ၾကားသိရသမွ်

တရားစွဲဆို ဖမ်းဆီးထားသည့် အနုပညာရှင် များ ဆယ်လီများ၏ အမှုများ ပိတ်သိမ်းကာ လွတ်ငြိမ်းချမ်းသာခွင့်ပေး

ဖမ်းဆီးထိန်းသိမ်းခံထားရသည့် အနုပညာရှင်များထဲမှ ၂၄ဦးနှင့် လူမှုကွန်ရက်တွင် လူသိများသူ ၁၀ဦးတို့၏အမှုများအား ပိတ်သိမ်း

ရန်ကုန်၊အောက်တိုဘာ ၁၈ရက်

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်ရ လူဦးရေ ငါးထောင်ကျော်ထဲတွင် အနုပညာရှင်အချို့နှင့် လူမှုကွန်ရက်ပေါ် လူသိများသူ အချို့ ပါဝင်သည်ဟု နစက ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

အနုပညာရှင် (၂၄)ဦးနှင့် လူမှုကွန်ရက်တွင်လူသိများသူ (၁၀)ဦးတို့အပေါ် အရေးယူထားသည့် အမှုများအား ရုတ်သိမ်းလိုက်သည်ဟု ပြောသည်။

အနုပညာရှင် ၂၄ဦးနဲ့ လှုမှုကွန်ယက်မှာ ကျော်ကြားသူ ၁၀တို့အား အမှုပိတ်သိမ်း

လွှတ်ပေးမယ့်အထဲမှာ အနုပညာရှင်၂၄ယောက်၊လှုမှုကွန်ယက်မှာကျော်ကြားသူ ၁၀ယောက်ပါဝင်ပါတယ်။လွှတ်ပေးမယ့်အထဲမှာ CDM ကြောင့်ဖမ်းထားသူတွေလည်းပါမယ်

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အနုပညာရှင်တွေ လွတ်မြောက်တော့မယ်လို့ သတင်းကြေညာခဲ့ချိန်မှာ သရုပ်ဆောင်ပိုင်တံခွန်ရဲ့အမဖြစ်သူက သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာလည်း စာလေးတင်ပြီးရေးသားထားခဲ့ပါတယ်။

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လူဦးရေငါးထောင်ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေး

နေပြည်တော်၊အောက်တိုဘာ ၁၈ရက်

ပြစ်ဒဏ်လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် လူဦးရေငါးထောင်ကျော်အား လွတ်ငြိမ်းချမ်းသာခွင့်ပေးလိုက်ကြောင်း နစက ဥက္ကဋ္ဌ က ယနေ့တွင်ကြေညာသည်။

အမိန့်အမှတ် ( ၁၈၆ /၂၀၂၁)၊အမိန့်အမှတ် ( ၁၈၇ /၂၀၂၁) တို့ဖြင့်ကြေညာခြင်းဖြစ်ကာလွတ်ငြိမ်းချမ်းသာခွင့်ထဲ အနုပညာရှင်များလည်း ပါဝင်နေသည်။

ယနေ့ လွတ်ငြိမ်းချမ်းသာခွင့်သည် ဆန္ဒပြမှုများနှင့်စပ်လျဉ်း၍ ကြားနာစစ်ဆေးဆဲပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်းခြင်း၊အကျဉ်းကျနေသူတို့ကို ခံဝန်ဖြင့် ပြစ်ဒဏ်များလျော့ပေါ့ လွတ်ငြိမ်းချမ်းသာခွင့်ပေးခြင်းဖြစ်သည်။

တရားစွဲဆိုခြင်းခံနေရသူ လေးထောင်ကျော်လွတ်ငြိမ်းချမ်းသာခွင့်ကြေညာချက်တွင် အကြောင်းအမျိုးမျိုးကြောင့် ဆူပူဆန္ဒပြမှုများတွင်ပါဝင်ခဲ့သဖြင့် အရေးယူခံရပြီး နိုင်ငံတော်အတွင်း တရားရုံးအသီးသီးတွင် တရားစွဲဆိုခြင်းခံနေရသူများအား လူသားချင်း စာနာထောက်ထားမှုကို အလေးထားသောအားဖြင့်လည်းကောင်း၊

ပြည်သူလူထု နှလုံးစိတ်ဝမ်း အေးချမ်းစေရန်နှင့် နိုင်ငံတော်တည်ဆောက်ရေးတွင် ပါဝင်နိုင်စေရန်အတွက်လည်းကောင်း နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် တရားစွဲဆိုခြင်းခံနေရသူ (၄၃၂၀) ဦးတို့၏ ကြားနာစစ်ဆေးဆဲ ပြစ်မှုဆိုင်ရာအမှုများကို ပိတ်သိမ်း၍ တရားခံများအား အမှုမှလွှတ်လိုက်သည်ဟုဆိုသည်။

အကျဉ်းကျနေသာ တစ်ထောင်ကျော်လွတ်ငြိမ်းကြေညာချက်တွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌသည် အကျဉ်းထောင် အချုပ်ထောင်/စခန်းအသီးသီးတွင် အကျဉ်းကျခံနေကြရသော အကျဉ်းသား/သူ (၁၃၁၆) ဦးတို့ကို ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ ၄၀၁၊ ပုဒ်မခွဲ (၁) အရ “နောက်တစ်ကြိမ်ပြစ်မှုထပ်မံကျူးလွန်ပါက ၎င်းပြစ်ဒဏ်အပြင် ယခုကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များကိုပါ ဆက်လက်ကျခံပါမည်”ဟူသော စည်းကမ်းသတ်မှတ်ချက်ဖြင့် ယင်းတို့ကျခံရန်ကျန်ရှိသော ပြစ်ဒဏ်များအပေါ်လျှော့ပေါ့၍ ပြစ်ဒဏ် လွတ်ငြိမ်းသက်သာခွင့်ပြုလိုက်သည်ဟု ဖော်ပြထားသည်။

Credit