တောင်ဒဂုံမှာ စွန့်ပစ်ခံရတဲ့ သမီးလေးရဲ့အဖြစ်ကိုပြောပြရင်း နောက်ကို အခုလို အလွယ်တကူမစွန့်ပစ်ဖို့ တောင်းပန်လာတဲ့ ခိုင်နှင်းဝေ
ပရိတ်သတ်ကြီးရေ ပရိတ်သတ်တွေရဲ့အချစ်တော် ပရဟိတမင်းသမီးကြီး ခိုင်နှင်းဝေကတော့ မနေ့က တောင်ဒဂုံဘက်မှာ လာရောက်စွန့်ပစ်သွားတဲ့ ကလေးငယ်ကို ခေါ်ယူမွေးစားခဲ့တဲ့ သတင်းလေးကို သူ့ဆီကို ရောက်လာခဲ့ချိန်မှာတော့ ကလေးကို ကြည့်ပြီး စိတ်မကောင်းဖြစ်ခဲ့ရကြောင်း သူ့ရဲဲ့ လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေလာခဲ့ပါတယ်

ကလေးကတော့ မိန်းကလေးပါတဲ့။မွေးထားတာ (၇)ရက်ဝန်းကျင်လောက်ပဲရှိနိုင်ပြီး ချက်ကြွေကာစလေးနဲ့အပူဖုတွေပေါက်ကာ သွေးအညစ်အကြေးတွေတောင်မသန့်စင်ထားရသေးပါဘူးတဲ့။ ကလေးကို သွားရောက်ခေါ်ယူချိန်မှှာတော့ ကောက်ရထားတဲ့ အိမ်နားဝန်းကျင်က နို့တိုက်ပြီး သနပ်ခါးတွေလိမ်းပေးထားပါတယ်တဲ့။ ကလေးများကို ယခုလိုအကောင်းတိုင်းတွေ့နိုင်သလို မိုးမိ၊ခွေးဆွဲ၊ ကြွက်ဆွဲကာ အသက်သေဆုံးမှုများလည်း ရှိတာမို့ အလွယ်တကူ မစွန့်ပစ်ကြဖို့ကို မေတ္တာရပ်ခံထားခဲ့ပါတယ်။

Cele Zone ပရိတ်သတ်ကြီးရေ မနေ့က ခိုင်နှင်းဝေသွားရောက်ခေါ်ယူခဲ့တဲ့ သမီးလေးကတော့ စွန့်ပစ်ခံရချိန်မှာ မိုးတိတ်နေတဲ့ အချိန်မို့ အသက်ရှင်ခွင့်ရတာပါတဲ့။ မိုးသာရွာနေရင် အအေးပတ်ပြီး အသက်သေဆုံးတဲ့အထိတောင် ဖြစ်နိုင်ပါတယ်တဲ့။

Source-Khine Hnin Wai
From CeleZone
ေတာင္ဒဂံုမွာ စြန္႔ပစ္ခံရတဲ့ သမီးေလးရဲ႕အျဖစ္ကိုေျပာျပရင္း ေနာက္ကို အခုလုိ အလြယ္တကူမစြန႔္ပစ္ဖို႔ ေတာင္းပန္လာတဲ့ ခုိင္ႏွင္းေဝ
ပရိတ္သတ္ႀကီးေရ ပရိတ္သတ္ေတြရဲ႕အခ်စ္ေတာ္ ပရဟိတမင္းသမီးႀကီး ခုိင္ႏွင္းေဝကေတာ့ မေန႔က ေတာင္ဒဂံုဘက္မွာ လာေရာက္စြန္႔ပစ္သြားတဲ့ ကေလးငယ္ကုိ ေခၚယူေမြးစားခဲ့တဲ့ သတင္းေလးကို သူ႔ဆီကို ေရာက္လာခဲ့ခ်ိန္မွာေတာ့ ကေလးကို ၾကည့္ၿပီး စိတ္မေကာင္းျဖစ္ခဲ့ရေၾကာင္း သူ႕ရဲဲ႕ လူမႈကြန္ရက္စာမ်က္ႏွာကေန မွ်ေဝလာခဲ့ပါတယ္

ကေလးကေတာ့ မိန္းကေလးပါတဲ့။ေမြးထားတာ (၇)ရက္ဝန္းက်င္ေလာက္ပဲရွိႏုိင္ၿပီး ခ်က္ေၾကြကာစေလးနဲ႔အပူဖုေတြေပါက္ကာ ေသြးအညစ္အေၾကးေတြေတာင္မသန္႔စင္ထားရေသးပါဘူးတဲ့။ ကေလးကို သြားေရာက္ေခၚယူခ်ိန္မွွာေတာ့ ေကာက္ရထားတဲ့ အိမ္နားဝန္းက်င္က ႏုိ႔တုိက္ၿပီး သနပ္ခါးေတြလိမ္းေပးထားပါတယ္တဲ့။ ကေလးမ်ားကို ယခုလိုအေကာင္းတုိင္းေတြ႕ႏိုင္သလို မိုးမိ၊ေခြးဆြဲ၊ ႀကြက္ဆြဲကာ အသက္ေသဆံုးမႈမ်ားလည္း ရွိတာမုိ႔ အလြယ္တကူ မစြန္႔ပစ္ၾကဖို႔ကို ေမတၱာရပ္ခံထားခဲ့ပါတယ္။

Cele Zone ပရိတ္သတ္ႀကီးေရ မေန႔က ခုိင္ႏွင္းေဝသြားေရာက္ေခၚယူခဲ့တဲ့ သမီးေလးကေတာ့ စြန္႔ပစ္ခံရခ်ိန္မွာ မိုးတိတ္ေနတဲ့ အခ်ိန္မို႔ အသက္ရွင္ခြင့္ရတာပါတဲ့။ မိုးသာရြာေနရင္ အေအးပတ္ၿပီး အသက္ေသဆံုးတဲ့အထိေတာင္ ျဖစ္ႏုိင္ပါတယ္တဲ့။

Source-Khine Hnin Wai
From CeleZone



