” တက္ကသိုလ်သာ ပို့လိုက်ပါတော့ ဆရာမ”
သုံးတန်းကျောင်းသားက ဆရာမကို လာပြောတယ်။
” ကျနော်က …ကျနော့ညီမထက် တော်တယ်။ သူကတော့ လေးတန်းမှာ”
ဒီလို ….ဒီလိုနဲ့….အမြဲပြောနေတော့ဆရာမ က…သူ့ကို …..ကျောင်းအုပ် ဆရာကြီးဆီခေါ်သွားခဲ့တယ်။
ကျောင်းအုပ်ဆရာကြီးက လေးတန်းစာ….စစ်ကြည့်မယ်လို့ဆုံးဖြတ်ချက်ချလိုက်တယ်။
” ၃ + ၃”” ၆ ”
” ၆+၆ “”၁၂ ”
……. ?
(—— )
……. !
( —— )
ဆရာကြီးမေးတာ ကျောင်းသားက …အားလုံး မှန်အောင်ဖြေနိုင်တယ်။
ကျောင်းအုပ်ဆရာကြီးက ဒီကျောင်းသားလေးကိုလေးတန်း ချက်ခြင်းပို့ခိုင်းတယ်။
ဆရာမက …..ထပ်စစ်ချင်တယ်ပြောတော့ဆရာကြီးက ခွင့်ပြုလိုက်တယ်”
” နွားမှာ လေး လူမှာနှစ် ဒါဘာလဲ… ? ”
” ခြေထောက်ပါ ဆရာမ”
” C နဲ့ စပြီး T နဲ့ဆုံးမယ်။
အဲဒီအရာက အမွေးထူပြီး လုံးလုံးလေး နေတယ်…..အရသာကောင်းတယ်။
နောက် …..ဖြူဖြူကြည်ကြည် အရည်ပါတယ်ဘာလဲ… ? ”
” Coconut အုန်းသီးလေ ဆရာမ”
” ဝင်သွားတုန်းက မာမာလေး။ထွက်လာတော့ ပျော့ပြီး စေးကပ်ကပ်ဖြစ်နေတာက”
ဆရာမရဲ့…မေးခွန်းကြားပြီးဆရာကြီး …..မျက်လုံးတွေ ပြူးသွားတယ်။
ကျောင်းသား ဖြေမိမှာစိုးလို့ တားမလို့ လုပ်တုန်း ဖြေလိုက်ပြီ။
” ပီကေ”
“ငါ့အထဲမှာ …အချောင်းတွေစိုက်တယ်။ငါ မရပ်နိုင်ခင် လှဲပြီးကြိုးချည်တယ်။ အဲဒီမတိုင်ခင် ငါက စိုစွတ်နေတယ်”
” ရွက်ဖျင်တဲ”
ဆရာကြီး ….ဂနာမငြိမ် ဖြစ်လာတယ်။
“လက်ချောင်း တချောင်း ငါ့ အထဲဝင်သွားတယ်။မင်း ပျင်းလာရင်ငါ့ကို ပွတ်ကလိတယ်။ ဒါ ဘာလဲ… ? ”
” လက်စွပ်”
“ငါ့မှာ …..မာမာတောင့်တောင့် အချောင်း တချောင်းရှိတယ်။ ထိပ်က …..ထိုးဖောက်ဝင်ရောက်နိုင်တယ်။ တုန်တုန်ခါပြီး သွားတယ်။ အဲဒါ ဘာလဲ… ? ”
” မျှားတံ”
အိုး မိုင်ဂေါ့ဒ်.. ဆရာကြီး ရေရွတ်မိတယ်။
“F စကားလုံးနဲ့ စတယ်။ K နဲ့ဆုံးတယ်။ဒါမရှိရင်လက်ကို သုံးရမယ်။ အဲဒါဘာလဲ…. ? ”
” Fork ခက်ရင်းခွပါ ဆရာမ”
“ယောက်ျားတိုင်းမှာ ရှိတယ်။ အဲဒါက….အရိုးမပါ ကြွက်သွားချည်း။ သွေးကြောတွေ အများကြီးနဲ့ ရွှေဖယုံသီးလိုနေတယ်။ချစ်မှုရေးရာမှာ သုံးတယ်အဲဒါ ဘာလဲ…. ? ”
“နှလုံး”
“ဟင်းးးးးး…အင်းအင်း”ဆရာကြီး …သက်ပြင်းတွေ ….အခါခါချတယ်။ပြီးနောက်…ဆရာမကို ကြည့်ကာ ပြောလိုက်လေ၏။
” ဒီကောင့်ကို …..တက္ကသိုလ်သာ တန်းပို့လိုက်တော့။ ဆရာမမေးခွန်းတွေကိုကျနော် ဖြေရင်တောင် အားလုံး မမှန်နိုင်ဘူး”
TZO
Teacher jokes
Credit to original writer
Photo crd