တနင်္ဂနွေ
ဒီကာလမှာ ဆွေမျိုးသားချင်းတွေ မိသားစုဝင်တွေကြောင့် စိတ်ဆင်းရဲရမဲ့ကာလပါပဲ-မိတ်ဆွေအပေါင်း အသင်း အထက်လူကြီးတွေရဲ့ကူညီမစခြင်းကိုတော့ ရမဲ့ကာလပါတစိမ်းမိန်းမတစ်ယောက်က အကူအညီပေးမဲ့ အချိန်ပါ။
အများနဲ့စုပေါင်းလုပ်ရသောအလုပ်၊အတူတကွတတ်-ညီလက်ညီလုပ်ရသောကိစ္စရပ် တွေမှာ အောင်မြင် မှုရပါလိမ့်မယ်-ကိုယ်တိုင်ကိုယ်ကျဦးစီးဦးဆောင်ပြု၍ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်းကိစ္စရပ် တို့တွင် လည်းကောင်း-
သူများဝန်ထမ်းနေရသူ-တို့တွင်လည်းကောင်း ရပ်တည်နိုင်ဖို့ အထူးကြိုးစားပြီး လုပ်နေရတတ်ပါ သည်။ ဒီကာလဟာတနင်္ဂနွေသားသမီးတွေအတွက်-အကောင်းအဆိုးရောထွေးနေတဲ့အချိန်ပါ- မိမိတွင် ချစ်သူရှိ နေသော်လည်း မိမိအား ချစ်ရေးဆိုသူတို့ ရှိနေတတ်ပါသည်-
ပူပင်မှုအနည်းငယ်-ရှိနေ တတ်သော်လည်း အချစ်ရေး ကောင်းမွန်နေတတ်ပါသည်, အိမ်ထောင်မရှိလျှင် အိမ်ထောင်ကျတတ်ပါသည်- အိမ်ထောင်ရေး သင့်ပေမဲ့-ကြားလူတွေကြောင့်စိတ်ဝမ်းကွဲရတတ်ပါတယ်-ပညာရေးနှင့် ပတ်သက်၍ အနည်းငယ် စိုးရိမ်ပူပန်မှုများ ရှိနေ
တတ် ပါသည်, ကျန်းမာ ရေး ကတော့ အဖျားအနာရောဂါ၊ ခေါင်းအုံ, ခေါင်းမူး-ခြင်း-ခန္ဓာကိုယ် အရေပြား ပေါ်၌ ယားနာများ- အရေပြားရောဂါ- မျက်ရိုးကိုက်ခြင်း-မျက်စိနာခြင်း- မျက်စိမှုံခြင်းများ စသည်တို့ကို သတိထား-သင့်ပါသည်-အကျိုးပေးဂဏန်း -၈-၅-၄ အထူးဟော -ကျန်းမာရေး ဂရုစိုက်ပါ။ယတြာ -ရဟန်းသံဃာတွေကိုအားဆေးလှူလိုက်ပါ။
တနင်္လာ
စဉ်းစားချင့်ချိန်ပြီးမှအရာရာကိုလုပ်သင့်တဲ့ အချိန်ပါပဲ- ဘာကိစ္စကိုမဆိုခေါင်းအေးအေးထားပြီး ဆုံးဖြတ် ချက် ချ ပါ-ဒီကာလာဟာ မိမိ-စိတ်ကူးအတိုင်း ဖြေးဖြေးမှန်မှန်လုပ်ဆောင်သွားမယ်ဆိုရင်တော့ အဆိုးတွေကြုံရဖို့ နည်းမှာပါ-အလုပ်ထဲမှာ
အလွန်စိတ်ညစ်ရမဲ့ကိစ္စတွေ-ကြုံလာရတတ်ပါတယ်- စီးပွားရေးကံမကောင်းသေးပါဘူး-ရွှေငွေ လက်ဝတ်ရတနာတွေ ထွက်တတ်ပါတယ်, မိသားစုအတွင်း မကြေလည်-မှုတွေများနေတတ်တယ်-ငွေက ညံ့နေတဲ့အတွက် ရစရာရှိတာတွေမရနိုင်သေးသလို
ပေးစရာရှိတာတွေလဲမပေးနိုင်သေးတဲ့အချိန်ပါ-မိမိနေထိုင်ရာ ပတ်ဝန်းကျင်နှင့်-ပတ်သက်သော လူမှုပေါင်းသင်းဆက်ဆံရေးတွင် အဆင်ပြေဆုံးဖြစ် အောင် လိုက်လျောညီထွေစွာ ပေါင်းသင်းဆက်ဆံနိုင်စွမ်းများရှိဖို့လို-သည်-စီးပွားဖက်များနှင့်လဲ
အကောင်း ဆုံးဖြစ်အောင် ကြိုးစား၍ လိုက်လျော ညီထွေစွာ ပြောဆိုပေါင်းသင်း ဆက်ဆံနိုင်စွမ်းရှိမှာသာ-အဆင်ပြေ လိမ့်မယ်-ချစ်သူမရှိလျှင် ချစ်သူတွေ့ရ တတ် သလို ချစ်သူရှိပြီးလျှင်လည်း ချစ်သူသစ်ကို တွေ့ရ တတ်ပါ သည် မိမိအားချစ်ခင်နှစ်သက်သူတို့
ရှိနေ-တတ်ပါသည်-ချစ်သူနှင့် မထင်မှတ်ပဲ မှားယွင်းတတ် ပါသည်- အိမ်ထောင်ရေး အညံ့ဆုံးမဟုတ်သော်လည်း မကောင်းသေးပါ-ကျန်းမာရေး-ကတော့ကြီးကြီးကျယ်ကျယ် ရောဂါဝေဒနာများ မရှိတတ်သော်လည်း အနည်းငယ်တော့ သတိထားရ တတ် ပါသည်-အကျိုးပေးဂဏန်း ၂-၅-၄ အထူးဟော ကံညံနေသည်။ယတြာ ကိတ်မုန့်ဝယ်ပြီးခွေးစာကျွေးလိုက်ပါ။
အင်္ဂါ
ဒီကာလဟာအလုပ်တာဝန်တွေပိနေချိန်ပါပဲ- ဒါကြောင့်ပဲ လူလဲပင်ပန်းရသလို စိတ်လဲပင်ပန်းရတတ်ပါ တယ်။ အိပ်ချိန်ကလွဲပြီးကျန်အချိန်-တွေအလုပ်ရှုပ်နေရမယ်-လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းကိစ္စ ရပ်များ အရှိန်အဟုန်မပျက် ဆက်လက် လည်
ပတ်နိုင်ရန်-အတွက် တစ်ချို့သော လုပ်ငန်းများကို ပြုပြင်ပြောင်းလဲ၍ လုပ်ကိုင်ဆောင်ရွက် နေရတတ် ပါ သည်, ချစ်သူ၊ ခင်သူ ပေါများနေတတ်-သော်လည်း အချစ်ရေးတွင် စိတ်တိုင်းကျမှု နည်းပါးနေတတ် ပါ သည်-သစ္စာရှိသော ချစ်သူ ရှားပါးနေတတ်ပါသည်-အချစ်ရေး
မကောင်းသေးသော်လည်း သင့်ပါသည်။ အိမ်ထောင် ရေးတွင် အခက်အခဲ-အနည်းငယ် ရှိနေတတ်ပါသည်-အိမ်ထောင်ရှိပြီးသူများလည်း မောင် တစ် ရွာ၊ မယ်တစ်မြို့ ခွဲခွာ၍ စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်နေရတတ်ပါသည်- မိမိသင်ကြားမှုပြုနေသော ဘာသာရပ်ဆိုင်ရာ
သင်ခန်းစာများ တွင် သဘောမပေါက် မရှင်းလင်းသော ဘာသာရပ်ဆိုင်ရာ-များအတွက် ကျွမ်းကျင်လိမ်မာသော ဆရာကောင်းများ ထံတွင်ဖြစ်စေ- နားလည်တဲ့ သူငယ်ချင်းထံတွင်ဖြစ်စေလေ့လာဖို့ အထူးလိုအပ်ပါတယ်-ကျန်းမာရေးတွင် ကြီးမား သော ရောဂါဝေဒနာများ
မဖြစ်ပေါ်တတ်ပါ။ သို့သော် နားနှင့် ပတ်သက်သော ရောဂါ- နှာခေါင်းနှင့် ပတ်သက်-သော ရောဂါ-ရေနှင့်ပတ်သက်သော အန္တရာယ် စသည်တို့ကို အထူးသတိပြုပါ-အကျိုးပေးဂဏန်း ၇-၆-၃အထူးဟော အလုပ်ရှုပ်မည်။ယတြာ ရွက်လှလေးညွှန့် ဘုရားလှူ ပါ။
ဗုဒ္ဓဟူး-ရာဟု
ရပ်ဝေးမှ ဧည့်ကောင်းဆောင်ကောင်းများလဲ ရောက်လာတတ်ပါတယ်- စီးပွားရေးတွေ ချဲ့ထွင်နိုင်ပါလိမ့်မယ်။ အထိုင်အလုပ်များ-ကိုယ်ပိုင်-စီးပွားရေးများ အထူးပဲ အကျိုးဖြစ်ထွန်းမဲ့အချိန်ပါပဲ-အထက်အလူကြီးများနှင့် ပတ်သက်၍ လည်းကောင်း
အောက်လက်ငယ်သားများနှင့်-ပတ်သက်၍လည်းကောင်း အဆင်ပြေမှုရှိစေရန် ကြား ကနေ စေ့စပ်ညှိနှိုင်း ပြုရတတ်ပါသည်-သို့သော် မိမိနှင့် အဆင့်တူ- အတန်းတူ ရှိသော သူများ၏ အထင်လွဲခြင်း- အမြင်မကြည်ခြင်းနှင့် မကောင်း ပြောခြင်းများကို ကြုံတွေ့ရတတ်-
ပါသည်- ယှဉ်ပြိုင်တိုက် ခိုက် မှုများကြားမှ လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများတွင် အခက်အခဲ အနည်းငယ် ရှိနေတတ်ပါ-သည်, အရှိန် အဟုန်မပျက် ဆက်လက်လည်ပတ်နိုင်ရန် သည်းခံပြီးဆက်သွားနိုင်ဖို့လိုပါ တယ်။ ချစ်ရေးဆိုသူတို့ ရှိနေတတ်
ပါသည်-အချစ်-ရေး အပြောင်းအလဲ ဖြစ်တတ်ပါသည်-အချစ်ရေးကောင်းနေတတ်ပါသည်-လူသိ ရှင်ကြား မဟုတ်သော်လည်း မမျှော်လင့်ဘဲ အိမ်ထောင်ကျတတ်ပါသည်- ဇွဲ-ဝီရိယ အားစိုက်မှု-ကောင်းနေခြင်း ကြောင့်လည်း ပညာရေးတွင် အောင်မြင်မှုများ
ရရှိတတ်ပါသည်။ ကျန်းမာရေးအတွက် စိုးရိမ်စရာမရှိပ- သို့သော်-အနည်းငယ်တော့ သတိထားရတတ်ပါသည်။ ရာသီ အပြောင်းအလဲတွင် ဖြစ်တတ်သော ရောဂါ- သွေးတိုးရောဂါ-နှလုံးတုန်- ရင်ခုန်- မောပန်း-နွမ်းနယ်ခြင်းများကြုံရနိုင်ပါတယ်-အကျိုးပေးဂဏန်း ၇-၄-၈အထူးဟော ဆွတ်ပျံကြည်နူးစရာကောင်းတဲ့အချိန်ပါ။ယတြာ ရဟန်းသံဃာတွေကို ထန်းလျက်များများလှူပါ။
ကြာသပတေး
ရှယ်ယာအလုပ်များအထူးအလုပ်များရမဲ့အချိန်ပါပဲ-အရာရာကိုအမှန်အတိုင်းပြောဆိုတာက အကောင်းဆုံး အခြေ အနေတစ်ခုကိုဖန်တီးပေး-ပါလိမ့်မယ်- အိုးအိမ်ကိစ္စ နေရာထိုင်ခင်းကိစ္စ -အမွေကိစ္စတွေ အဆင်ပြေမဲ့ အချိန် ပါလက်ရှိလုပ်ကိုင်
ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်း-များတွင် အတိုက်အခံများနှင့်အခက်အခဲများ ကြုံနေရ တတ်ပါ သည်, အများနှင့် ပူးပေါင်းဆောင်ရွက်သော လုပ်ငန်းကိစ္စရပ်များတွင်-အဆင်ပြေနိုင်သည်-မိမိနေထိုင်ရာ ပတ်ဝန်းကျင် အသိုင်းအဝိုင်း၌
ပြောဆိုပေါင်းသင်းရမှုများတွင် များသောအားဖြင့် အဆင်ပြေမှုများ ရရှိနေတတ်ပါ သည်-တစ်ခါတစ်ရံ အထင်လွဲခံရတတ်ခြင်းနှင့် မကောင်းပြောဆိုခြင်း များကို ကြုံတွေ့ရတတ်ပါ သည်။ စီးပွားရေး ကိစ္စများ- လုပ်ငန်းတာဝန်များ-တစ်ဖက်နှင့် ပညာရေးကို
ကြိုးစားနေရတတ်ပါသည်-အခက်အခဲ အမျိုးမျိုးကြားမှ ပညာသင်ကြားမှုပြုနေရသည့်အတွက်အပင်ပန်းခံ-ရတတ်ပါသည်,ကျန်းမာ ရေးတွင်လေထိုးလေ အောင့် ဖြစ်ခြင်း- ဆေးထိုးဆေးစားမှား၍ ရောဂါဖြစ်ခြင်း- စသည်တို့ကို သတိပြုရတတ် ပါသည်-မိမိ၏
အချစ်ရေးတွင် ကြားလူ ဝင်ရှုပ်မှုများ-အနှောက်အယှက်များလည်း ဖြစ်နေတတ်ပါသည်- သို့သော် အချစ်ရေး သင့် ပါသည် မုဆိုးဖို-မုဆိုးမ-တစ်ခုလတ်တို့က လာရောက်ချစ်ရေးဆိုတာမျိုးကြုံရ တတ်ပါတယ်- အိမ်ထောင်ရေးမှာ တော့ အဘက်ဘက်က စိတ်ချမ်းသာစရာများပါတယ်-အကျိုးပေးဂဏန်း ၂-၁-၅အထူးဟော စုတ်(သို့) လာဘ်ဝင်မည်။ယတြာ မြေပဲကြော် ဘုရားကပ်ပါ။
သောကြာ
ပြောဆို ဆုံးမရခက်တဲ့ သားသမီးတွေကြောင့် စိတ်ညစ်ရမယ်။ မိသားစုအတွင်း မပြေလည်မှုတွေ များ နေမယ်။ စကားအပြောအဆိုမ-ဆင်ခြင်တာမျိုး -သတိမမူဘဲ ပြောမိလိုက်သောစကားတစ်ခွန်းကြောင့် ဖြေရှင်း ရလိမ့်မယ်။ ကံကြမ္မာ
အနည်းငယ်ညံ့နေချိန်ပါပဲ, အနီးကပ်-လူတွေရဲ့ ဒုက္ခပေးခြင်းခံရမည်။ သေချာကြံစည်လုပ်ကိုင် ထားသောအလုပ်တွေပျက်ရတတ်တယ် ခရီးဝေးသွားခြင်း ရှောင်ရှားသင့်တဲ့ကာလပါ-ကျန်းမာရေးနှင့် ပတ်သက်၍ ထွေထွေထူးထူးရောဂါများ မဖြစ်ပေါ်တတ်သော်လည်း
အနည်းငယ် တော့ သတိထားရတတ်ပါသည်။သည်းခြေမှစ၍ဖြစ်သောရောဂါ၊ အပူကြောင့်ဖြစ်သောရောဂါများ ဖြစ်ရ တတ် ပါ တယ်။ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အဆင်မပြေဖြစ်မယ်-နောက်ကျောကို ဓားနဲ့ထိုးမဲ့သူတွေ ဝန်းရံနေတတ်တဲ့အတွက်သတိထားပါ- အချစ်ရေး
ကောင်း နေတတ်ပါသည်-လုပ်ဖေါ်ကိုင်ဖက် အပေါင်းအသင်းများထဲမှ ချစ်သူ တွေ့ရတတ် ပါသည်။ သို့သော် ဘာသာမတူ၊ လူမျိုးကွဲဖြစ်နေတတ်ပါသည်။အိမ်ထောင်ရေး မကောင်း သေး ပါ-အိမ်ထောင်ဘက်နှင့် ပဋိပက္ခဖြစ်နေတတ်ပါ သည်။ ပညာရေးအတွက် အကူအညီ
အထောက်အပံ့များရရှိ တတ်ပါသည်-ပညာရေးအတွက် ဇွဲ-ဝီရိယ စွမ်းအား စိုက်ထုတ်မှုများသာ မိမိကအားစိုက်ဖို့လိုပါတယ်-အကျိုးပေးဂဏန်း ၈-၄-၅အထူးဟော စကားပြောဆင်ခြင်တာအညံ့အဆိုးတွေ ကင်းပါလိမ့်မယ်။ယတြာ ဝါဆိုသင်္ကန်းကပ်လှူ ပေးပါ။
စေန
လူအများကြား ထင်ပေါ်ပါလိမ့်မယ်။ လူအများရဲ့ယုံကြည်ခြင်းခံရမည်။ဒီကာလအတွင်းမိမိတို့ဖြစ်ချင်တာ တွေကို ဖြစ်အောင် စွမ်းဆောင်-နိုင်ပါလိမ့်မယ်။ ကိုယ်ပိုင်အလုပ်များအလုပ်အော်ဒါတွေများပြီး မအားလပ်နိုင်အောင် ဖြစ်ရ တတ်ပါတယ်။
အတွေးမှန် အမြင်မှန် အယူအဆ-မှန်ကန်မှုကြောင့် ကောင်းကျိုးတွေဖြစ်ထွန်းနေမှာပါပဲ။ ခရီး သွားဖို့လဲ အကြောင်းဖန် လာပါလိမ့်မယ် အယူအဆမတူ အတွေးအခေါ်မတူသူ-တွေကြား မိမိကစေ့စပ်ညှိုနှိုင်း ပေးလိုက် ခြင်းဖြင့် အောင်မြင်ပါလိမ့်မယ်-ဒီကာလအတွင်း အမှု
ကိစ္စကြုံရသူတွေ အမှုအခင်းနိုင်ပါလိမ့်မယ်- စိတ်ဝမ်းကွဲနေသူများအားနားဝင်အောင်ပြောပြခြင်းဖြင့်အဆင်ပြေပါလိမ့်မယ်,စုပေါင်းလုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေး လုပ်ငန်းကိုင်ငန်းတို့တွင် အောင်မြင်မှု- မြက်စွန်းမှု ရရှိနေတတ်ပါသည်- သူများကဦးဆောင်၍
လုပ်ကိုင်ဆောင်ရွက်နေသော စီးပွားရေးလုပ်ငန်းများ တွင် အနည်းငယ်မှေးမှိန်နေတတ်ပါသည်-ချစ်သူဟောင်း၏ စွန့်ခွာမှုကို ခံရတတ်ပါသည်- ချစ်သူအသစ်၏ ချစ်ရေးဆိုမှုကိုလည်း ခံရတတ် ပါသည်-အိမ်ထောင်ရေးမှာတော့ အသောက်အစားများနေတဲ့အိမ်ထောင်ဘက်
ကြောင့်စိတ်ညစ်ရတတ်ပါတယ်။ ခန္ဓာကိုယ်ကြံ့ခိုင်သန်းစွမ်းမှု ရှိနေတတ်သလို ကျန်းမာရေး ဝေဒနာ လည်း နည်းပါးနေတတ်ပါသည်။သို့သော်သွေးသားမသန့်ရှင်းမှုတို့ကြောင့် ဖြစ်တတ် သော အရေပြားရောဂါကိုတော့သတိထားပါ-
အကျိုးပေးဂဏန်း ၇-ဝ-၄အထူးဟော လိမ်မပြောပါနဲ့။ယတြာ ပေါင်မုန့် ၅ချပ်ဘုရားကပ်လှူပါ။၇ရက်သားသမီးအပေါင်း ရန်သူမျိုးငါးပါးဘေးနှင့် ကပ်၃ပါးဘေးမှ ကင်းဝေးနိုင်ကြပါစေ=ဆရာငြိမ်းအေးလူ ဗေဒင်သုတေသီ အားခရက်ဒစ်ပေးပါသည်=credit
Zawgyi
တနင်္ဂနွေ
တနင်္လာ
အင်္ဂါ
ဗုဒ္ဓဟူး-ရာဟု
ကြာသပတေး
သောကြာ
စေန