ဗဟုသုတ

အိပ်မောကျခါနီးမှာ ခန္ဓာကိုယ်က အလိုလို ဆတ်ခနဲဖြစ်သွားရတဲ့ အကြောင်းအရင်း

အိပ်မောကျခါနီးမှာ ခန္ဓာကိုယ်က အလိုလို ဆတ်ခနဲဖြစ်သွားလေ့ရှိတာ ဘာကြောင့်လဲ

အိပ်မောကျခါနီး အချိန်မှာ ခန္ဓာကိုယ်က ဆတ်ခနဲ၊ သိမ့်ခနဲ ဖြစ်သွားတဲ့ ခံစားချက်မျိုးကို ခံစားဖူးလား…၊

တကယ်တော့ ဒီလို ဖြစ်ရခြင်းက ကြွက်သားတွေ လှုပ်ရှားခြင်းကြောင့် ဖြစ်တယ်လို့ ပညာရှင်တွေရဲ့ လေ့လာချက်တွေက ဖော်ပြနေပါတယ်။

နောက်ပြီး ဒီလိုဖြစ်ရခြင်းက အခုဖော်ပြမယ့် အကြောင်းအရာတွေ ကြောင့်ပဲ ဖြစ်ပါတယ်နော် …။

အိပ်တစ်ဝက် နိုးတစ်ဝက် အခြေအနေ

လူတွေဟာ နိုးနေတဲ့အချိန်မှာ ဦးနှောက်က လုပ်ဆောင်မှုတွေကို ဆက်လက်လုပ်ဆောင်နေပြီး လူတွေရဲ့ နိုးကြားတဲ့ အသိစိတ်ကို ဖြစ်စေနိုင်ပါတယ်။ နောက်တစ်ခုကတော့ အိပ်စက်အနားယူချိန်မှာ ဦးနှောက်က လုပ်ဆောင်မှု အားလုံးကို ပိတ်ချလိုက်ပြီး လူတွေကို အနားယူ စေတာပါ။

ဒါပေမယ့် ဒီလို အခြေအနေရဲ့ ကြားအခြေအနေဖြစ်တဲ့ နိုးတစ်ဝက် အိပ်တစ်ဝက် အခြေအနေမှာ အဖွင့်အပိတ် စနစ်ကို သေချာမလုပ်ဆောင် နိုင်လိုက်တဲ့အတွက် အိပ်နေတဲ့အချိန်မှာ အသိစိတ်ကနေ လှုံဆော်မှုကြောင့် ခန္ဓာကိုယ် ဆတ်ခနဲ ဖြစ်သွားစေတာ ဖြစ်ပါတယ် …။

အိပ်မက်နဲ့ လက်တွေ့ ထိန်းချုပ်မှုကြောင့် အိပ်နေတဲ့အချိန်မှာ ခန္ဓာကိုယ် ဆတ်ခနဲ ခံစားသွားရခြင်း နောက်တစ်ချက်က ဦးနှောက်ကနေပြီး အိပ်မက်နဲ့ လက်တွေ့အခြေအနေကို ထိန်းချုပ်ခြင်းကြောင့် ဖြစ်လာ ရတာပါ။

ဥပမာ – အိပ်မက်ထဲမှာ ဘောလုံးကန်နေတယ်လို့ မြင်မက်တဲ့အချိန်မှာ အပြင်မှာလည်း

တကယ့်ကို ကန်လိုက်မိတာမျိုး။ ဒါဟာ ဦးနှောက်က ထိန်းချုပ်ဖို့ ကြိုးစားနေတဲ့ အခြေအနေမှာသာ ရှိနေတာကြောင့်ပဲ ဖြစ်ပါတယ် …။

စိတ် ဖိစီးမှုကြောင့်

အိပ်စက်နေတဲ့ အချိန်မှာ ခန္ဓာကိုယ်က ဆတ်ခနဲ ဖြစ်သွားရခြင်း နောက်တစ်ချက်က စိတ်ဖိစီးမှု များနေတဲ့ အတွက်ကြောင့် ဖြစ်ပါတယ်။

လူဟာ စိတ်ဖိစီးမှုများနေတဲ့အခါ ခန္ဓာကိုယ်က ထိန်းချုပ်နိုင်စွမ်း မေ့လာ တတ်ပါတယ်။

ဒီလိုကြောင့် အိပ်မပျော်ခြင်းတွေနဲ့ အိပ်ပျော်သွားသည့်တိုင်အောင် ခန္ဓာကိုယ်က ဆတ်ခနဲခံစားရပြီး လန့်နိုးလာတတ်တာမျိုး ဖြစ်ပေါ်တတ်တာပါ …။ ။

Zawgyi

အိပ္ေမာက်ခါနီးမွာ ခႏၶာကိုယ္က အလိုလို ဆတ္ခနဲျဖစ္သြားေလ့ရွိတာ ဘာေၾကာင့္လဲ

အိပ္ေမာက်ခါနီး အခ်ိန္မွာ ခႏၶာကိုယ္က ဆတ္ခနဲ၊ သိမ့္ခနဲ ျဖစ္သြားတဲ့ ခံစားခ်က္မ်ိဳးကို ခံစားဖူးလား…၊

တကယ္ေတာ့ ဒီလို ျဖစ္ရျခင္းက ႂကြက္သားေတြ လႈပ္ရွားျခင္းေၾကာင့္ ျဖစ္တယ္လို႔ ပညာရွင္ေတြရဲ႕ ေလ့လာခ်က္ေတြက ေဖာ္ျပေနပါတယ္။

ေနာက္ၿပီး ဒီလိုျဖစ္ရျခင္းက အခုေဖာ္ျပမယ့္ အေၾကာင္းအရာေတြ ေၾကာင့္ပဲ ျဖစ္ပါတယ္ေနာ္ …။

အိပ္တစ္ဝက္ ႏိုးတစ္ဝက္ အေျခအေန

လူေတြဟာ ႏိုးေနတဲ့အခ်ိန္မွာ ဦးေႏွာက္က လုပ္ေဆာင္မႈေတြကို ဆက္လက္လုပ္ေဆာင္ေနၿပီး လူေတြရဲ႕ ႏိုးၾကားတဲ့ အသိစိတ္ကို ျဖစ္ေစႏိုင္ပါတယ္။ ေနာက္တစ္ခုကေတာ့ အိပ္စက္အနားယူခ်ိန္မွာ ဦးေႏွာက္က လုပ္ေဆာင္မႈ အားလုံးကို ပိတ္ခ်လိုက္ၿပီး လူေတြကို အနားယူ ေစတာပါ။

ဒါေပမယ့္ ဒီလို အေျခအေနရဲ႕ ၾကားအေျခအေနျဖစ္တဲ့ ႏိုးတစ္ဝက္ အိပ္တစ္ဝက္ အေျခအေနမွာ အဖြင့္အပိတ္ စနစ္ကို ေသခ်ာမလုပ္ေဆာင္ ႏိုင္လိုက္တဲ့အတြက္ အိပ္ေနတဲ့အခ်ိန္မွာ အသိစိတ္ကေန လႈံေဆာ္မႈေၾကာင့္ ခႏၶာကိုယ္ ဆတ္ခနဲ ျဖစ္သြားေစတာ ျဖစ္ပါတယ္ …။

အိပ္မက္နဲ႔ လက္ေတြ႕ ထိန္းခ်ဳပ္မႈေၾကာင့္ အိပ္ေနတဲ့အခ်ိန္မွာ ခႏၶာကိုယ္ ဆတ္ခနဲ ခံစားသြားရျခင္း ေနာက္တစ္ခ်က္က ဦးေႏွာက္ကေနၿပီး အိပ္မက္နဲ႔ လက္ေတြ႕အေျခအေနကို ထိန္းခ်ဳပ္ျခင္းေၾကာင့္ ျဖစ္လာ ရတာပါ။

ဥပမာ – အိပ္မက္ထဲမွာ ေဘာလုံးကန္ေနတယ္လို႔ ျမင္မက္တဲ့အခ်ိန္မွာ အျပင္မွာလည္း

တကယ့္ကို ကန္လိုက္မိတာမ်ိဳး။ ဒါဟာ ဦးေႏွာက္က ထိန္းခ်ဳပ္ဖို႔ ႀကိဳးစားေနတဲ့ အေျခအေနမွာသာ ရွိေနတာေၾကာင့္ပဲ ျဖစ္ပါတယ္ …။

စိတ္ ဖိစီးမႈေၾကာင့္

အိပ္စက္ေနတဲ့ အခ်ိန္မွာ ခႏၶာကိုယ္က ဆတ္ခနဲ ျဖစ္သြားရျခင္း ေနာက္တစ္ခ်က္က စိတ္ဖိစီးမႈ မ်ားေနတဲ့ အတြက္ေၾကာင့္ ျဖစ္ပါတယ္။

လူဟာ စိတ္ဖိစီးမႈမ်ားေနတဲ့အခါ ခႏၶာကိုယ္က ထိန္းခ်ဳပ္ႏိုင္စြမ္း ေမ့လာ တတ္ပါတယ္။

ဒီလိုေၾကာင့္ အိပ္မေပ်ာ္ျခင္းေတြနဲ႔ အိပ္ေပ်ာ္သြားသည့္တိုင္ေအာင္ ခႏၶာကိုယ္က ဆတ္ခနဲခံစားရၿပီး လန္႔ႏိုးလာတတ္တာမ်ိဳး ျဖစ္ေပၚတတ္တာပါ …။ ။