ၾကားသိရသမွ်

Facebook သုံးရင်း ဒလန်အကြောင်းပြောမိသူကို ရွာခံဒလန်က ရဲခေါ်ဖမ်းခိုင်း

Facebook သုံးရင်း ဒလန်အကြောင်းပြောမိသူကို ရွာခံဒလန်က ရဲခေါ်ဖမ်းခိုင်း

Facebook က သတင်းတွေကိုဖတ်ရင်း ဒလန်အကြောင်းပြောမိတဲ့ပြည်သူတစ်ယောက်ကို ရွာခံဒလန်က ရဲခေါ်ဖမ်းခိုင်းတဲ့ဖြစ်စဥ်တစ်ခု

မြိတ်ခရိုင်၊ ကျွန်းစုမြို့နယ်မှာ ဒီနေ့ဖြစ်ပွားခဲ့ပါတယ်။

ပန်းဇင်ရွာမှာနေထိုင်တဲ့ ကိုသန်းလွင်ဟာ သူ့ရဲ့နေအိမ်မှာပဲ Facebook ကသတင်းတွေ ဖတ်ရင်း “အထက်မြို့တွေမှာ ဒလန်တွေအရမ်းသေ

နေတယ်” လို့ ပြောမိခဲ့တာကို ရွာခံဒလန်တစ်ယောက်က ဖြတ်သွားရင်းကြားသွားခဲ့တယ်လို့ သိရပါတယ်။

photo credit;ဓာတ်ပုံ – ပန်းဇင်ရွာ

ကိုသန်းလွင် ပြောလိုက်တဲ့စကားကြောင့် ရွာမှာ ဒလန်လို့နာမည်ကြီးတဲ့ကိုအောင်စိုးက အိမ်ထဲဝင်လာပြီးရန်ရှာခဲ့တယ်လို့ ဒေသခံတွေက

ပြောပါတယ်။ကိုသန်းလွင်နဲ့ကိုအောင်စိုးဟာ အချေအတင်စကားများရန်ဖြစ်ရာကနေ လုံးထွေးသတ်ပုတ်ကြတဲ့အဆင့်ထိရောက်ခဲ့တယ်လို့

ဒေသခံတွေကဆိုပါတယ်။အဲဒီဖြစ်စဥ်တွေက ဒီနေ့မနက် ၁၀ နာရီလောက်မှာဖြစ်ပွားခဲ့တာပါ။

အဲဒီနောက်မှာ ကိုအောင်စိုးဟာ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ဦးဝင်းလတ်ကနေတဆင့် ရဲကိုခေါ်ပြီး ကိုသန်းလွင်ကို လာရောက်ဖမ်းဆီးခဲ့

တယ်လို့သိရပါတယ်။ကိုသန်းလွင်ဟာ အချိန်မီတိမ်းရှောင်ခဲ့ပေမယ့် သူတိမ်းရှောင်နေတဲ့ဒီရေတောထဲကို ရဲအင်အား တစ်ဆယ်ကျော်နဲ့

တောနင်းရှာဖွေဖမ်းဆီးခဲ့ပါတယ်။ကိုသန်းလွင်ကို ဖမ်းမိပြီးနောက် ဝိုင်းပြီးထိုးကြိတ်ရိုက်နှက်ခဲ့ကြတယ်လို့ ပန်းဇင်ရွာသားတစ်ဦးကပြောပါ

တယ်။”လက်ပြန်ကြိုးတုတ်ပြီး ရိုက်ကြတာ။ ဒဏ်ရာတွေမနည်းဘူး” လို့ ပန်းဇင်ရွာသားက ဆိုပါတယ်။

ကိုသန်းလွင်ကိုဖမ်းမိပြီးနောက်မှာ NLD ပါတီဝင်တစ်ဦးဖြစ်တဲ့ ကိုမိုးထက်အောင်ရဲ့အိမ်ကို ရဲတွေလိုက်ရှာခဲ့ပြီး ကိုမိုးထက်အောင်ကိုမတွေ့

လို့ ညီဖြစ်သူ ကိုဇော်အောင်ကို ဖမ်းခေါ်သွားတယ်လို့သိရပါတယ်။

Source;The Tanintharyi Times