သွေးသားမတော်ပေမယ့် (၇၅) နှစ်အရွယ်ရေခဲချောင်းသည် ကို တစ်သက်စာထောက်ပံ့ပေးတဲ့ စေတနာရှင်
Source ; ကိုဂျိမ်း(ဒလ)
ပရိသတ်ကြီးရေ ကျောထောက်နောက်ခံမရှိတဲ့ သက်ကြီးရွယ်အိုတွေအတွက် စားဝတ်နေရေးဟာ ခက်ခဲပါတယ်
ဒီလို ခက်ခဲတဲ့ အဘွားအိုတစ်ဦးကို ကုသိုလ်ပြုခဲ့တဲ့လူရဲ့ စေတနာတရားကတော့ တကယ့်ကိုအံ့သြစရာမို့ ပြန်လည်မျှဝေလိုက်ရပါတယ်…
ရန်ကုန်ပေါက်ဈေး ကုန်ဈေးနှုံးအတိုင်း ရောင်းချနေသော ဒလမြို့နယ်၊ ကမာကဆစ်ရပ်ကွက်၊ဗိုလ်မင်းရောင်လမ်းနေ ဦးသန်းဦး(ကောင်းသန့်ကုန်စုံဆိုင်) ဇနီး ဒေါ်ဇင်ညိုလတ်၊သမိး ရွှန်းလဲ့ဦး၊သား မောင်အောင်မင်းခန့် မိသားစု မှ ဒလမြို့နယ်အတွင်း လှည့်လည်ကာ နေ့စဉ်ပုံမှန် ခက်ခဲ
ပင်ပန်းစွာဖြင့် ရေခဲချောင်းရောင်းကာ စား၊ ဝတ်၊ နေရေးအတွက် ရုန်းကန်နေရသော ဒလမြို့၊ကျန်စစ်သားရပ်ကွက်နေ အသက်(၇၅)နှစ်အရွယ် အဖွားအို အား လစဉ်ပုံမှန်(၁)လလျှင် (၆၀၀၀ဝိ/)ကျပ်နှင့်အတူ ဆန်၊ ဆီ၊ ဆား၊ ငရုပ်၊ ကြက်သွန် စသည့်
မီးဖိုချောင်သုံးပစ္စည်းများကို ရာသက်ပန် လှူဒါန်းမည့်အပြင် ကျန်းမာရေးဆိုင်ရာ ကိစ္စအဝဝကိုလည်းယနေ့ မေ ၇ ရက်၊ မွန်းလွဲ(၃)နာရီအချိန်မှစ၍ စေတနာသန့်သန့် စိတ်ရင်းစေတနာဖြင့် တာဝန်ယူကူညီပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ဒါကြောင့် စေတနာရှင် ဦးလေးအတွက် ဂုဏ်ပြုစကားလေး ဆိုခဲ့ပါအုံးနော်..
Source ; ကိုဂျိမ်း(ဒလ)