ဗဟုသုတ

ဓာတ်မြေဩဇာများ ဈေးတက်နေ၍ တောင်သူဦးကြီးများအတွက် အထောက်အကူပြု စေရန်ဖို့ – အလွယ်ကူဆုံး နွားချေးမြေဆွေးပြုလုပ်နည်း

ဓာတ်မြေဩဇာ များ ဈေးတက်နေ တောင်သူဦးကြီးများအတွက် အထောက်အကူပြု စေရန်အလို့ငှာ စေတနာဖြင့် ကူးယူတင်ခြင်းဖြစ်ပါတယ်

အလွယ်ကူဆုံး နွားချေးမြေဆွေးပြုလုပ်နည်း။

နွားချေး မြေဆွေး မြေသြဇာ ပြုလုပ်နည်း အများအပြား ရှိသည့်အနက် တောင်သူတိုင်းအလွယ်တကူပြုလုပ်နိုင်မည် နွားခြေးမြေဆွေးပြုလုပ်နည်းအကြောင်းကို ရေးသားဖော်ပြလိုက်ပါတယ်။

နွားချေးမြေဆွေးပြုလုပ်ရာတွင် –

၁။ နွားချေး နှင့် အခြားသော သစ်ရွက်ဆွေး ၊ ကောက်ရိုးဆွေးများကို ရေလောင်းရလွယ်ကူပြီး မွှေရလွယ်ကူစေသော အရွယ်အစား ပုံထားပါ

၂။ ပုံထားသော နွားချေးနှင့် အခြားအရာများမှာ ခြောက်နေပါက ရေလောင်းပြီး အပေါ်အောက်လှန်ပေးပါ

၃။ ရေလောင်းပြီးပါက ပလပ်စတစ် အမဲ ဖြင့် နှစ်ထပ်သုံးထပ် ဖုံးအုပ်ပေးပါ

၄။ နှစ်ပတ်ကြာလျှင် ပလပ်စတစ်အားပြန်ခွာပြီး ရေလောင်း၍ အပေါ်အောက်လှန်ကာ ပြန်ဖုံးပေးထားရမည်။ ထိုအချိန်တွင် အပူချိန်အရမ်းမြင့်နိုင်သောကြောင့် သေချာစနစ်တကျလုပ်ဆောင်ရမည်။

၅။ နောက်ထပ် ၂ပတ်ကြာပါက စိုက်ခင်းအတွင်းအသုံးပြုနိုင်သော နွားချေးမြေဆွေးများကို ရရှိနိုင်မည်ဖြစ်ပါတယ်။

သို့ဖြစ်ပါ၍ တောင်သူကြီးများ အလွယ်တကူနှင့် လျှင်လျှင်မြန်မြန် တစ်နိုင်တစ်ပိုင်ပြုလုပ်နိုင်စေရန် ရည်ရွယ်၍ မျှဝေပေးခြင်းဖြစ်ပါသောကြောင့် လိုအပ်ချက်များ ရှိပါက နားလည်ပေးကြပါခင်ဗျာ။

နောက်အပတ်များမှာလည်း ယခုထက်ပိုကောင်းမွန်သော နည်းလမ်းများကို တင်ဆက်ပေးသွားမျာဖြစ်ပါတယ်။

Credit – မူရင်း

——–

ဓာတ္ေျမဩဇာ မ်ား ေဈးတက္ေန ေတာင္သူဦးႀကီးမ်ားအတြက္ အေထာက္အကူျပဳ ေစရန္အလို႔ငွာ ေစတနာျဖင့္ ကူးယူတင္ျခင္းျဖစ္ပါတယ္

အလြယ္ကူဆုံး ႏြားေခ်းေျမေဆြးျပဳလုပ္နည္း။

ႏြားေခ်း ေျမေဆြး ေျမၾသဇာ ျပဳလုပ္နည္း အမ်ားအျပား ရွိသည့္အနက္ ေတာင္သူတိုင္းအလြယ္တကူျပဳလုပ္ႏိုင္မည္ ႏြားေျခးေျမေဆြးျပဳလုပ္နည္းအေၾကာင္းကို ေရးသားေဖာ္ျပလိုက္ပါတယ္။

ႏြားေခ်းေျမေဆြးျပဳလုပ္ရာတြင္ –

၁။ ႏြားေခ်း ႏွင့္ အျခားေသာ သစ္႐ြက္ေဆြး ၊ ေကာက္႐ိုးေဆြးမ်ားကို ေရေလာင္းရလြယ္ကူၿပီး ေမႊရလြယ္ကူေစေသာ အ႐ြယ္အစား ပုံထားပါ

၂။ ပုံထားေသာ ႏြားေခ်းႏွင့္ အျခားအရာမ်ားမွာ ေျခာက္ေနပါက ေရေလာင္းၿပီး အေပၚေအာက္လွန္ေပးပါ

၃။ ေရေလာင္းၿပီးပါက ပလပ္စတစ္ အမဲ ျဖင့္ ႏွစ္ထပ္သုံးထပ္ ဖုံးအုပ္ေပးပါ

၄။ ႏွစ္ပတ္ၾကာလွ်င္ ပလပ္စတစ္အားျပန္ခြာၿပီး ေရေလာင္း၍ အေပၚေအာက္လွန္ကာ ျပန္ဖုံးေပးထားရမည္။ ထိုအခ်ိန္တြင္ အပူခ်ိန္အရမ္းျမင့္ႏိုင္ေသာေၾကာင့္ ေသခ်ာစနစ္တက်လုပ္ေဆာင္ရမည္။

၅။ ေနာက္ထပ္ ၂ပတ္ၾကာပါက စိုက္ခင္းအတြင္းအသုံးျပဳႏိုင္ေသာ ႏြားေခ်းေျမေဆြးမ်ားကို ရရွိႏိုင္မည္ျဖစ္ပါတယ္။

သို႔ျဖစ္ပါ၍ ေတာင္သူႀကီးမ်ား အလြယ္တကူႏွင့္ လွ်င္လွ်င္ျမန္ျမန္ တစ္ႏိုင္တစ္ပိုင္ျပဳလုပ္ႏိုင္ေစရန္ ရည္႐ြယ္၍ မွ်ေဝေပးျခင္းျဖစ္ပါေသာေၾကာင့္ လိုအပ္ခ်က္မ်ား ရွိပါက နားလည္ေပးၾကပါခင္ဗ်ာ။

ေနာက္အပတ္မ်ားမွာလည္း ယခုထက္ပိုေကာင္းမြန္ေသာ နည္းလမ္းမ်ားကို တင္ဆက္ေပးသြားမ်ာျဖစ္ပါတယ္။

Credit – မူရင္း