အိမ်တစ်အိမ်တွင် ဘုန်းကံနိမ့် လာဘ်ပိတ်စေတတ်သော အလေ့အကျင့်ဆိုး (၁၉) ခု
၁။ ဘုရားခန်းထဲတွင် လင်မယား နှစ်ယောက် မအိပ်ရ
၂။ ယောင်္ကျား၏ ညာဘက်တွင် မိန်းမ မအိပ်ရ
၃။ နံနက် ၄ ခွဲမှ ၆ နာရီ အတွင်းတွင် သာသနာစောင့်နတ် နတ်မင်းကြီး လေးပါးသည် လူအများ၏ ကောင်းမှု မကောင်းမှုကို ကြည့်ရှုသောအချိန် ဖြစ်သည်။ ထိုအချိန်တွင် မေထုန်မှီဝဲမှုကို အထူးရှောင်ကြဉ် ရမည်။
၄။ မိမိအိပ်သော ခုတင်ထက် သို့မဟုတ် အိပ်ရာထက် မြင့်သော နေရာတွင် ထဘီတန်း မပြုလုပ်ရ။ သား သမီး ခေါင်းရင်း မိဘခြေရင်းတွင် မနေရ မအိပ်ရ
၅။ မိမိ အိပ်ရာခင်းနှင့် ပုဆိုးစောင်များကို မိမိအိပ်သော ခေါင်းအုံးပေါ်တွင် တင်၍မထားရ
၆။ မိမိ နေထိုင်ရာထက် မြင့်သော နေရာတွင် ဖျာ မွေ့ရာ စောင်များ လှမ်းခြင်းမပြုလုပ်ရ
၇။ မိမိ အိမ်ရှေ့ အပေါက်ဝတွင် မေးကို လက်ထောက်ပြီး မထိုင်ရ မမှိုင်ရ
၈။ မိမိ အိမ်ရှေ့ တံခါး အပေါက်ဝတွင် ဆံပင်ဖားရားချ၍ သန်းဥ မဆွဲရ
၉။ မိမိ အိမ်ရှေ့ တံခါးပေါက်ဝတွင် ကလေးများ မစင်မစွန့်ရ
၁၀။ နံနက် အိပ်ယာထ မင်္ဂလာယူသော အချိန်၌ အော်ဟစ်ဆဲရေး တိုင်းထွာခြင်း မလုပ်ရ
၁၁။ နံနက် စောစော အိပ်ရာထ မျက်နှာသစ်ရာတွင် လည်ချောင်းထဲမှ သလိပ်များကို မရ ရအောင် အသံကျယ်လောင်စွာပြု၍ အော့…. အော့…. အော့ ဟု မလုပ်ရ
၁၂။ ကျွဲခတ်သော အဝတ် မီးလောင်ထားပြီးသော အဝတ် လေပွေဖြင့် လွင့်ပါလာသော အဝတ် ကြွက်ကိုက်ထားသော အဝတ် ၎င်းအဝတ်များကို လူတို့ မဝတ်ကောင်း
၁၃။ အိမ်ပေါ်တွင် လမ်းလျှောက်လျှင် ခြေသံပြင်းပြင်း မလျှောက်ရ အိုးခွက် ပန်းကန် ပစ္စည်းများကို အသံမြည်အောင် ကြမ်းတမ်းစွာ မပြုလုပ်ရ
၁၄။ ထမင်းစားလျှင် ထမင်းပန်းကန်များကို လှည့်၍ လှုပ်၍ မစားရ ငြိမ်သက်စွာ ညီညာစွာ ထားပြီးမှ စားရမည် ထမင်းစားခုံကို လက်ထောက်၍ မစားရ
၁၅။ ထမင်းစား၍သော် လည်းကောင်း အခြားအစားစာများ စား၍သော် လည်းကောင်း စားရာတွင် ပါးစပ်မှ ပလပ်.. ပလပ် မည်အောင် ခွေးများ ထမင်းရည် သောက်သကဲ့သို့ အသံမမြည်စေရ
၁၆။ လမ်းလျှောက်စဉ်.. ထမင်းနှင့် အခြား စားသောက်ဖွယ်ရာများကို မစားရ
၁၇။ မိမိအိမ်ရှေ့ အပေါက်ဝကို ကျောခိုင်းပြီး မထိုင်ရ
၁၈။ နံနက် စောစောနှင့် ညဘက်များတွင် လက်ဆစ် ခြေဆစ် များ မချိုးရ
၁၉။ နံနက်စောစော နှင့် ညဘက်တွင် လေမချွန်ရ။
မိမိသိသော အရာလေးများကို ဝေမျှလိုက်ပါတယ်။
Khun soe paing