ဗေဒင်

လာဘ်ပိတ်ခြင်းအတွက် နည်းတစ်လက်

လာဘ်ပိတ်ခြင်းအတွက် နည်းတစ်လက်

ကျွန်တော်တို့တွေ နေ့စဉ် စီးပွားရှာကြ၊ အလုပ်လုပ်ကြရာမှာ တစ်ခါတစ်ရံ လာဘ်လာဘ ပိတ်ဆို့နေတတ်တဲ့ကာလတွေ ရှိတတ်ပါတယ်။ ဒီလိုအခါမျိုးမှာ ပိတ်နေတဲ့ လာဘ်တွေ ပြန်ပွင့်ဖို့ ဘာတွေ ဆောင်ရ ရှောင်ရမလဲ ၊ လာဘ် ပြန်ပွင့်အောင် ဘယ်လို အစီအရင် လုပ်ရမလဲ ဆိုတာကို ပြောပြသွားပါမယ်။

အဲ့တော့ ဆိုင်ဖွင့်တဲ့သူ ဒါမှမဟုတ် ကုမ္ပဏီလုပ်ငန်း ဖွင့်တဲ့သူဆိုရင် ကိုယ်ဖွင့်တဲ့ ဆိုင်၊ ကိုယ့်ကုမ္ပဏီရဲ့ ဝင်ပေါက်အနားကို တစ်ချက်ကြည့်ရှုပါ။လုပ်ငန်း၊ ဆိုင်၊ ရုံးခန်း၊ နေအိမ် စသဖြင့် ကိုယ်ကအထဲမှာနေပြီး ဝင်ပေါက်ဘက်ကို ကြည့်လိုက်ပါ။

အဲ့လိုကြည့်တဲ့အခါ ဝင်ပေါက်ရဲ့ ဘယ်ဘက်အခြမ်းမှာ အမှိုက်သရိုက်တွေ ရှုပ်ပွနေသလား ၊ အနိဌသဘော ဆောင်တဲ့ ပစ္စည်းတွေများရှိနေသလား (ဥပမာ – ထီး၊ ဖိနပ် အဟောင်းများ) ရှိနေခဲ့ရင် ချက်ချင်း ဖယ်ရှားလိုက်ပါ။ မရှိဘူးဆိုရင်တော့ နောက်တစ်ဆင့် ထပ်ကြည့်ရပါမယ်။

နောက်တစ်ခုအနေနဲ့ကတော့ မိမိရဲ့ပိုက်ဆံအိတ် သို့မဟုတ် ပိုက်ဆံထားသိုတဲ့နေရာကို ပြန်ကြည့်ပါ။ မိမိရဲ့ ပိုက်ဆံအိတ်ဟာ ပြဲနေတာတို့ပေါက်နေတာတို့စတဲ့ တစ်နေရာရာမှာ ချွတ်ယွင်းပျက်စီးနေသလားဆိုတာ ကြည့်ပါ။ တကယ်လို့ ပိုက်ဆံအိတ် ၊ ပိုက်ဆံထားရာ နေရာမှာ ချွတ်ယွင်းချက် ရှိနေခဲ့ရင် အဲဒါကို ဆက်မသုံးပါနဲ့။ အသစ် ပြောင်းသုံးလိုက်ပါ။

နောက်တစ်ခုအနေနဲ့ကတော့ လုပ်ငန်းကနေ ရလာတဲ့ လာဘ်ဦးလာဘ်ဖျားဝင်ငွေကို နေ့စဉ် ဘာသုံးစွဲလိုက်သလဲ ဆိုတာ သတိထားပါ။ ကိုယ့်ရဲ့ နေ့စဉ် ဒါမှမဟုတ် လစဉ် ဝင်ငွေရဲ့ အဦးအဖျားကို အနိဌဆောင်တဲ့ နေရာတွေ ဥပမာ ငွေဝင်လာတာနဲ့ အကြွေး တန်းဆပ်တာမျိုး ၊ ပျက်နေတဲ့ ယာဉ်ကားအတွက် သုံးပစ်တာမျိုး၊ မီးဖိုချောင်သုံး အိမ်သာသုံးအတွက် ဝယ်ယူတာမျိုး လုပ်ခဲ့မိရင် လုပ်ငန်းမှာ လာဘ်ပိတ်တတ်ပါတယ်။

ဒါ့အပြင် မနက်လင်းချိန်မှာ ဆဲရေးတိုင်းထွာခြင်း၊ ဆူညံ့ပွက်လောရိုက်ခြင်း၊ အိမ်ရှေ့ မျက်နှာစာမှာ မလျော်ကန်သော လုပ်ရပ်များ ဥပမာ တံတွေးထွေး၊ ကလေး သေးတည်ခြင်းတွေ လုပ်မိရင်လည်း လာဘ်တိတ်စေတတ်ပါတယ်။

စကားနဲ့ အဓိက ဆက်သွယ် ပြောဆိုရတဲ့ လုပ်ငန်းတွေ၊ ဆွေးနွေးပွဲတွေမှာ စီးကရက် သောက်တတ်သူဆို စီးကရက်ပြာကို အိမ်သာခွက်ထဲ ချွေမိတာ၊ အိမ်သာခွက်ထဲ တံတွေး ထွေးမိတာတွေဟာလည်း လုပ်ငန်းကိစ္စကို မအောင်မမြင် ဖြစ်စေတတ်ပါတယ်။

အဲဒီအချက်တွေဟာ လုပ်ငန်း ထိခိုက်စေတဲ့ ၊ လာဘ်လာဘကို အဓိက ပိတ်ဆို့စေတဲ့ အကြောင်းတရားတွေပဲ ဖြစ်ပါတယ်။ တကယ်လို့များ အဲဒီအချက်တွေ မလုပ်မိပါဘဲနဲ့ ကိုယ်ကလည်း အကောင်းဆုံး ကြိုးစားနေပါရက်နဲ့ လာဘ် မဝင်တာမျိုး ကြုံနေတဲ့သူများကတော့ မူလအသက်ပိုင်းကံဇာတာမှာ လုပ်ငန်းစီးပွားကံ အင်မတန် အားနည်းနေတယ်လို့ပဲ မှတ်ယူရပါမယ်။

အဲဒီလို လုပ်ငန်း မကောင်း၊ လာဘ်ပိတ်နေတဲ့အခါ ဘယ်လိုယတြာမျိုးနဲ့ ကုစားမလဲ ဆိုရင် အရမ်း ခက်ခက်ခဲခဲကြီးတွေ လုပ်ဆောင်စရာ မလိုပါဘူး လွယ်ပါတယ်။

အနီရောင် စာအိတ်လေးတစ်လုံးထဲမှာ ဆန်လက် ၃-ဆုပ် ထည့်ပြီး မီးဖိုခန်းက စင်တစ်ခုမှာ တင်ပေးထားလိုက်ရုံပါပဲ။ မတင်ခင်မှာ အဲဒီစာအိတ်ကလေးကို “တြင်ကာ” လို့ ငါးကြိမ် ရွတ်ဆို သိဒ္ဓိတင်ထားသင့်ပါတယ်။ ပြီးရင်တော့ စင်ပေါ် တင်ထားလို့ ရပါပြီ။

နေ့စဉ် ငွေကြေးစီးပွားရေးအတွက် လှုပ်ရှားရုန်းကန်နေသူများ အားလုံး ကံဇာတာ ပွင့်လို့ လာဘ်ရွှင် ငွေဝင်ကြပါစေကြောင်း ဆုတောင်းပေးလိုက်ရပါတယ်။ကိုယ်စိတ်နှစ်ပါးချမ်းမြေ့ပါစေ – ဆရာလင်းဝေအောင် (ဗေဒင်သုတ)

Zawgyi