ၾကားသိရသမွ်

ရောဂါကူးစက်မှု ငြိမ်သွားတဲ့အတွက် အောက်တိုဘာလကုန်ကစပြီး အခြေခံပညာကျောင်းများပြန်ဖွင့်ရန် စီစဉ်နေ

ရောဂါကူးစက်မှု ငြိမ်သွားတဲ့အတွက် အောက်တိုဘာလကုန်ကစပြီး အခြေခံပညာကျောင်းများပြန်ဖွင့်ရန် စီစဉ်နေ

ယမန်နေ့ စက်တင်ဘာ ၃၀ ရက်က ကျင်းပပြုလုပ်ခဲ့တဲ့ ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ အလယ်တန်း၊ အထက်တန်း အသက် ၁၂ နှစ်နှင့်အထက် ကျောင်းသား၊ ကျောင်းသူများအား ကိုဗစ်ကူးစက်မြန်ရောဂါ ကာကွယ်ဆေးထိုးနှံပေးနိုင်ရေး လုပ်ငန်းညှိနှိုင်း

အစည်းအဝေးက အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်မှာ ကျောင်းများ ပြန်လည်ဖွင့်လှစ်နိုင်ရန် ဆောင်ရွက်လျက်ရှိတယ်လို့ ပြောကြားခဲ့ပါတယ်။ ယခုအချိန်ကာလမှာ ကိုဗစ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုနှုန်းမှာ ယခင်ကလောက် မပြင်းထန်တော့ပဲ ရောဂါပိုး

ကူးစက်မှုရာခိုင်နှုန်းက ၈ ရာခိုင်နှုန်းနဲ့ ၇ ရာခိုင်နှုန်းခန့်အထိ ကျဆင်းလာတဲ့အတွက် ကျောင်းသား၊ ကျောင်းသူများရဲ့ စာသင်နှစ် ၁ နှစ် နစ်နာမှုမရှိစေရေး အမြန်ဆုံးကျောင်းပြန်လည် တက်ရောက်နိုင်ရန် စဉ်းစားဆောင်ရွက်လျက်ရှိတယ်လို့ နိုင်ငံတော် စီမံအုပ်ချုပ်ရေးကောင်စီ

ဒုတိယဥက္ကဋ္ဌ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်းက အဆိုပါအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။ “ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာမှာ ကျောင်းသား၊ ကျောင်းသူတွေကို ကိုဗစ်ရောဂါ ကူးစက်မှုမခံရစေဖို့နဲ့ ကျန်းကျန်းမာမာဖြင့် စာပေသင်ကြားနိုင်ရန်ရည်ရွယ်ပြီး

အောက်တိုဘာလ ကျောင်းပိတ်ရက်ရှည် ကာလအလွန်မှာ ပြန်လည်ဖွင့်လှစ်နိုင်အောင် ဆွေးနွေးဆောင်ရွက်လျက်ရှိပါတယ်။” ၎င်းက ထပ်မံပြောပါတယ်။ ယင်းကဲ့သို့ စာသင်ကျောင်းများ ပြန်လည်ဖွင့်လှစ်ရာမှာ အခြေခံပညာအလယ်တန်းနဲ့ အထက်တန်းအဆင့် ကျောင်းသား၊

ကျောင်းသူများအားလုံးကို ကိုဗစ်ရောဂါကာကွယ်ဆေး အပြည့်အဝ ထိုးနှံပေးသွားရန်လိုကြောင်း၊ ကာကွယ်ဆေး ထိုးနှံပြီးစီးမှသာလျှင် ကျောင်းသား၊ ကျောင်းသူများ၊ မိဘများနဲ့ ဆရာ၊ ဆရာမများ အပြန်အလှန် ယုံကြည်စိတ်ချစွာဖြင့် ပညာသင်ကြားနိုင်မည်ဖြစ်ပါကြောင်း၊

ကာကွယ်ဆေးထိုးနှံမှုလုပ်ငန်းများ အမြန်ဆုံးပြီးမြောက်အောင်မြင်ရေးနှင့် စာရင်းဇယားများ မှန်ကန်စေရေးတို့အတွက် သက်ဆိုင်ရာကဏ္ဍအလိုက် ပူးပေါင်းဆောင်ရွက်ဆွေးနွေးပေးသွားရန် လိုအပ်ကြောင်း ၎င်းကပြောကြားခဲ့ပါတယ်။

Credit

ေရာဂါကူးစက္မႈ ၿငိမ္သြားတဲ့အတြက္ ေအာက္တိုဘာလကုန္ကစၿပီး အေျခခံပညာေက်ာင္းမ်ားျပန္ဖြင့္ရန္ စီစဥ္ေန

ယမန္ေန႔ စက္တင္ဘာ ၃၀ ရက္က က်င္းပျပဳလုပ္ခဲ့တဲ့ ပညာေရးဝန္ႀကီးဌာန၊ အေျခခံပညာဦးစီးဌာန၊ အလယ္တန္း၊ အထက္တန္း အသက္ ၁၂ ႏွစ္ႏွင့္အထက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားအား ကိုဗစ္ကူးစက္ျမန္ေရာဂါ ကာကြယ္ေဆးထိုးႏွံေပးႏိုင္ေရး လုပ္ငန္းညႇိႏႈိင္း

အစည္းအေဝးက ေအာက္တိုဘာလ ေက်ာင္းပိတ္ရက္ရွည္ ကာလအလြန္မွာ ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ႏိုင္ရန္ ေဆာင္႐ြက္လ်က္ရွိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။ ယခုအခ်ိန္ကာလမွာ ကိုဗစ္ေရာဂါပိုး ကူးစက္ျပန႔္ပြားမႈႏႈန္းမွာ ယခင္ကေလာက္ မျပင္းထန္ေတာ့ပဲ ေရာဂါပိုး

ကူးစက္မႈရာခိုင္ႏႈန္းက ၈ ရာခိုင္ႏႈန္းနဲ႔ ၇ ရာခိုင္ႏႈန္းခန႔္အထိ က်ဆင္းလာတဲ့အတြက္ ေက်ာင္းသား၊ ေက်ာင္းသူမ်ားရဲ႕ စာသင္ႏွစ္ ၁ ႏွစ္ နစ္နာမႈမရွိေစေရး အျမန္ဆုံးေက်ာင္းျပန္လည္ တက္ေရာက္ႏိုင္ရန္ စဥ္းစားေဆာင္႐ြက္လ်က္ရွိတယ္လို႔ ႏိုင္ငံေတာ္ စီမံအုပ္ခ်ဳပ္ေရးေကာင္စီ

ဒုတိယဥကၠ႒၊ ဒုတိယဝန္ႀကီးခ်ဳပ္ ဒုတိယဗိုလ္ခ်ဳပ္မႉးႀကီး စိုးဝင္းက အဆိုပါအစည္းအေဝးမွာ ေျပာၾကားခဲ့ပါတယ္။ “ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရာမွာ ေက်ာင္းသား၊ ေက်ာင္းသူေတြကို ကိုဗစ္ေရာဂါ ကူးစက္မႈမခံရေစဖို႔နဲ႔ က်န္းက်န္းမာမာျဖင့္ စာေပသင္ၾကားႏိုင္ရန္ရည္႐ြယ္ၿပီး

ေအာက္တိုဘာလ ေက်ာင္းပိတ္ရက္ရွည္ ကာလအလြန္မွာ ျပန္လည္ဖြင့္လွစ္ႏိုင္ေအာင္ ေဆြးေႏြးေဆာင္႐ြက္လ်က္ရွိပါတယ္။” ၎က ထပ္မံေျပာပါတယ္။ ယင္းကဲ့သို႔ စာသင္ေက်ာင္းမ်ား ျပန္လည္ဖြင့္လွစ္ရာမွာ အေျခခံပညာအလယ္တန္းနဲ႔ အထက္တန္းအဆင့္ ေက်ာင္းသား၊

ေက်ာင္းသူမ်ားအားလုံးကို ကိုဗစ္ေရာဂါကာကြယ္ေဆး အျပည့္အဝ ထိုးႏွံေပးသြားရန္လိုေၾကာင္း၊ ကာကြယ္ေဆး ထိုးႏွံၿပီးစီးမွသာလွ်င္ ေက်ာင္းသား၊ ေက်ာင္းသူမ်ား၊ မိဘမ်ားနဲ႔ ဆရာ၊ ဆရာမမ်ား အျပန္အလွန္ ယုံၾကည္စိတ္ခ်စြာျဖင့္ ပညာသင္ၾကားႏိုင္မည္ျဖစ္ပါေၾကာင္း၊

ကာကြယ္ေဆးထိုးႏွံမႈလုပ္ငန္းမ်ား အျမန္ဆုံးၿပီးေျမာက္ေအာင္ျမင္ေရးႏွင့္ စာရင္းဇယားမ်ား မွန္ကန္ေစေရးတို႔အတြက္ သက္ဆိုင္ရာက႑အလိုက္ ပူးေပါင္းေဆာင္႐ြက္ေဆြးေႏြးေပးသြားရန္ လိုအပ္ေၾကာင္း ၎ကေျပာၾကားခဲ့ပါတယ္။

Credit