အဂတိအမှုအတွက် တရားလိုပြသက်သေတွေရဲ့ထွက်ဆိုချက်တွေဟာ အဓိပ္ပါယ်မဲ့ပြီး သီးခြားမှတ်ချက်မပြုလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
ကျန်းမာရေးကြောင့်ရုံးချိန်းတွေကိုနှစ်ပတ် တစ်ကြိမ် စစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်စာတင်
အမှု (၁၁) မှုနဲ့တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု (၃)မှုစာအတွက် ရုံးချိန်းကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီကနေ့ အောက်တိုဘာ (၄) ရက်မှာ စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ရှေ့နေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ တွေ့ဆုံခွင့်ရချိန်မှာ ပြီးခဲ့တဲ့သောကြာနေ့က အဂတိအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေတွေရဲ့ထွက်ဆိုချက်တွေဟာ အဓိပ္ပါယ်မဲ့တယ်လို့ သူက တုံ့ပြန်လိုက်ပါတယ်။
“သူ့ကိုဆန့်ကျင်ပြီး ထွက်ဆိုတာနဲ့ပတ်သက်လို့ သီးခြားမှတ်ချက်ဘာမှပြောစရာမရှိဘူးဆိုတာကို အင်္ဂလိပ်လို တခွန်းပဲပြောတယ်။ All absurd မဟုတ်တမ်းတရားတွေလို့ပဲ အင်္ဂလိပ်လိုပြောတယ်” လို့ သူ့ရဲ့ရှေ့နေအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။
အောက်တိုဘာ (၁) ရက်၊သောကြာနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ (၄) မှု
မန္တလေးတိုင်းတရားလွှတ်တော်မှာတရားစွဲတာအတွက်ပထမဆုံးရုံးချ်န်းရှိခဲ့ပြီး တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုး
မင်းသိန်းကရွှေစင် (၇) ပိဿာ၊ အမေရိကန်ဒေါ်လာ (၆) သိန်းနဲ့ ရွှေဘုရားဆင်းတုတော် တခုပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာ (၄)ရက်မှာတော့ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနဲ့ သဘာဝဘေးဥပဒေ ပုဒ်မ (၂၅) တို့အတွက် ရုံးထုတ်စစ်ဆေးခဲ့ပြီး အမှုတွေကို စွဲချက်တင်သင့်၊ မတင်သင့်နဲ့ ပတ်သက်ပြီး လျှောက်လွှဲချက်တွေ ပေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ သူ့ရဲ့ကျန်းမာရေးကြောင့် ရုံးချိန်းတွေကို နှစ်ပတ်တစ်ခါစစ်ပေးဖို့ တရားသူကြီးထံ စာရေးတင်ပြခဲ့ပြီး လာမယ့် တနင်္လာနေ့မှာ ရုံးချိန်းရက်ပြောင်း၊ မပြောင်း အမိန့်ချမှာပါ။
လက်ရှိရင်ဆိုင်ဆဲ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊သဘာဝဘေးဥပဒေ ပုဒ်မ (၂၅) နဲ့ (၂)မှုအပါအဝင် ပုဒ်မ ၅၀၅
(ခ) အမှုတွေအတွက်ကို တနင်္လာနဲ့ အင်္ဂါနေ့တိုင်း စစ်ဆေးနေပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁)/ဂ နဲ့ တရားစွဲခံရတာကိုတော့ ကြာသပတေးနေ့တိုင်းရုံးချိန်းရှိနေပါတယ်။
ဒါ့အပြင်ထပ်တိုးအဂတိ (၅) မှုထဲက မန္တလေးတိုင်းတရားလွှတ်တော်က (၄) မှုအတွက် ကိုလည်းနေပြည်တော်ပဲမှာပဲသောကြာနေ့တိုင်းကြားနာစစ်ဆေးနေတာပါ။ ဘီဘီစီမြန်မာပိုင်း
Zawgyi
အဂတိအမှုအတွက် တရားလိုပြသက်သေတွေရဲ့ထွက်ဆိုချက်တွေဟာ အဓိပ္ပါယ်မဲ့ပြီး သီးခြားမှတ်ချက်မပြုလိုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်ပြော
ကျန်းမာရေးကြောင့်ရုံးချိန်းတွေကိုနှစ်ပတ် တစ်ကြိမ် စစ်ပေးဖို့ ဒေါ်အောင်ဆန်းစုကြည်စာတင်
အမှု (၁၁) မှုနဲ့တရားရင်ဆိုင်နေရတဲ့ နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ရဲ့ အမှု (၃)မှုစာအတွက် ရုံးချိန်းကို နေပြည်တော် သီးသန့်တရားရုံးမှာ ဒီကနေ့ အောက်တိုဘာ (၄) ရက်မှာ စစ်ဆေးခဲ့ပါတယ်။
ဒီနေ့ရှေ့နေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်ကြာ တွေ့ဆုံခွင့်ရချိန်မှာ ပြီးခဲ့တဲ့သောကြာနေ့က အဂတိအမှုနဲ့ပတ်သက်ပြီး တရားလိုပြသက်သေတွေရဲ့ထွက်ဆိုချက်တွေဟာ အဓိပ္ပါယ်မဲ့တယ်လို့ သူက တုံ့ပြန်လိုက်ပါတယ်။
“သူ့ကိုဆန့်ကျင်ပြီး ထွက်ဆိုတာနဲ့ပတ်သက်လို့ သီးခြားမှတ်ချက်ဘာမှပြောစရာမရှိဘူးဆိုတာကို အင်္ဂလိပ်လို တခွန်းပဲပြောတယ်။ All absurd မဟုတ်တမ်းတရားတွေလို့ပဲ အင်္ဂလိပ်လိုပြောတယ်” လို့ သူ့ရဲ့ရှေ့နေအဖွဲ့ဝင် တရားလွှတ်တော်ရှေ့နေ ဦးခင်မောင်ဇော်ကပြောပါတယ်။
အောက်တိုဘာ (၁) ရက်၊သောကြာနေ့တုန်းက ဒေါ်အောင်ဆန်းစုကြည်အပေါ် အဂတိလိုက်စားမှုတိုက်ဖျက်ရေး ဥပဒေနဲ့ (၄) မှု မန္တလေးတိုင်းတရားလွှတ်တော်မှာတရားစွဲတာအတွက်ပထမဆုံးရုံးချ်န်းရှိခဲ့ပြီး တရားလိုပြသက်သေအဖြစ် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကရွှေစင် (၇) ပိဿာ၊ အမေရိကန်ဒေါ်လာ (၆) သိန်းနဲ့ ရွှေဘုရားဆင်းတုတော် တခုပေးခဲ့တယ်လို့ ထွက်ဆိုခဲ့ပါတယ်။
ဒီနေ့ အောက်တိုဘာ (၄)ရက်မှာတော့ ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေနဲ့ သဘာဝဘေးဥပဒေ ပုဒ်မ (၂၅) တို့အတွက် ရုံးထုတ်စစ်ဆေးခဲ့ပြီး အမှုတွေကို စွဲချက်တင်သင့်၊ မတင်သင့်နဲ့ ပတ်သက်ပြီး လျှောက်လွှဲချက်တွေ ပေးခဲ့ကြပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဘက်ကတော့ သူ့ရဲ့ကျန်းမာရေးကြောင့် ရုံးချိန်းတွေကို နှစ်ပတ်တစ်ခါစစ်ပေးဖို့ တရားသူကြီးထံ စာရေးတင်ပြခဲ့ပြီး လာမယ့် တနင်္လာနေ့မှာ ရုံးချိန်းရက်ပြောင်း၊ မပြောင်း အမိန့်ချမှာပါ။
လက်ရှိရင်ဆိုင်ဆဲ အမှုတွေထဲက ပို့ကုန်သွင်းကုန်ဥပဒေ၊ ဆက်သွယ်ရေးဥပဒေ၊သဘာဝဘေးဥပဒေ ပုဒ်မ (၂၅) နဲ့ (၂)မှုအပါအဝင် ပုဒ်မ ၅၀၅ (ခ) အမှုတွေအတွက်ကို တနင်္လာနဲ့ အင်္ဂါနေ့တိုင်း စစ်ဆေးနေပြီး နိုင်ငံတော်လျှို့ဝှက်ချက်အက်ဥပဒေ ၃(၁)/ဂ နဲ့ တရားစွဲခံရတာကိုတော့ ကြာသပတေးနေ့တိုင်းရုံးချိန်းရှိနေပါတယ်။