အရာရာအားလုံးထက်အိပ်ယာပေါ်ကကိစ္စကိုသာပိုစိတ်ဝင်စားကြတဲ့နိုင်ငံမှာကျွန်တော်တို့နေကြတယ်…
မုဆိုးမတစ်ယောက်..လင်သားသေသွားပါပြီအရွယ်လည်းကောင်းတုန်းပါသူ့ဘဝ သူ့မိဘဘဝ သူ့ကလေးတွေဘဝသူဘယ်လိုရုန်းကန်မလဲဘယ်လိုရှေ့ဆက်မှာလဲ သူဘယ်လိုတည်ဆောက်မလဲ ဆိုတာထက်..
သူဘယ်သူနဲ့ထပ်အိပ်မလဲသူဘယ်လိုအိပ်မလဲဆိုတာကိုသာပိုစိတ်ဝင်စားတဲ့ပတ်ဝန်းကျင်မှာကျွန်တော်တို့နေတယ်။
Single mother တစ်ယောက်…လိုချင်လို့ဘဲရရမလိုချင်ဘဲရရရလာတဲ့ကလေးတစ်ယောက်နဲ့သူမအနာဂတ်ကိုဘယ်လိုဆက်ပြီးပုံဖော်မလဲဆိုတာထက်..
ဘယ်သူနဲ့အိပ်ခဲ့တာလဲခုဘယ်သူနဲ့အိပ်နေတာလဲနောက်ဘယ်သူနဲ့ထပ်အိပ်ဦးမှာလဲဆိုတာကိုဘဲသိချင်နေကြတဲ့ထူးဆန်းတဲ့လူမှုအဖွဲ့အစည်းထဲမှာကျွန်တော်တို့နေကြတယ်။ပြည့်တန်ဆာတစ်ယောက်..အလုပ်ကိုက လူတွေနဲ့လိုက်အိပ်မှပိုက်ဆံရမယ့်အလုပ်ကိုလုပ်ရတာပါရလာတဲ့ငွေကြေးနဲ့သူ့ဘဝ သူ့မိသားစုဘဝ သူ့အနာဂတ်အတွက် သူဖန်တီးတည်ဆောက်ရပါတယ်..
ငွေပေးမယ့် သူက သူ့ကိုအိပ်ဖို့ခေါ်တာမဆန်းပေမယ့်ငွေလည်းမပေးဘဲဘာမှမကူညီကြဘဲဘယ်သွားအိပ်တာလဲဘယ်လောက်ရလို့ အိပ်တာလဲဘယ်သူနဲ့အိပ်တာလဲကိုသာစပ်စုကြတဲ့အလွန်သန့်ရှင်းတဲ့ပတ်ဝန်းကျင်တစ်ခုမှာ
ကျွန်တော်တို့ရှင်သန်နေကြတယ်အပျိုကြီး လူပျိုကြီးတွေFA တွေ…သူ့ဘဝရဲ့ သမိုင်းတွေသူ့ဘဝရဲ့ စိတ်ကူးတွေသူ့ရဲ့ စိတ်ခံစားမှုတွေထက်ဘယ်သူနဲ့အိပ်ခဲ့တာလဲတိတ်တိတ်ပုန်း အိပ်မယ့်သူရှိနေတာလားအိပ်ဖို့လူမရှာတော့ဘူးလား စတဲ့…
ခုတင်ပေါ်က ကိစ္စကိုစေတနာဗရပွနဲ့စိုးရိမ်ပေးရှာတဲ့လွန်စွာ သနားတတ်တဲ့မိတ်ဆွေတွေကြားမှာ ကံမကောင်းစွာနဲ့ နေနေရတယ်….
Gay တစ်ယောက်/ lesbian တစ်ယောက်..သူ့ပညာ သူ့အလုပ် သူ့ရဲ့ abilitiesသူ့ရပ်တည်ချက်တွေကိုစိတ်မဝင်စားဘဲ..ဘယ်သူနဲ့အိပ်နေလဲဘယ်သူက ဘာလဲ
အိပ်ရင်အဆင်ရောပြေကြလားဘာလို့ same sex အချင်းချင်းအိပ်ကြတာလဲ..ခုတင်ပေါ်မှာဘဲအတွေးတွေ လမ်းဆုံးနေကြတဲ့..
နှစ်ယောက်တွဲ မြင်ရင် ခုတင်ပေါ်ထိလှမ်းတွေးတတ်တဲ့…လူတစ်ယောက်အကြောင်းကိုသူ့လိင်မှုကိစ္စကနေ စတင်ပြောကြားတဲ့…
ယဉ်ကျေးတဲ့လူတန်းစားတွေကြားမှာကျွန်တော်တို့မွေးဖွားလာကြတယ်သူငယ်ချင်းအချင်းချင်းလည်းပေးစားကြတယ်
မောင်နှမပါဆိုလည်း ပေးစားကြတယ်fb မှာခင်ခင်မင်မင် cmt ပေးလည်းပေးစားကြတယ်react မြင်တိုင်းလည်းပေးစားကြတယ်
အလုပ်ရှင်နဲ့အလုပ်သမားလည်းပေးစားကြတယ်ဆရာမနဲ့ကျောင်းသားလည်းပေးစားကြတယ်ဘုန်းကြီးနဲ့ ဒကာမနဲ့လည်းပေးစားကြတယ်
အသက်အရွယ်ကွာလည်းပေးစားကြတယ်အိမ်နီးနားချင်းလည်းပေးစားကြတယ်ယောက်ျားချင်းလည်းပေးစားကြတယ်
မိန်းမချင်းလည်း ပေးစားကြတယ်ခုတင်အတွေးအိပ်ယာအတွေးဖျာပေါ်ကအမြင်တွေကြားမှာ….
စစ်မှန်တဲ့ ချစ်ခြင်းတရားတွေ..ရိုးသားတဲ့ သူငယ်ချင်း friendship တွေ..ရုန်းကန်နေရတဲ့သတ္တိတွေ…ဆုပ်ကိုင်ထားတဲ့ မာနတွေ..
စောင့်စည်းထားတဲ့ ဖြူစင်ခြင်းတွေ..ဒါတွေအားလုံး ချိနဲ့နဲ့ နဲ့ယိုင်လဲနေကြတာ နာလန်ပြန်ထူဖို့တောင်မလွယ်ပါဘူး….
အရာရာအားလုံးကိုခုတင်ပေါ်ကနေကြည့်ပြီးလူအားလုံးကို ခုတင်ပေါ်မှာဘဲရှိတယ်လို့အမြဲတွေးနေကြတဲ့လွန်စွာအရှက်အကြောက်ကြီးတယ်လို့
နာမည်ကြီးတဲ့ လူမျိုးစုကြားမှာကျွန်တော်တို့လူလာဖြစ်ရတယ်…ရေးနေရင်း သီချင်းသံလေးတစ်ခုခပ်ဝေးဝေးက ကြားနေရတယ်..
‘ဟေ့..ကောင်ကလေးကမ္ဘာပေါ်မှာ မြန်မာပြည်ဟာအယဉ်ကျေးဆုံးတိုင်းပြည်တစ်ခုပါ….’လေးစားစွာဖြင့် စာပေဥယျာဉ်မှူးလေး
zawgyi
အရာရာအားလုံးထက္အိပ္ယာေပၚကကိစၥကိုသာပိုစိတ္ဝင္စားၾကတဲ့နိုင္ငံမွာကၽြန္ေတာ္တို႔ေနၾကတယ္…
မုဆိုးမတစ္ေယာက္..လင္သားေသသြားပါၿပီအရြယ္လည္းေကာင္းတုန္းပါသူ႔ဘဝ သူ႔မိဘဘဝ သူ႔ကေလးေတြဘဝသူဘယ္လို႐ုန္းကန္မလဲဘယ္လိုေရွ႕ဆက္မွာလဲ သူဘယ္လိုတည္ေဆာက္မလဲ ဆိုတာထက္..
သူဘယ္သူနဲ႔ထပ္အိပ္မလဲသူဘယ္လိုအိပ္မလဲဆိုတာကိုသာပိုစိတ္ဝင္စားတဲ့ပတ္ဝန္းက်င္မွာကၽြန္ေတာ္တို႔ေနတယ္။
Single mother တစ္ေယာက္…လိုခ်င္လို႔ဘဲရရမလိုခ်င္ဘဲရရရလာတဲ့ကေလးတစ္ေယာက္နဲ႔သူမအနာဂတ္ကိုဘယ္လိုဆက္ၿပီးပုံေဖာ္မလဲဆိုတာထက္..
ဘယ္သူနဲ႔အိပ္ခဲ့တာလဲခုဘယ္သူနဲ႔အိပ္ေနတာလဲေနာက္ဘယ္သူနဲ႔ထပ္အိပ္ဦးမွာလဲဆိုတာကိုဘဲသိခ်င္ေနၾကတဲ့ထူးဆန္းတဲ့လူမႈအဖြဲ႕အစည္းထဲမွာကၽြန္ေတာ္တို႔ေနၾကတယ္။ျပည့္တန္ဆာတစ္ေယာက္..အလုပ္ကိုက လူေတြနဲ႔လိုက္အိပ္မွပိုက္ဆံရမယ့္အလုပ္ကိုလုပ္ရတာပါရလာတဲ့ေငြေၾကးနဲ႔သူ႔ဘဝ သူ႔မိသားစုဘဝ သူ႔အနာဂတ္အတြက္ သူဖန္တီးတည္ေဆာက္ရပါတယ္..
ေငြေပးမယ့္ သူက သူ႔ကိုအိပ္ဖို႔ေခၚတာမဆန္းေပမယ့္ေငြလည္းမေပးဘဲဘာမွမကူညီၾကဘဲဘယ္သြားအိပ္တာလဲဘယ္ေလာက္ရလို႔ အိပ္တာလဲဘယ္သူနဲ႔အိပ္တာလဲကိုသာစပ္စုၾကတဲ့အလြန္သန႔္ရွင္းတဲ့ပတ္ဝန္းက်င္တစ္ခုမွာ
ကၽြန္ေတာ္တို႔ရွင္သန္ေနၾကတယ္အပ်ိဳႀကီး လူပ်ိဳႀကီးေတြFA ေတြ…သူ႔ဘဝရဲ့ သမိုင္းေတြသူ႔ဘဝရဲ့ စိတ္ကူးေတြသူ႔ရဲ့ စိတ္ခံစားမႈေတြထက္ဘယ္သူနဲ႔အိပ္ခဲ့တာလဲတိတ္တိတ္ပုန္း အိပ္မယ့္သူရွိေနတာလားအိပ္ဖို႔လူမရွာေတာ့ဘူးလား စတဲ့…
ခုတင္ေပၚက ကိစၥကိုေစတနာဗရပြနဲ႔စိုးရိမ္ေပးရွာတဲ့လြန္စြာ သနားတတ္တဲ့မိတ္ေဆြေတြၾကားမွာ ကံမေကာင္းစြာနဲ႔ ေနေနရတယ္….
Gay တစ္ေယာက္/ lesbian တစ္ေယာက္..သူ႔ပညာ သူ႔အလုပ္ သူ႔ရဲ့ abilitiesသူ႔ရပ္တည္ခ်က္ေတြကိုစိတ္မဝင္စားဘဲ..ဘယ္သူနဲ႔အိပ္ေနလဲဘယ္သူက ဘာလဲ
အိပ္ရင္အဆင္ေရာေျပၾကလားဘာလို႔ same sex အခ်င္းခ်င္းအိပ္ၾကတာလဲ..ခုတင္ေပၚမွာဘဲအေတြးေတြ လမ္းဆုံးေနၾကတဲ့..
ႏွစ္ေယာက္တြဲ ျမင္ရင္ ခုတင္ေပၚထိလွမ္းေတြးတတ္တဲ့…လူတစ္ေယာက္အေၾကာင္းကိုသူ႔လိင္မႈကိစၥကေန စတင္ေျပာၾကားတဲ့…
ယဥ္ေက်းတဲ့လူတန္းစားေတြၾကားမွာကၽြန္ေတာ္တို႔ေမြးဖြားလာၾကတယ္သူငယ္ခ်င္းအခ်င္းခ်င္းလည္းေပးစားၾကတယ္
ေမာင္ႏွမပါဆိုလည္း ေပးစားၾကတယ္fb မွာခင္ခင္မင္မင္ cmt ေပးလည္းေပးစားၾကတယ္react ျမင္တိုင္းလည္းေပးစားၾကတယ္
အလုပ္ရွင္နဲ႔အလုပ္သမားလည္းေပးစားၾကတယ္ဆရာမနဲ႔ေက်ာင္းသားလည္းေပးစားၾကတယ္ဘုန္းႀကီးနဲ႔ ဒကာမနဲ႔လည္းေပးစားၾကတယ္
အသက္အရြယ္ကြာလည္းေပးစားၾကတယ္အိမ္နီးနားခ်င္းလည္းေပးစားၾကတယ္ေယာက္်ားခ်င္းလည္းေပးစားၾကတယ္
မိန္းမခ်င္းလည္း ေပးစားၾကတယ္ခုတင္အေတြးအိပ္ယာအေတြးဖ်ာေပၚကအျမင္ေတြၾကားမွာ….
စစ္မွန္တဲ့ ခ်စ္ျခင္းတရားေတြ..ရိုးသားတဲ့ သူငယ္ခ်င္း friendship ေတြ..႐ုန္းကန္ေနရတဲ့သတၱိေတြ…ဆုပ္ကိုင္ထားတဲ့ မာနေတြ..
ေစာင့္စည္းထားတဲ့ ျဖဴစင္ျခင္းေတြ..ဒါေတြအားလုံး ခ်ိနဲ႔နဲ႔ နဲ႔ယိုင္လဲေနၾကတာ နာလန္ျပန္ထူဖို႔ေတာင္မလြယ္ပါဘူး….
အရာရာအားလုံးကိုခုတင္ေပၚကေနၾကည့္ၿပီးလူအားလုံးကို ခုတင္ေပၚမွာဘဲရွိတယ္လို႔အျမဲေတြးေနၾကတဲ့လြန္စြာအရွက္အေၾကာက္ႀကီးတယ္လို႔
နာမည္ႀကီးတဲ့ လူမ်ိဳးစုၾကားမွာကၽြန္ေတာ္တို႔လူလာျဖစ္ရတယ္…ေရးေနရင္း သီခ်င္းသံေလးတစ္ခုခပ္ေဝးေဝးက ၾကားေနရတယ္..
‘ေဟ့..ေကာင္ကေလးကမၻာေပၚမွာ ျမန္မာျပည္ဟာအယဥ္ေက်းဆုံးတိုင္းျပည္တစ္ခုပါ….’ေလးစားစြာျဖင့္ စာေပဥယ်ာဥ္မႉးေလး



