ၾကားသိရသမွ်

PDFနဲ့သိရင် အဖမ်းခံရမှာစိုးလို့ဆိုပြီး သူငယ်ချင်းတွေက စကားမပြောတော့ဘဲ ရှောင်ဖယ်နေတာကြောင့် ဝမ်းနည်းခံစားနေရတဲ့ PDFလူငယ်လေး

PDFနဲ့သိရင် အဖမ်းခံရမှာစိုးလို့ဆိုပြီး သူငယ်ချင်းတွေက စကားမပြောတော့ဘဲ ရှောင်ဖယ်နေတာကြောင့် ဝမ်းနည်းခံစားနေရတဲ့ PDFလူငယ်လေး

မြန်မာလူငယ်လေးတွေကတော့ အပင်ပန်းခံပြီး တောတောင်တွေထဲ သွားရောက်ကာ စစ်ပညာကို သင်ကြားနေကြပါတယ်။

ယခုလိုစွန့်လွှတ်အနစ်နာခံနေတဲ့ PDFလူငယ်လေးတွေကို သားသမီးချင်းကိုယ်ချင်းစာပြီး အားပေးထောက်ခံနေကြတဲ့ ပြည်သူတွေရှိသလိုအဖမ်းခံရမှာစိုးတာကြောင့် PDFလူငယ်တွေကို ရှောင်ဖယ်နေကြတဲ့ ပြည်သူတွေလည်းရှိပါတယ်။

ယခုမှာတော့ PDFလူငယ်လေးတစ်ယောက်ဟာ တောတောင်တွေထဲ သွားရောက်ပြီး တိုက်ပွဲဝင်နေချိန်မှာအသိမိတ်ဆွေအချို့ရဲ့ ခွဲခြားဆက်ဆံခြင်းကို ခံနေရကြောင်း ပြောပြလာခဲ့ပါတယ်။

ချစ်ခင်ရသူတွေ၊ လေးစားအားကျရသူတွေ၊ ခင်မင်ရတဲ့ သူငယ်ချင်းတွေက PDFတစ်ယောက်နဲ့ သိလို့ဆိုပြီး အဖမ်းခံရမှာစိုးတာကြောင့် သူ့ကိုစကားမပြောတော့ဘဲ ရှောင်ဖယ်နေကြကြောင်း အဆိုပါPDFလူငယ်လေးက ဖွင့်ဟထားခဲ့ပါတယ်။

အဆိုပါလူငယ်လေးက သူလည်းခံစားတတ်တဲ့ အသွေးနဲ့အသားနဲ့ တည်ဆောက်ထားတဲ့ သာမန်လူငယ်တစ်ယောက်ဖြစ်တာမို့ ယခုလိုရှောင်ဖယ်ခံရတာကြောင့် စိတ်မကောင်းဖြစ်ပြီး ခံစားနေရကာ ခံပြင်းနေခဲ့ပါတယ်။

ခက်ခဲပင်ပန်းမှုတွေနဲ့ အစွမ်းကုန်အားတင်းနေရတဲ့ ယခုလိုအချိန်တွေမှာ ချစ်ခင်ရသူတွေဆီက အားပေးစကားက ဘာနဲ့မှ တန်ဖိုးမဖြတ်နိုင်ကြောင်း ပြောပြထားခဲ့ပါတယ်။

အဆိုပါPDFလူငယ်လေးက ” ငါ့ကိုဘေးပို့လိုက်လို့လည်း ငါခံစားရ ခဏပါဘဲ အားလုံးကို မှတ်သားထားတယ် တစ်ယောက်ချင်းစီအတွက် ငါ့ ရင်ဘတ်ထဲမှာ ထွင်းထုထားတယ် တစ်ချိန် ငါတို့ ပြန်ဆုံဖြစ်မယ်ဆိုရင် လက်သုံးချောင်း ထောင်ပြီး နှုတ်ဆက်မယ်

မျက်လွှာတွေ အောက်မချသွားကြေးပေါ့ကွာ ခင်ဗျားတို့ရဲ့ တစ်ချိန်က သူငယ်ချင်း ” ဆိုပြီး လူမှုကွန်ယက်ထက်မှာ ရေးသားထားပါတယ်။

ရှာင်ဖယ်ခံနေရတဲ့ PDFလူငယ်လေးကို ပြည်သူတွေက အားတင်းထားဖို့၊ယခုကိစ္စတွေကို ခေါင်းထဲမထည့်ဖို့ အားပေးစကားတွေပြောဆိုနေကြပါတယ်။

Credit Original

PDFနဲ႔သိရင္ အဖမ္းခံရမွာစိုးလို႔ဆိုၿပီး သူငယ္ခ်င္းေတြက စကားမေျပာေတာ့ဘဲ ေရွာင္ဖယ္ေနတာေၾကာင့္ ဝမ္းနည္းခံစားေနရတဲ့ PDFလူငယ္ေလး

ျမန္မာလူငယ္ေလးေတြကေတာ့ အပင္ပန္းခံၿပီး ေတာေတာင္ေတြထဲ သြားေရာက္ကာ စစ္ပညာကို သင္ၾကားေနၾကပါတယ္။

ယခုလိုစြန႔္လႊတ္အနစ္နာခံေနတဲ့ PDFလူငယ္ေလးေတြကို သားသမီးခ်င္းကိုယ္ခ်င္းစာၿပီး အားေပးေထာက္ခံေနၾကတဲ့ ျပည္သူေတြရွိသလိုအဖမ္းခံရမွာစိုးတာေၾကာင့္ PDFလူငယ္ေတြကို ေရွာင္ဖယ္ေနၾကတဲ့ ျပည္သူေတြလည္းရွိပါတယ္။

ယခုမွာေတာ့ PDFလူငယ္ေလးတစ္ေယာက္ဟာ ေတာေတာင္ေတြထဲ သြားေရာက္ၿပီး တိုက္ပြဲဝင္ေနခ်ိန္မွာအသိမိတ္ေဆြအခ်ိဳ႕ရဲ႕ ခြဲျခားဆက္ဆံျခင္းကို ခံေနရေၾကာင္း ေျပာျပလာခဲ့ပါတယ္။

ခ်စ္ခင္ရသူေတြ၊ ေလးစားအားက်ရသူေတြ၊ ခင္မင္ရတဲ့ သူငယ္ခ်င္းေတြက PDFတစ္ေယာက္နဲ႔ သိလို႔ဆိုၿပီး အဖမ္းခံရမွာစိုးတာေၾကာင့္ သူ႔ကိုစကားမေျပာေတာ့ဘဲ ေရွာင္ဖယ္ေနၾကေၾကာင္း အဆိုပါPDFလူငယ္ေလးက ဖြင့္ဟထားခဲ့ပါတယ္။

အဆိုပါလူငယ္ေလးက သူလည္းခံစားတတ္တဲ့ အေသြးနဲ႔အသားနဲ႔ တည္ေဆာက္ထားတဲ့ သာမန္လူငယ္တစ္ေယာက္ျဖစ္တာမို႔ ယခုလိုေရွာင္ဖယ္ခံရတာေၾကာင့္ စိတ္မေကာင္းျဖစ္ၿပီး ခံစားေနရကာ ခံျပင္းေနခဲ့ပါတယ္။

ခက္ခဲပင္ပန္းမႈေတြနဲ႔ အစြမ္းကုန္အားတင္းေနရတဲ့ ယခုလိုအခ်ိန္ေတြမွာ ခ်စ္ခင္ရသူေတြဆီက အားေပးစကားက ဘာနဲ႔မွ တန္ဖိုးမျဖတ္ႏိုင္ေၾကာင္း ေျပာျပထားခဲ့ပါတယ္။

အဆိုပါPDFလူငယ္ေလးက ” ငါ့ကိုေဘးပို႔လိုက္လို႔လည္း ငါခံစားရ ခဏပါဘဲ အားလုံးကို မွတ္သားထားတယ္ တစ္ေယာက္ခ်င္းစီအတြက္ ငါ့ ရင္ဘတ္ထဲမွာ ထြင္းထုထားတယ္ တစ္ခ်ိန္ ငါတို႔ ျပန္ဆုံျဖစ္မယ္ဆိုရင္ လက္သုံးေခ်ာင္း ေထာင္ၿပီး ႏႈတ္ဆက္မယ္

မ်က္လႊာေတြ ေအာက္မခ်သြားေၾကးေပါ့ကြာ ခင္ဗ်ားတို႔ရဲ႕ တစ္ခ်ိန္က သူငယ္ခ်င္း ” ဆိုၿပီး လူမႈကြန္ယက္ထက္မွာ ေရးသားထားပါတယ္။

ရွာင္ဖယ္ခံေနရတဲ့ PDFလူငယ္ေလးကို ျပည္သူေတြက အားတင္းထားဖို႔၊ယခုကိစၥေတြကို ေခါင္းထဲမထည့္ဖို႔ အားေပးစကားေတြေျပာဆိုေနၾကပါတယ္။

Credit Original