(1)စာတတ်တဲ့ ယောက်ထက် စာနာစိတ်ရှိတဲ့ ယောက်ျားကိုသာ ရွေးချယ်ပါ တစ်မိုးအောက်ထဲ အတူနေထိုင်မဲ့သူဆိုတာ ကိုယ့်ခံစားချက်ကို စာနာစိတ်နဲ့ ကြည့်မြင်တတ်သူ ဖြစ်နေဖို့ သိပ်လိုအပ်တယ် ။
(2)ပညာတတ်သူထက် ကြင်နာစိတ် ရှိသူကိုသာ ရွေးချယ်ပါ ကိုယ့်ဘဝ တစ်သက်တာလုံး အနီးဆုံးမှာ ရှိနေမဲ့သူဟာ ကိုယ့်ရဲ့လိုအပ်ချက်တွေကို ကြင်နာတတ်တဲ့ စိတ်နဲ့ ဖေးမနိုင်သူဖြစ်ဖို့ သိပ်လိုအပ် ပါတယ် ။
(3)ငွေချမ်းသာ သူထက် စိတ်ထား ရိုးဖြောင့်သူကိုသာ ရွေးချယ်ပါ ဘဝတစ်လျှောက်လုံး အေးအတူပူအမျှ လက်တွဲ ထားရမဲ့ သူဟာ ကိုယ့်လိုအပ်ချက်တွေကို
ငွေနဲ့ဖြည့်ဆည်းပေးနိုင်ရုံနဲ့ မရဘူး ဘယ်အရာမှာ မဆို ပွင့်လင်း ရိုးသားစွာနဲ့ ဆက်ဆံရေးကသာ နှစ်ဦးနှစ်ဖက် အငြိုးကင်းစေတဲ့ လက်နက်ဖြစ်တယ်
(4)ဂုဏ်ရှိသူထက် ပြုံးရယ် နိုင်စေသူကိုသာ ရွေးချယ်ပါ လူ့ဘဝဆိုတာ ရေလှိုင်းလိုပဲ အနိမ့်အမြင့်ရှိတယ် ကိုယ့်အရိပ် အဖြစ် ခိုလှုံနေရသူဟာ ဘယ်လို အခက်ခဲတွေနဲ့ ကြုံလာပါစေ မားမားမတ်မတ် ရပ်တည်ပေးပြီး ပြုံးရယ် နိုင်စေသူဖြစ်ဖို့ အဓိက ကျတယ်
(5)ရုပ်ချောသူထက် အသိုင်းဝိုင်း သန့်ရှင်းသူ ကိုသာ ရွေးချယ်ပါ မတူညီတဲ့ အသိုင်းဝိုင်းနှစ်ခု ပေါက်ဖွား လာသူတွေ တစ်ဘဝအတူ လက်တွဲပြီး တစ်မိုးအောက်ထဲနေဖို့ ဆိုတာ ပတ်ဝန်းကျင် ပါလာသလို နှစ်ဖက်အသိုင်းဝိုင်းဆိုတာလည်း အိမ်ထောင်စုတစ်ခုရဲ့ တစ်စိပ်တစ်ဒေသမှာ ပါဝင်ပါတ်သက်စေပါတယ် ကိုယ့်ဘဝကို တစ်သက်တာပေးအပ်ထားရမဲ့သူဟာ ကိုယ်နှုတ်အမူအယာ ယဉ်ကျေးပြီး မိမိသိက္ခာကို တန်ဖိုးထားတတ်သူဖြစ်ဖို့ အရေးကြီးဆုံးပဲ
6)ဥစ္စာပြည့်စုံသူထက် နားလည်မှုရှိသူကိုသာ ရွေးချယ်ပါ ကိုယ့်ရဲ့အနီးဆုံးမှာနေတဲ့သူဆိုတာ မတော်တဆ အမှားတွေအပေါ် ဒါမှမဟုတ် မိမိအသိုင်းဝိုင်းနဲ့ ဆက်ဆံရေးမှာ သဘောထားကြီးပြီး နားလည်မှုရှိသူဖြစ်ဖို့လည်း လိုအပ်ပါတယ်
တကယ်တော့ အိမ်ထောင်ပြုခြင်း ဆိုတဲ့ အရာကို ကျူးလွန်ပြီး သွားရင် ယောက်ျားလေးဖြစ်စေ မိန်းကလေးဖြစ်စေ လက်ရှိ တန်ဖိုး ထက်တော့ ကျဆင်းသွားရတာပါပဲ ။အိမ်ထောင်သည် ဘဝရောက် သွားပြီးရင်
မိန်းမသားတွေက ယောက်ျားသားတွေ ထက် မိမိကိုယ်ပိုင် အခွင့်အရေးတွေ ၊ထိန်းချုပ်ခံရတာတွေ ပိုလာသလို ၊ မိမိဖြစ်ချင်တဲ့ အခွင့်အရေးတွေများစွာ ပေးဆပ် လိုက်ရ ပါတယ်။
ဒါကြောင့် အိမ်ထောင်ပြုတော့မယ်လို့ ဆုံးဖြတ် လိုက်ရင် လူတစ်ယောက်ကို အပေါ်ယံတင် ဆုံးဖြတ် တာမျိုး ရှောင်ကျဉ်ပါ အချိန်ပေးပြီးလေ့လာပါ လူတစ်ယောက်ရဲ့စိတ်ဓာတ်ကို သိဖို့
အချိန်ကြာကြာ စောင့်ကြည့်ဖို့ မလိုအပ်ပါဘူး သတိကြီးကြီးနဲ့ စောင့်ကြည့်ကြည့်လိုက်ပါ လူတစ်ယောက်ရဲ့ မနောဆိုတာ မထင်မှတ်တဲ့ အရာတွေ ကနေ အဖြေတွေပေါ်လာ တတ်ပါတယ်။
တစ်သက်တာ စိတ်ချမ်းသာ ချင်ရင် လူရွေးမမှားဖို့ အတွက် တခါတရံတော့ မျက်ရည်တွေလည်း ရင်းနှီးလိုက်ပါ ညီမလေး။
Credit
=========
Credit