောရိုင်းတိရစ္ဆာန်များအတွက် အစာအရင်းအမြစ်ရှားပါးတဲ့တိုင်းပြည်တစ်ခုအနေနဲ့ ဤအပင်များဟာ ဆိတ်များအတွက်

ယှဉ်ပြိုင်ရန်မလိုတဲ့အစာများကို ပေးစွမ်းပါတယ်။ အသီးများမှည့်သည်နှင့်တပြိုင်နက် လယ်သမားများဟာ ၎င်းသစ်ပင်များပေါ်ကိုတက်ရန် ဆိတ်များအား တက်ကြွစွာတွန်းအားပေးလေ့ရှိပြီး ဤနောက်ကွယ်မှအကြောင်းအရင်းများစွာလည်းရှိနေပါတယ်။

ပထမဦးစွာ argan အသီး၏အခွံမာအစေ့ကို argan အဆီထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်ပါတယ်။ ဆိတ်များက သစ်သီးများကိုစားသော်လည်း အစေ့များကိုတော့ အစာမချေဖျက်နိုင်တာကြောင့် ၎င်းအစေ့တွေကို

မစားဘဲ ထွေးထုတ်ပစ်ကြပါတယ်။ ထို့နောက် အောက်ကျလာတဲ့အခွံမာအစေ့များကို လယ်သမားများက စုဆောင်းကာ argan အဆီအဖြစ် ထပ်မံထုတ်လုပ်ကြပါတယ်။

Argan အဆီမှ ငွေရှာခြင်းအပြင်၊ ဆိတ်များအား သစ်ပင်တက်ရန် လယ်သမားများအားပေးရခြင်းအကြောင်းရင်းနောက်တစ်ခုမှာ ရှုခင်းဓာတ်ပုံရိုက်လိုသူခရီးသွားများအတွက် အခကြေးငွေကောက်ခံသည့်အခါ ထူးခြားတဲ့၎င်းမြင်ကွင်းမှ အကျိုးအမြတ်ရရှိရန်သာဖြစ်ပါတယ်။

နိုင်ငံ၏အချို့နေရာများတွင် သစ်ပင်များပေါ်ရှိဆိတ်များဟာ လမ်းဘေးဆွဲဆောင်မှုတစ်ခုဖြစ်ပြီး ခရီးသွားများကလည်း ဆိတ်များကို ဓာတ်ပုံရိုက်ရန် ခဏခဏရပ်နားလေ့ရှိပါတယ်။ အပြန်အလှန်အနေနဲ့ ခရီးသွားများက

စောင့်ဆိုင်းနေပေးတဲ့လယ်သမားတွေကို ဓာတ်ပုံရိုက်ခသဘောဖြင့် tip များပေးတတ်ကြပါတယ်။ ဒါတွေဟာ မော်ရိုကိုနိုင်ငံရှိထူးထူးဆန်းဆန်းသစ်ပင်ပေါ်တက်နေတဲ့ဆိတ်တွေရဲ့နောက်ကွယ်က

လျှို့ဝှက်ချက်တွေဘဲဖြစ်ပါတယ်။ ဆိတ်တွေရဲ့ပုံရိပ်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ဟာ သစ်ပင်ပေါ်ကို အန္တရာယ်ကင်းကင်းနဲ့တက်နိုင်ပြီး ၎င်းအစဉ်အလာကိုလည်း ငယ်ရွယ်စဉ်ကတည်းကပင် ပြုလုပ်လာခဲ့ကြပုံရပါတယ်

အကယ်လို့ သင်သာ မော်ရိုကိုနိုင်ငံသို့ ခရီးထွက်လျှင် သစ်ပင်ရဲ့အကိုင်းအခက်များပေါ်၌မတ်တပ်ရပ်ရင်း သစ်သီးများကိုပျော်ပျော်ကြီးစားသုံးနေသည့် ဤပုံမှန်မဟုတ်တဲ့မြင်ကွင်းကို

သင်တွေ့မြင်ရပါလိမ့်မယ်။ ဆိတ်ကောင်တွေကအပေါ်တက်ပြီး တက်စားရလောက်တဲ့အထိဖြစ်ရတဲ့ ၎င်း Argan အပင်များဟာ အသီးများကိုထုတ်လုပ်ပေးပါတယ်။

တောရိုင်းတိရစ္ဆာန်များအတွက် အစာအရင်းအမြစ်ရှားပါးတဲ့တိုင်းပြည်တစ်ခုအနေနဲ့ ဤအပင်များဟာ ဆိတ်များအတွက် ယှဉ်ပြိုင်ရန်မလိုတဲ့အစာများကို ပေးစွမ်းပါတယ်။

အသီးများမှည့်သည်နှင့်တပြိုင်နက် လယ်သမားများဟာ ၎င်းသစ်ပင်များပေါ်ကိုတက်ရန် ဆိတ်များအား တက်ကြွစွာတွန်းအားပေးလေ့ရှိပြီး ဤနောက်ကွယ်မှအကြောင်းအရင်းများစွာလည်းရှိနေပါတယ်။

ပထမဦးစွာ argan အသီး၏အခွံမာအစေ့ကို argan အဆီထုတ်လုပ်ရန်အတွက် အသုံးပြုနိုင်ပါတယ်။ ဆိတ်များက သစ်သီးများကိုစားသော်လည်း အစေ့များကိုတော့

အစာမချေဖျက်နိုင်တာကြောင့် ၎င်းအစေ့တွေကို မစားဘဲ ထွေးထုတ်ပစ်ကြပါတယ်။ ထို့နောက် အောက်ကျလာတဲ့အခွံမာအစေ့များကို လယ်သမားများက စုဆောင်းကာ argan အဆီအဖြစ် ထပ်မံထုတ်လုပ်ကြပါတယ်။ Argan အဆီမှ ငွေရှာခြင်းအပြင်၊

ဆိတ်များအား သစ်ပင်တက်ရန် လယ်သမားများအားပေးရခြင်းအကြောင်းရင်းနောက်တစ်ခုမှာ ရှုခင်းဓာတ်ပုံရိုက်လိုသူခရီးသွားများအတွက် အခကြေးငွေကောက်ခံသည့်အခါ ထူးခြားတဲ့၎င်းမြင်ကွင်းမှ အကျိုးအမြတ်ရရှိရန်သာဖြစ်ပါတယ်။

နိုင်ငံ၏အချို့နေရာများတွင် သစ်ပင်များပေါ်ရှိဆိတ်များဟာ လမ်းဘေးဆွဲဆောင်မှုတစ်ခုဖြစ်ပြီး ခရီးသွားများကလည်း ဆိတ်များကို ဓာတ်ပုံရိုက်ရန် ခဏခဏရပ်နားလေ့ရှိပါတယ်။

အပြန်အလှန်အနေနဲ့ ခရီးသွားများက စောင့်ဆိုင်းနေပေးတဲ့လယ်သမားတွေကို ဓာတ်ပုံရိုက်ခသဘောဖြင့် tip များပေးတတ်ကြပါတယ်။ ဒါတွေဟာ မော်ရိုကိုနိုင်ငံရှိထူးထူးဆန်းဆန်းသစ်ပင်ပေါ်တက်နေတဲ့ဆိတ်တွေရဲ့နောက်ကွယ်က

လျှို့ဝှက်ချက်တွေဘဲဖြစ်ပါတယ်။ ဆိတ်တွေရဲ့ပုံရိပ်ကို ကြည့်ခြင်းအားဖြင့် ၎င်းတို့ဟာ သစ်ပင်ပေါ်ကို အန္တရာယ်ကင်းကင်းနဲ့တက်နိုင်ပြီး ၎င်းအစဉ်အလာကိုလည်း ငယ်ရွယ်စဉ်ကတည်းကပင် ပြုလုပ်လာခဲ့ကြပုံရပါတယ်။

Credit original writer