အခ်စ္နွင့္ဘဝ

လူတစ္ေယာက္ကို ဘယ္လိုေမ့ရမွာလဲ?….

ဒီေမးခြန္းက ေမရီ႕ဆီအေမးမ်ားတဲ့ ေမးခြန္းထဲက တစ္ခုအပါအဝင္ျဖစ္ပါတယ္။ ဒီေမးခြန္းေမးထား သူေတြကို တစ္ေယာက္ခ်င္းစီ ျပန္မေျဖႏိုင္လို႔ ေပ့ခ်္မွာပဲ ေျဖေပး လိုက္ပါ မယ္ေနာ္။

ႀကိဳေျပာရမွာက ေမရီက အခ်စ္ေရးမွာ ကြၽမ္းက်င္တဲ့ ဆရာမႀကီးေတာ့ မဟုတ္ ရပါဘူးေနာ္။ 😅လူေတြရဲ႕စိတ္ခံစားခ်က္ကို စိတ္ဝင္စားလို႔ ေလ့လာ လိုက္စားၿပီး ျပန္လည္မွ်ေဝေပးေန႐ုံ ပါေနာ္။ အဲေတာ့ လူတစ္ေယာက္ကို ဘယ္လိုေမ့ ရမွာလဲ?🤔

ပထမဆံုး ေျပာခ်င္တာကေတာ့ အသက္ရွင္ေနသ၍၊ ကိုယ့္မွတ္ဉာဏ္က ေကာင္းေနသေ႐ြ႕ေတာ့ လူတစ္ေယာက္ကို ဘယ္လိုမွ ေမ့လို႔ရမွာ မဟုတ္ပါဘူး။

😓ဒီစကားကို ၾကားလိုက္ရေတာ့ အသည္းကြဲလို ႔ခံစားေန ရတဲ့ ၾကားထဲက ပိုၿပီးေတာ့ေတာင္ စိတ္ပ်က္ သြားမိလား? စိတ္မပ်က္ ပါနဲ႔အုံး။ ဆက္ဖတ္ပါ။ 👇လူတစ္ေယာက္ကို ေမ့ေအာင္လုပ္လို ႔မရေပမယ့္ အဲ့လူ အေပၚမွာ ရွိတဲ့ခံစားခ်က္ ကိုေတာ့ ေပါ့သြားေအာင္လုပ္လို႔ရပါတယ္။

ခုအရမ္းကို ခံစားေနရ တယ္ ဆိုတာ က ခံစားခ်က္ျပင္းထန္လို႔ ခံစားေန ရတာပါ။အဲေတာ့ ခံစားခ်က္ေပါ့ေအာင္ ဘယ္လို လုပ္ရမွာလဲ?

၁။ ကိုယ္ေမ့ခ်င္တဲ့သူကို ေမ့ဖို႔ မႀကိဳးစားပါနဲ႔ ။ ေမ့ဖို႔ႀကိဳးစားေလ၊ သတိရေလျဖစ္တဲ့အတြက္ေၾကာင့္ ပါ။ သူက ကိုယ့္ေခါင္းထဲ ဝင္လာခ်ိန္မွာ “ေၾသာ္ သူ႔အေၾကာင္း ငါ့ေခါင္းထဲဝင္လာျပန္ၿပီ။” ဆိုၿပီး ဒီတိုင္းေလး အသိအမွတ္ျပဳေပးၿပီး ကိုယ္လုပ္စရာရွိတာ ဆက္လုပ္ပါ။

၂။ ကိုယ္ခံစားေနရတဲ့ ခံစားခ်က္ကို ဆီျဖည့္ေပးမယ့္ သီခ်င္းမ်ိဳးကိုလုံးဝနားမေထာင္ပါနဲ႔။ ☠အသည္းကြဲ ခ်ိန္မွာ အသည္းကြဲ သီခ်င္းနားေထာင္ရတာက အရမ္းကို Feel လို႔ေကာင္းတယ္ဆိုတာ မွန္ေပမယ့္

ကိုယ္က အသည္းကြဲတဲ့ ခံစားခ်က္ ကေန တကယ္ ႐ုန္းထြက္ခ်င္ရင္ အဲ့ခံစားခ်က္ကို အားျဖည့္ေပးမယ့္ သီခ်င္းမ်ိဳးကို ေရွာင္ပါ။ ျမဴးႂကြတဲ့ DJ သီခ်င္းေတြ ပဲဖြင့္ထား လိုက္ပါ။💃🕺

၃။ အသည္းကြဲခ်ိန္မွာ ျဖစ္ေပၚလာတဲ့ ခံစားခ်က္စြမ္းအင္က အရမ္းကို ျပင္းထန္တယ္။တစ္ခ်ိဳ႕က ဒီစြမ္းအင္ရဲ႕ ဝါးမ်ိဳျခင္းကို ခံလိုက္တယ္။တစ္ခ်ိဳ႕က ဒီစြမ္းအင္ကို ျပန္လည္အသုံးခ်လိုက္တယ္။

စြမ္းအင္ရဲ႕ဝါးမ်ိဳျခင္းကို ခံတယ္ဆိုတာ ဘယ္လိုလဲဆိုေတာ့ အသည္းကြဲလို႔ အလုပ္အကိုင္ပ်က္၊ တငိုငိုတရီရီနဲ႔ ကိုယ့္ကိုယ္ကိုယ္ ဖ်က္စီးေနတာ မ်ိဳးေတြပါ။

စြမ္းအင္ကို ျပန္လည္အသုံးခ်တယ္ ဆိုတာက် ဘယ္လိုလဲ ဆိုေတာ့ ကိုယ္က သိပ္မလွလို႔ ပစ္ခံ သြားရတာမ်ိဳးဆို မခံခ်င္စိတ္နဲ႔ လွပတဲ့ခႏၶာကိုယ္

ရေအာင္ ႀကိဳးစားတာ၊ ကိုယ္က မခ်မ္းသာလို႔ ပစ္ခံရတာမ်ိဳးဆိုရင္ မခံခ်င္စိတ္နဲ႔ ေအာင္ျမင္ေအာင္ ႀကိဳးစားပစ္ လိုက္တာ။ အသည္းကြဲလို႔ တမူထူးတဲ့ အႏုပညာေတြ ဖန္တီးလိုက္ႏိုင္တဲ့ အႏုပညာရွင္ေတြလည္း အျပင္ေလာကမွာ အမ်ားႀကီး ရွိပါ တယ္။

အဲဒါေၾကာင့္ လူတစ္ေယာက္ေပၚမွာ ရွိတဲ့ခံစားခ်က္ေလ်ာ့က်ေအာင္ လုပ္ဖို႔က ကိုယ့္အာ႐ုံကို တစ္ျခားဖက္ကို လည္း လြဲေပးရမွာပါ။ ေက်ာင္းတက္ေန ရင္လည္း ေက်ာင္းစာဖက္ကိုေပါ့၊ အလုပ္လုပ္ေန ရင္လည္း အလုပ္နဲ႔ တစ္ျခားေလ့လာသင္ယူ လို႔ရတဲ့ ပညာေရးဖက္ေတြကိုေပါ့။

၄။ မိတ္ေဆြအေပါင္းအသင္း သစ္ေတြ ထပ္ရွာပါ။ ကိုယ့္ရဲ႕ Network ကိုတိုးခ်ဲ႕ပါ။ဟိုေန႔ကေတာင္ Facebook ေပၚမွာ သူမ်ား Share ထားတဲ့ စာတိုေလး တစ္ခုေတြ႕မိပါရဲ႕”အခ်စ္ဆုံးနဲ႔ဆုံေတြ႕ခြင့္ ရေအာင္ လုပ္ေပးလိုက္တဲ့ အခ်စ္ဦးကို ေက်းဇူးတင္ ပါတယ္။

”ဆိုၿပီးအဲေတာ့ ကိုယ့္ကိုယ္ကိုယ္ တန္ဖိုးထားၿပီး ကိုယ့္တန္ဖိုးကို ျမႇင့္တင္ေပးေနမယ္ ဆိုရင္ တန္ဖိုးပိုရွိၿပီး တန္ဖိုးထား တတ္တဲ့ သူနဲ႔ ဆုံေတြ႕ရမွာပါ။

၅။ လူ႔ဘဝဆိုတာ သာယာေျဖာင့္ျဖဴးစြာနဲ႔ ေလွ်ာက္လွမ္း ရတဲ့ လမ္းမဟုတ္ဘူး။ (သာယာေျဖာင့္ျဖဴးစြာနဲ႔ ေလွ်ာက္လွမ္းလို ႔ရရင္ လူေတြအရမ္းပ်င္ းသြားၾကမွာ စိုးလို႔ စူးေျငာင့္ခလုတ္ေတြ လုပ္ထားေပး တာထင္ တယ္။

အဲေတာ့ ငိုတလွည့္၊ ရီတလွည့္ျဖစ္ရတဲ့ ဘဝမွာ ငိုျခင္းထက္ ရီျခင္းက ပိုမ်ားေအာင္ လုပ္ေဆာင္ပါ။ မ်က္ရည္ေတြ သုတ္ၿပီး နာက်င္မႈကေန ႐ုန္းထ လိုက္ပ ါေတာ့ေနာ္။

No matter what, keep on moving!ဘာပဲျဖစ္ျဖစ္၊ ေရွ႕ဆက္ေလွ်ာက္ လွမ္းေန ပါ။လို႔ ေျပာရင္းနဲ႔ နိဂုံးခ်ဳပ္ ပါတယ္ေနာ္။ ခ်စ္ျခင္းမ်ားစြာျဖင့္ 💛သက္တန္႔(ေမရီ)

ယူနီကုတ္

လူတစ်ယောက်ကို ဘယ်လိုမေ့ရမှာလဲ?
ဒီမေးခွန်းက မေရီ့ဆီအမေးများတဲ့ မေးခွန်းထဲက တစ်ခုအပါအဝင်ဖြစ်ပါတယ်။ ဒီမေးခွန်းမေးထား သူတွေကို တစ်ယောက်ချင်းစီ ပြန်မဖြေနိုင်လို့ ပေ့ချ်မှာပဲ ဖြေပေး လိုက်ပါ မယ်နော်။

ကြိုပြောရမှာက မေရီက အချစ်ရေးမှာ ကျွမ်းကျင်တဲ့ ဆရာမကြီးတော့ မဟုတ် ရပါဘူးနော်။ 😅လူတွေရဲ့စိတ်ခံစားချက်ကို စိတ်ဝင်စားလို့ လေ့လာ လိုက်စားပြီး ပြန်လည်မျှဝေပေးနေရုံ ပါနော်။ အဲတော့ လူတစ်ယောက်ကို ဘယ်လိုမေ့ ရမှာလဲ?🤔

ပထမဆုံး ပြောချင်တာကတော့ အသက်ရှင်နေသ၍၊ ကိုယ့်မှတ်ဉာဏ်က ကောင်းနေသရွေ့တော့ လူတစ်ယောက်ကို ဘယ်လိုမှ မေ့လို့ရမှာ မဟုတ်ပါဘူး။

😓ဒီစကားကို ကြားလိုက်ရတော့ အသည်းကွဲလို့ခံစားနေ ရတဲ့ ကြားထဲက ပိုပြီးတော့တောင် စိတ်ပျက် သွားမိလား? စိတ်မပျက် ပါနဲ့အုံး။ ဆက်ဖတ်ပါ။ 👇လူတစ်ယောက်ကို မေ့အောင်လုပ်လို့မရပေမယ့် အဲ့လူ အပေါ်မှာ ရှိတဲ့ခံစားချက် ကိုတော့ ပေါ့သွားအောင်လုပ်လို့ရပါတယ်။

ခုအရမ်းကို ခံစားနေရ တယ် ဆိုတာ က ခံစားချက်ပြင်းထန်လို့ ခံစားနေ ရတာပါ။အဲတော့ ခံစားချက်ပေါ့အောင် ဘယ်လို လုပ်ရမှာလဲ?

၁။ ကိုယ်မေ့ချင်တဲ့သူကို မေ့ဖို့ မကြိုးစားပါနဲ့ ။ မေ့ဖို့ကြိုးစားလေ၊ သတိရလေဖြစ်တဲ့အတွက်ကြောင့် ပါ။ သူက ကိုယ့်ခေါင်းထဲ ဝင်လာချိန်မှာ “သြော် သူ့အကြောင်း ငါ့ခေါင်းထဲဝင်လာပြန်ပြီ။” ဆိုပြီး ဒီတိုင်းလေး အသိအမှတ်ပြုပေးပြီး ကိုယ်လုပ်စရာရှိတာ ဆက်လုပ်ပါ။

၂။ ကိုယ်ခံစားနေရတဲ့ ခံစားချက်ကို ဆီဖြည့်ပေးမယ့် သီချင်းမျိုးကိုလုံးဝနားမထောင်ပါနဲ့။ ☠အသည်းကွဲ ချိန်မှာ အသည်းကွဲ သီချင်းနားထောင်ရတာက အရမ်းကို Feel လို့ကောင်းတယ်ဆိုတာ မှန်ပေမယ့်

ကိုယ်က အသည်းကွဲတဲ့ ခံစားချက် ကနေ တကယ် ရုန်းထွက်ချင်ရင် အဲ့ခံစားချက်ကို အားဖြည့်ပေးမယ့် သီချင်းမျိုးကို ရှောင်ပါ။ မြူးကြွတဲ့ DJ သီချင်းတွေ ပဲဖွင့်ထား လိုက်ပါ။💃🕺

၃။ အသည်းကွဲချိန်မှာ ဖြစ်ပေါ်လာတဲ့ ခံစားချက်စွမ်းအင်က အရမ်းကို ပြင်းထန်တယ်။တစ်ချို့က ဒီစွမ်းအင်ရဲ့ ဝါးမျိုခြင်းကို ခံလိုက်တယ်။တစ်ချို့က ဒီစွမ်းအင်ကို ပြန်လည်အသုံးချလိုက်တယ်။

စွမ်းအင်ရဲ့ဝါးမျိုခြင်းကို ခံတယ်ဆိုတာ ဘယ်လိုလဲဆိုတော့ အသည်းကွဲလို့ အလုပ်အကိုင်ပျက်၊ တငိုငိုတရီရီနဲ့ ကိုယ့်ကိုယ်ကိုယ် ဖျက်စီးနေတာ မျိုးတွေပါ။

စွမ်းအင်ကို ပြန်လည်အသုံးချတယ် ဆိုတာကျ ဘယ်လိုလဲ ဆိုတော့ ကိုယ်က သိပ်မလှလို့ ပစ်ခံ သွားရတာမျိုးဆို မခံချင်စိတ်နဲ့ လှပတဲ့ခန္ဓာကိုယ်

ရအောင် ကြိုးစားတာ၊ ကိုယ်က မချမ်းသာလို့ ပစ်ခံရတာမျိုးဆိုရင် မခံချင်စိတ်နဲ့ အောင်မြင်အောင် ကြိုးစားပစ် လိုက်တာ။ အသည်းကွဲလို့ တမူထူးတဲ့ အနုပညာတွေ ဖန်တီးလိုက်နိုင်တဲ့ အနုပညာရှင်တွေလည်း အပြင်လောကမှာ အများကြီး ရှိပါ တယ်။

အဲဒါကြောင့် လူတစ်ယောက်ပေါ်မှာ ရှိတဲ့ခံစားချက်လျော့ကျအောင် လုပ်ဖို့က ကိုယ့်အာရုံကို တစ်ခြားဖက်ကို လည်း လွဲပေးရမှာပါ။ ကျောင်းတက်နေ ရင်လည်း ကျောင်းစာဖက်ကိုပေါ့၊ အလုပ်လုပ်နေ ရင်လည်း အလုပ်နဲ့ တစ်ခြားလေ့လာသင်ယူ လို့ရတဲ့ ပညာရေးဖက်တွေကိုပေါ့။

၄။ မိတ်ဆွေအပေါင်းအသင်း သစ်တွေ ထပ်ရှာပါ။ ကိုယ့်ရဲ့ Network ကိုတိုးချဲ့ပါ။ဟိုနေ့ကတောင် Facebook ပေါ်မှာ သူများ Share ထားတဲ့ စာတိုလေး တစ်ခုတွေ့မိပါရဲ့”အချစ်ဆုံးနဲ့ဆုံတွေ့ခွင့် ရအောင် လုပ်ပေးလိုက်တဲ့ အချစ်ဦးကို ကျေးဇူးတင် ပါတယ်။

”ဆိုပြီးအဲတော့ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားပြီး ကိုယ့်တန်ဖိုးကို မြှင့်တင်ပေးနေမယ် ဆိုရင် တန်ဖိုးပိုရှိပြီး တန်ဖိုးထား တတ်တဲ့ သူနဲ့ ဆုံတွေ့ရမှာပါ။

၅။ လူ့ဘဝဆိုတာ သာယာဖြောင့်ဖြူးစွာနဲ့ လျှောက်လှမ်း ရတဲ့ လမ်းမဟုတ်ဘူး။ (သာယာဖြောင့်ဖြူးစွာနဲ့ လျှောက်လှမ်းလို့ရရင် လူတွေအရမ်းပျင် းသွားကြမှာ စိုးလို့ စူးငြောင့်ခလုတ်တွေ လုပ်ထားပေး တာထင် တယ်။

အဲတော့ ငိုတလှည့်၊ ရီတလှည့်ဖြစ်ရတဲ့ ဘဝမှာ ငိုခြင်းထက် ရီခြင်းက ပိုများအောင် လုပ်ဆောင်ပါ။ မျက်ရည်တွေ သုတ်ပြီး နာကျင်မှုကနေ ရုန်းထ လိုက်ပ ါတော့နော်။

No matter what, keep on moving!ဘာပဲဖြစ်ဖြစ်၊ ရှေ့ဆက်လျှောက် လှမ်းနေ ပါ။လို့ ပြောရင်းနဲ့ နိဂုံးချုပ် ပါတယ်နော်။ ချစ်ခြင်းများစွာဖြင့် 💛သက်တန့်(မေရီ)