ၾကားသိရသမွ်

ကမ္ဘာ့သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ (BBC WORLD) သီးသန့် မေးမြန်းခန်း အစီအစဉ်တွင် ဦးဖြိုးမင်းသိန်း သက်သေထွက်ဆိုချက်အပေါ် Dr.ဆာဆာနှင့် အင်တာဗျူး

ကမ္ဘာ့သတင်းဌာနကြီးတစ်ခုဖြစ်တဲ့ (BBC WORLD) သီးသန့် မေးမြန်းခန်း အစီအစဉ်၌ ဦးဖြိုးမင်းသိန်း သက်သေထွက်ဆိုချက်အပေါ် Dr.ဆာဆာကို အင်တာဗျူး လုပ်ခဲ့ပါတယ်။

၁။ မေးခွန်း = ဝန်ကြီး Dr.ဆာဆာ ရန်ကုန်တိုင်းဝန်ကြီး ဦးဖြိုးမင်းသိန်းက သူကိုယ်တိုင် ဒေါ်အောင်ဆန်းစုကြည်အပေါ် သက်သေထွက်ဆိုတာဟာ ဘာဖစ်လို့လဲ? ဘယ်လိုထင်ပါသလဲ?

အဖြေ= ဦးဖြိုးမင်းသိန်းက တကယ်လူကောင်း လူအေးတစ်ယောက်ပါ စစ်အ​ကြမ်းဖက်အဖွဲ့က ဖမ်းပြီးကတည်းက သူဟာ ကျန်မာရေး မကောင်းပါဘူး covid ရောက်ဂါကိုလဲ အထဲမှာ အပြင်းအထန်ခံစားနေရတာပါ။

သူမှာ နှလုံးရောဂါရှိပါတယ်။ ဆိုတော့ သူ့ရဲ့ထွက်ဆိုချက်ဟာ လုံးဝမမှန်ကန်နိူင်ဘူးဆိုတာ ဦးစွာပြောချင်ပါတယ်။အကြမ်းဖက်အုပ်စုက

ဘယ်လို ဖိအားတွေပေးကြလဲ၊ ဘယ်လို ချိန်းခြောက်မလဲ၊ ဘယ်လိုပုံစံနှိပ့်စက်ကြမလဲဆိုတာ မှန်းဆလို့တောင်မရပါဘူး။

ဒီလိုလူစိတ်ပျောက်နေတဲ့ အကြမ်းဖက်အုပ်စုလက်ထဲရောက်ရှိသွားတဲ့ မည်သူမဆိုပေါ့… သမ္မတ ဦးဝင်းမြင့်ပဲဖြစ်ဖြစ် ဒေါ် အောင်ဆန်းစု

ကြည်ကိုယ်တိုင်ပဲဖြစ်ဖြစ် သက်သေထွက်ဆိုချက်မှန်သမျှကို ဒီအချိန်ဒီအခါမျိုးမှာအမှန်လို့ဘယ်လိုမှယူဆလို့မရနိူင်ပါဘူး။

ဘာဖြစ်လို့လဲဆိုတော့ မြန်မာနိူင်ငံက စစ်ဗိုလ်ချုပ်တွေဟာ ISIS တွေထက် ပိုဆိုးပါတယ်။စစ်ဗိုလ်ချုပ်တွေက ကိုယ့်လူမျိုးကိုလဲ သတ်တယ်၊ ကိုယ်နှင့်ဘာသာတူလည်သတ်ပါတယ်။

ကလေးလဲ သတ်တယ်၊ ကိုယ်ဝန်ဆောင်မိခင်တွေလဲသတ်တယ်၊ ဘုန်းကြီးတွေလဲသတ်ပါတယ်။ သူတို့လက်ထဲမရောက်တဲ့သူတွေတောင် သူတို့က စိတ်ဓာတ်စစ်ဆင်ရေးတွေအမြဲလုပ်ပါတယ်။ ကျွန်တော်ဆိုရင်လည် သူတို့ဖမ်းမိရင်သေဒဏ်စီရင်ဖို့ သူတို့ကလုပ်နေကြတာပါ။

အများပြည်သူတွေလဲ ထိုနည်းတူပါပဲ စိတ်ဓာတ် စစ်ဆင်ရေးတွေ တောက်လျောက်လုပ်လာခဲ့ကြတာ သူတို့လုပ်တတ်တာကလဲ ဒါပဲရှိတာပါ။ လက်နက်အားကိုးနှင့် ချိန်းခြောက်မယ် စိတ်ဓာတ်စစ်ဆင်ရေးလုပ်မယ်။

ဖမ်းမိတဲ့သူတွေဆို နှိပ့်စက်မယ် ဝန်ခံခိုင်းမယ် ဒါတွေက နှစ်ပေါင်းများစွာလုပ်လာခဲ့ကြတာပါ။ ဦးဖြိုးမင်းသိန်းကလဲ သူ့ရဲ့နှလုံးရောဂါအခြေအနေကြောင့် အခုလိုသက်သေထွက်ဆိုနေတယ်ဆိုတာ သံသယဖြစ်စရာတောင်မလိုပါဘူး ကျန်မာရေးကြောင့်ဆိုတာ သေချာပါတယ်။

သတင်းထောက်= ဒါဆိုရင် ဒေါက်တာဆာဆာက ဦးဖြိုးမင်းသိန်းရဲ့ သက်သေထွက်ဆိုချက်ဟာ လုံးဝမှန်ကန်မူမရှိဘူး။ စစ်ကောင်စီကတမင်ဖန်တီးထားလို့ ပြောချင်တာလား?

Dr.ဆာဆာ= ဟုတ်ပါတယ်။

၂။မေးခွန်း = စစ်ကောင်စီက ဘာရည်ရွယ်ချက်နဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ပုဒ်မအမျိုးတပ်ပြီးတော့ တရားခံဖြစ်စေချင်ကြတာလဲ?

ဖြေ= အဓိက သူတို့ရဲ့ရည်ရွယ်ချက်က မြန်မာပြည်သူတွေကြားမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပုံရိပ်ကျဆင်းအောင်လုပ်ကြတာပါ။
ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်အပေါ် အမြင်တွေ၊ ယုံကြည်မူတွေ ဝေဝါးအောင် တမင်ဖန်တီးပြီးလုပ်လိုက်တာပါပဲ။

စစ်ဗိုလ်ချုပ်တွေနှင့် သူတို့အပေါင်းအပါပါတီတွေရဲ့ ညဏ်ရည်နှိပ့်ပါးမူနှင့် နိူင်ငံရေးအမြင်ကျဥ်းမူ​ကြောင့် ဖြစ်ပါတယ်။ သူတို့အထင်မှာ ဒေါ်အောင်ဆန်းစုကြည်က နိူင်ငံရေးထဲမှာမရှိတော့ရင် မြန်မာပြည်သူလူထုကြီး သူတို့ကိုလက်ခံလာမယ်ထင်နေကြတာပါ

တစ်ဆက်ထဲမှာပဲ NLD ပါတီကိုလဲ ဖျတ်သိမ်းနိူင်ရင် ပြည်သူလူထုက သူတို့ ပါတီကို လက်ခံလာကြလိမ့်မယ်လို့ထင်နေကြတာပါ။ ဒါဟာသူတို့ရဲ့ မဟာအမှားကြီးပါ။ ဒေါ်အောင်ဆန်းစုကြည်ရှိလို့ မြန်မာပြည်သူလူထုရှိလာတာမဟုတ်ပါဘူး။

ပြည်သူရှိလို့ ဒေါ်အောင်ဆန်းစုကြည်ရှိလာတာပါ။ NLDလဲ ထိုနည်းတူပဲ NLDရှိလို့ ပြည်သူဖြစ်လာတာမဟုတ်ပါဘူး။ ပြည်သူရှိလို့ NLDရှိလာတာပါ။

ကျွန်တော်တို့ ပြည်သူလူထုကြီးက အကြမ်းဖက်စစ်အုပ်စုနှင့်အပေါင်းအပါအားလုံးကိုလုံးဝအယုံကြည်မရှိတော့သလို ဘယ်တော့မှလဲ လက်ခံနိူင်စရာအကြောင်းမရှိတော့ပါဘူး။

သူတို့လက်ထက်မှာ တရားဥပဒေစိုးမိုးရေးဆိုတာ ပြည်သူက လုံးမခံစားခဲ့ရပါဘူး။ ပညာတတ်တွေ ထောင်ထဲမှာရောက်ရင်ရောက် မရောက်ရင် အသတ်ခံရနှင့်အမှားကိုအမှန်လုပ် အမှန်ကိုအမှားလုပ်နေကြတာပါ။

သူတို့ ဖြစ်စေချင်တဲ့သူဆိုရင် ပုဒ်မအမျိုးမျိုးတပ်ပြီးတော့ ဖမ်းတယ်။ သူတို့လူဆိုရင် ဘာပြစ်မူပဲကျူးလွန်ကျူးလွန် ပြစ်ဒဏ်မခံရပါဘူး။
အကြမ်းဖက်စစ်အုပ်စုရဲ့ လုပ်ရပ်တွေဟာ မြန်မာပြည်သူအများစုကသိနေကြပါပြီ။

ကမ္ဘာကသူတို့ လုပ်ရပ်အလုံးစုံကို မသိနိူင်ပါဘူး။ ဒါကြောင့် ကျွန်တော်တစ်နိူင်ငံပြီးတစ်နိူင်ငံ ကမ္ဘာ့အဖွဲ့စည်း အားလုံးကိုအသေးစိတ် တောက်လျောက်ပြောပြလာခဲ့တာပါ။

၃။မေးခွန်း Dr.ဆာဆာက ဒေါ်အောင်ဆန်းစုကြည်ဘက်ကအခိုင်အမာ ရပ်တည်နေတယ်ဆိုတော့…ဒေါ်အောင်ဆန်းစုကြည်အ​ပေါ်မှာ လုံးဝယုံကြည်တယ်ဆိုတဲ့သဘောလား?

ဖြေ=သိပ်သေချာတာပေါ့ ၊ဒါကအမှန်တရားပါ…
ကျွန်တော်မှမဟုတ်ပါဘူး ဒေါ်အောင်ဆန်းစုကြည်ဘက်မှာ မြန်မာပြည်သူတွေအများကြီး ရပ်တည်ပေးပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ မြန်မာနိူင်ငံရဲ့တကယ့်မိခင်ကောင်းတစ်ယောက်ပါ သူ့ကိုမကြိုက်တဲ့ လူအနည်းငယ်တော့ရှိကောင်းရှိ ​မှာပေါ့လေ။ သူကမြန်မာပြည်အတွက် သူ့မိသားစု၊ သူ့ ဘဝတစ်ခုလုံးကို စတေးထားတာပါ

သူ့ ပိုင်ဆိုင်မူအားလုံးကိုလဲ ပြည်သူလူထုအတွက် လှူဒါန်းထားပြီးသားပါ။ ဒေါ်အောင်ဆန်းစုကြည် ၅နှစ်သာ အုပ်ချုပ်ခဲ့တဲ့ ကာလမှာ မြန်မာပြည်သူတွေ ဘဝ လုံခြုံခဲ့တယ် ပျော်ရွင်ခဲ့ကြတယ် အဖက်ဖက်က ဖွံဖြိုးတိုးတက်ခါစပြုခဲ့တယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ မေတ္တာတရားဟာ မြန်မာပြည်သူတွေအတွက် လုံလောက်ခဲ့ပါတယ်။ သူ့အတွက်နှင့် မြန်မာပြည်အတွက် မြန်မာပြည်သူလူထုအတွက်အမြဲတမ်းဆုတောင်းပေးနေပါတယ်။

သူတော်ကောင်းတွေကို မတရားပုဒ်မတွေတပ်ပြီး ထောင်ချနေတဲ့ အကြမ်းဖက် စစ်အာဏာရှင်တွေကို ကျွန်တော်တို့ ချုပ်ငြိမ်းရတော့မှာပါ အဆုံးသတ်ရတော့မှာပါ။

စစ်ဗိုလ်ချုပ်တွေဟာကျရူံးနေပါပြီ ဒီကလိမ်ကကျစ် နည်းဗျုဟာတွေဟာလည် သူတို့ရဲ့ နောက်ဆုံး နည်းဗျုဟာဖြစ်ပါတယ်။ သူတို့ဟာ အဆုံးသတ်တော့မယ်ဆိုတာ သူတို့လုပ်ရပ်ကသက်သေပြနေပါပြီ နောက်ဆုံးအနေနှင့် ပြောချင်ပါတယ်။

မြန်မာပြည်နှင့် မြန်မာပြည်သူတွေကို ဘုရားသခင်ကောင်းကြီးပေးပါစေ။
ပြည်ထောင်စုဝန်ကြီး Dr.ဆာဆာ