လက်ရှိမှာဆိုရင် လူငယ်တိုင်းက မိမိတို့တတ်မြောက်ထားတဲ့ ပညာရပ်တွေနဲ့ တစ်ဖက်တစ်လမ်းကနေ
လူမှုအကျိုးပြုနေတာဖြစ်ပါတယ်။
ငွေအားတက်နိုင်သူကလည်း ငွေအားနဲ့ပါဝင်ကြသလို တချို့တွေကလည်း လုပ်အားဒါနနဲ့ဝိုင်းဝန်းကူညီကြတာဖြစ်ပါတယ်။
ပြည်သူလူထုက ဒီလိုအခြေအနေမျိုးမျာ စည်းလုံးညီညွတ်စွာနဲ့ မျှော်လင့်နေတဲ့တစ်နေ့ကို ရောက်ရှိလာဖို့
အားသွန်ခွန်စိုက်ဆောင်ရွက်နေကြတာဖြစ်ပါတယ်။
လူမှုအကျိုးပြုနေတဲ့ထဲကဆရာဝန်မလေးတစ်ယောက်ဖြစ်တဲ့ ဒေါက်တာအငြိမ်းကိုလည်း
ပြည်သူတွေကလေးစားနေကြတာဖြစ်ပါတယ်။
ဆရာဝန်မလေးအငြိမ်းက သွားလာရခက်ခဲတဲ့ တောင်ပေါ်ဒေသလေးတွေမှာ စစ်ရှောင်ပြည်သူတွေအတွက်
ကျန်းမာရေးစောင့်ရှောက်မှုပေးနေတာဖြစ်ပါတယ်။
ဆရာဝန်မလေးကတော့ အသက်ငယ်ငယ်လေးနဲ့ ကိုယ်ကျိုးစွန့်ပြီး အများကောင်းကျိုးကိုသာ စေတနာအပြည့်နဲ့လုပ်ဆောင်နေတာဖြစ်ပါတယ်။
ခုခါမှာဆိုရင်တော့ သူ့လုပ်ဆောင်မှုတွေနဲ့ ဘာမှ မပတ်သက်တဲ့ သူ့မိဘတွေကို မအလရဲ့ စစ်ကောင်စီတပ်တွေက ဖမ်းဆီးထိမ်းသိမ်းထားတာ တစ်လကျော်ခဲ့ပြီဖြစ်ပါတယ်။
ဒါ့ကြောင့်လဲ တောင်ပေါ် မီးအိမ်ရှင်မလေး အငြိမ်းက ခုလို ရေးသားလာခဲ့တာဖြစ်ပါတယ်နော်။
မြန်မာနိုင်ငံနဲ့ နိုင်ငံတကာမှာရှိတဲ့ လူ့အခွင့်အရေးအဖွဲ့အစည်းတွေကို ကျွန်တော် တောငိးဆိုချင်ပါတယ်
ကျွန်တော့် မိဘ ၂ ပါးကို မန္တလေးနေအိမ်ကနေ 22 nd August ည ၇ နာရီခွဲမှာ
ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာ ဒီနေ့နဲ့ဆို ၁ လနဲ့ ၁၇ ရက်တိတိရှိပါပြီ
ဖမ်းဆီးခေါ်ဆောင်သွားစဉ်က မန္တလေးနန်းတွင်းထဲကို ခေါ်ဆောင်သွားတယ်လို့ သိရပါတယ်
လက်ရှိမန္တလေးအိုးဘိုထောင်ထဲမှာထိန်းသိမ်းထားတယ်လို့ သိရပါတယ်
အသက်နှနှစ်အရွယ် ကျွန်တော့်ရဲ့တဦးတည်းသောသမီးငယ်မှာလည်း
အဘိုးအဘွားများ ဖမ်းဆီးခံရခြင်းကြေင့် စောင့်ရှောက်သူကင်းမဲ့လျက်ရှိပါသည်
အဆက်အသွယ်မရသောကြောင့် မည်သည့်နေရာတွင်ရောက်ရှိနေမှန်းမသိရပါ
ကျွန်တော့်ဖခင်နဲ့မိခင်ဟာ အသက် ၆၀ ကျော် သက်ကြီးရွယ်အိုများဖြစ်ကြပြီး
မိခင်မှာ နှလုံးအဆို့ရှင် ရောဂါ နှလုံးသွေးကြောကျဉ်းရောဂါ များအတွက်
လစဉ် သမားတော်များနဲ့ စနစ်တကျကုသမူခံယူနေရသူဖြစ်ပြီး
ဖမ်းဆီးခေါ်ဆောင်သွားစဉ်မှာ Covid ရောဂါကူးစက်ခံထားရပါတယ်
ဖခင်မှာ အငြိမ်းစားတပ်မတော်အရာရှိတဦးဖြစ်ပြီး
နိုင်ငံနဲ့လူမျိုးအပေါ် နှစ်ပေါင်းများစွာ
သစ္စာရှိရှိနဲ့တာဝန်ထမ်းဆောင်ခဲ့ပြီး
အငြိမ်းစားယူထားသည်မှာလည်း
နှစ်ပေါင်း ၂၀ ခန့်ရှိပြီဖြစ်ပါတယ်
တာဝန်ထမ်းဆောင်ခဲ့စဉ်က မိုင်းထိဒဏ်ရာကြောင့်
ခြေထောက်တဖက် အာရုံကြောများပြတ်ပြီး
မသန်မစွမ်းဖြစ်ခဲ့ပါတယ်
ကျွန်တော်သည် ယခုဆောင်ရွက်နေသောကိစ္စအားလုံးကို
မိမိခံယူချက် မိမိအယူအဆ မိမိတဦးတည်းသဘောဆန္ဒဖြင့် ဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး
ကျွန်တော့်မိသားစု ကျွန်တော့်မိဘနှင့် လုံးဝ ဆက်နွယ်ခြင်း မရှိသလို
၄ လပိုင်း ၂၆ ရက်နေ့ အပြီးအပိုင်အိမ်မှ ထွက်လာပြီးကတည်းက
မိဘများနဲ့ လုံးဝအဆက်အသွယ်မရှိပါ
မိဘများသည်လည်း ကျွန်တော်လက်ရှိလုပ်နေသော
ကိစ္စများအကြောင်း တစွန်းတစမှ သိရှိခြင်းမရှိပါ
ထိုသို့လုံးဝပါဝင်ပတ်သတ်မူမရှိသော သက်ကြီးရွယ်အိုမိဘ၂ ပါးကို
ယခုအခါ ၅၀၅ က ဖြင့် စွဲဆိုထားပြီးမန္တလေးအိုးဘိုထောင်ထဲမှာထိနိးသိမ်းထားပါတယ်
ကျွန်တော့်မိဘနှပါးမှာ ကျန်းမာရေးမကောင်းမွန်သောမသန်မစွမ်းသက်ကြီးရွယ်အိုများသာဖြစ်ကြပြီး
ယခု နိုင်ငံတော်စစ်ကောင်စီလူကြီးမင်းများ
သတ်မှတ်ထားသော အပြစ်များကို ကျူးလွန်ခဲ့ခြင်းမရှိပါတခုတည်းသော အပြစ်မှာမိမိကဲ့သို့ သမီးမျိုး မွေးထားခြင်းသာလျှင်အပြစ်ဖြစ်ပါသည်
ကျွန်တော်ဟာ မန္တလေး ဆန္ဒပြပွဲများ အရှိန်အဟုနိနဲ့ဖြစ်ပေါ်နေသောကာလများမှာ
ဒဏ်ရာရဆန္ဒပြပြည်သူများ ကိုတတ်စွမ်းသလောက် ကျန်းမာရေးစောင့်ရှောက်မူပေးခဲ့ပြီး
လက်ရှိအချိန်မှာလည်း ချင်းပြည်နယ်မင်းတပ်မှာ လူသားချင်းစာနာမူဆိုင်ရာ
အကူအညီ Humanitarian aids တွေကို လုပ်ဆောင်နေတာ ၄ လကျော်ပါပြီ
မြန်မာနိုင်ငံနဲ့နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့အစည်းများခင်ဗျာ
အကူအညီမဲ့နေတဲ့ ကျွန်တော့်မိဘနှပါးကို ကူညီပေးကြဖို့တောင်းဆိုပါတယ်
A Nyein
ခုလို ဒေါက်တာအငြိမ်းရဲ့အကြောင်းလေးကို ပြန်လည်မျှဝေရင်း မြန်မာပြည်ကြီး အမြန်ဆုံး စစ်ကျွန်လက်အောက်က လွတ်မြောက်စေဖို့ ဆုတောင်းပေးလိုက်ပါတယ်။