မြမြ သည် လှ၏ ။ အသက် ၁၉ နှစ်အရွယ် မြမြဆိုသောကလေးမလေးသည် မြို့ကြီးသူများ နည်းတူ အသားအရေမှာ ဖြူဖွေး နုဖတ်လွန်းလှသည်။ကိုဘမောင် အိမ်သို့ မြမြ စရောက်သည့် နေ့တွင် မြမြသည် တစ်စုံတစ်ခုအား စိုးရွံ့နေသဖွယ်ထင်ရသည်။အိမ်ဖော်မလေး မြမြ ၏ မျက်နှာ အချိုးအစားလေးအား ကိုဘမောင် ဆိုဖာမှ ထိုင်ကာ သေချာအကဲခေတ်နေသည်။မြမြသည် ခေါင်းကိုသာ ငုံ့မြဲတိုင်းငုံ့ထား၏။
“မစော ကလေးမလေး နာမည်က”
မစောဆိုသော အိမ်ဖော်ပွဲစားမိန်းမကြီးသည် မြမြ ၏လက်အားစုပ်ကိုင်ကာ ကိုဘမောင်အား သွက်လက်စွာ ပြန်ဖြေလိုက်သည်။
“မြမြ ပါ ကိုဘမောင် .. ကလေးမလေးကိုတော့ ကျွန်မအာမခံပါတယ်ရှင်”
“ဒါတော့ ကျုပ် ခင်များစေတနာ နားလည်ပါတယ် မစောရယ် ပြသနာမှ မဟုတ်တာ”
မြမြသည် အဆီဝင်းနေသော ကိုဘမောင် မျက်နှာအား မော့ကြည့်လိုက်သည်။ကိုဘမောင်သည် နှစ်လိုဖွယ်ကောင်းတောာ အပြုံးမျိုးဖြင့် ဆီးကြိုလိုက်တော့ မြမြ ရင်ထဲ နွေးကနဲ ဖြစ်သွား၏။
“မြမြ အသက်က ၁၉ ဆို ဟုတ်သလား”
“ဟုတ်…..ဟုတ်”
မြမြသည် လေသံခပ်တိုးတိုးဖြင့် ပြန်ဖြေကာ ကိုဘမောင်မေးခွန်းအား ခေါင်းလေးညိတ်ပြန်ဖြေလိုက်သည်။ထိုအချိန် မစောသည် ကိုဘမောင်အား စကားဝင်ထောက်ပေးသည်။
“မြမြ တို့ ရွာက ဧရာဝတီ တိုင်းထဲကပဲ ကိုဘမောင် .. သူ့မိဘတွေက နေမကောင်းတော့ ဆေးဖိုးဝါးခ နေနေသာသာ စားဖို့တောင်အနိုင်နိုင်ဖြစ်နေတာမို့ ကျွန်မကပဲ ကူညီတဲ့သဘောပါ”
“အာ.. ဒါ ကူညီကောင်းမဲ့ အရာပါ မစောရဲ့ .. ကျုပ်တို့မြန်မာတွေဟာ ကူညီရိုင်းပင်းတဲ့နေရာမှာ ကမ္ဘာမှာ နံပါတ် တစ် မဟုတ်လား”
“ဒါပေါ့ရှင် ဟွင်းဟွင်း”
မစော၏ ပါးစပ်ကြီးပိတ်ပြီး ရယ်သံကြောင့် ကိုဘမောင်ကလေး မေးလေးပွတ်ရင်း လိုက်ရယ်ဖြစ်ခဲ့သည်။မြမြ ကိုဘမောင် အိမ်သို့ ရောက်လာသည်မှာ ဒီနေ့နှင့်ဆို တစ်လ ပြည့်ပြီ ဖြစ်သည်။ကိုဘမောင် ဆိုသော လူကြီးသည် မြမြ အပေါ်ကောင်း၏ ။ အဝတ်အစားများ အသုံးအဆောင်များအား မြမြ အတွက် ရံဖန်ရံခါ အများအပြား ဝယ်လာတက်သည်။ကိုဘမောင်ဆိုသော လူကြီး၏ အလုပ်ကတော့ မြမြကြားဖူးသည်မှာ ကားပွဲစား ဆိုသလား ကြားဖူးနားဝရှိသည်။
ပွဲစားတို့မည် ပွဲလေးအောင်ရင် မူးလာတက်သည့် သဘာဝရှိတာမို့ မြမြ မှာ ထိုအချိန် ဆို စိတ်ညစ်ရတက်သည်။တစ်ခါတရံ အိမ်တံခါးဖွင့်ပေးသည့် တပြိုင်နက် မြမြ ၏ ပါးလေးအား ကိုမောင်သည် အားနဲ့ ဖိနမ်းတက်သည်။ထိုအချိန်မျိုးဆို မြမြ ရှက်သည်။ဘာရယ် ကြောင့် မှန်းမသိ မြမြ ရင်ခုန်သံတွေ ဗလောင်ဆူလာသည်။
စနေမိုးသည် ရွာလိုက် တိတ်လိုက်ဖြင့် ပျင်းရိဖွယ် ကောင်းလှသည်။မြန်မာဆိုရိုး စကားပုံ ရှိသည်မဟုတ်လော စနေမိုးဆိုတာ သူဌေးမိုးပဲ တဲ့ ဆိုသော စကားဖြစ်သည်။မြမြသည် ကိုဘမာင် ပြန်အလာကို စောင့်နေသည်။ညသည် ပုဇဉ်းအော်သံ ဖားအော်သံများနှင့်အတူ စိုစွတ်စွာ တိတ်ဆိတ်လှလွန်းသည်။
“ကျွီ”
အိမ်ရှေ့ သံပန်းတံခါးဖွင့်ကြားသည့် တပြိုင်နက် မြမြ သည် မီးပူတိုက်လက်စအား ရပ်ကာ အိမ်မကြီးတံခါးဖွင့်ရန် ပြင်လိုက်သည်။
“မြမြ”
“မြမြ ရေ… ကိုကြီး ပြန်လာပြီလေ”
မြမြသည် အိမ်မကြီး ဂျလက်အား ဖွင့်သည့်တပြိုင်နက် အရက်နံ့များနှင့်အတူ ကိုဘမောင်၏ ခန္ဓာကိုယ်ကြီးသည် မြမြ ၏ ကိုယ်ပေါ်သို့ ပြိုဆင်းလာသည်။
“အကိုကြီး ဘာလို့ အဲ့လောက်သောက်လာရတာလဲ”
“ဂွင်ကျော်ခံရလို့ မြရဲ့ .. Sorry Sorry မြ ”
ကိုဘမာင်သည် မြမြ ၏ ခန္ဓာကိုယ်ပေါ်မှာ အားယူစွာ ကုန်းထလိုက်သည်။ထို့နောက် ယိုင်တိယိုင်တိုင်ဖြင့် ထမင်းစားခန်းသို့ လျှောက်သွားသည်။မြမြသည် ကိုဘမောင်၏ နောက်မှ တိတ်ဆိတ်စွာ ကပ်လိုက်လာသည်။စနေမိုး၏ ရိုက်ခတ်သံများသည် အိမ်ခေါင်းမိုးသွပ်ပေါ်သို့ တဂျောင်းဂျောင်းဖြင့် ရိုက်ခတ်သံ ကြားရသည်။
ကိုဘမောင်သည် ရေခဲသေတ္တာထဲမှ ဂျော်နီ တံဆိပ် အရက် ပုလင်းကို ထုတ်ကာ ထမင်းစားစားပွဲ ပေါ် တင်လိုက်သည်။
“မြမြ စားစရာဘာရှိလဲ”
“ဟိုဟို ကြက်သားကြော် ရှိတယ်ကိုကြီး”
မြမြသည် တုန်တုန်ယင်ယင်ဖြင့် အုပ်ဆောင်းထဲမှ ကြက်သားကြော်ပန်ကန်အား ကိုဘမောင်ရှေ့သို့ ချပေးလိုက်သည်။
“ကိုကြီး”
မြမြ၏ ခေါ်သံကြောင့် ကိုဘမောင်သည် စင်းနေသော မျက်လုံးများဖြင့် ပင့်ကြည့်လိုက်သည်။ယနေ့မှ မြမြသည် ပိုပြီး စွဲဆောင်မှု့ရှိသယောင် ထင်ရသည်။ထဘီကို ကျစ်နေအောင်ဝတ်ထားသည့် မြမြ၏ ခန္ဓာကိုယ်ကောက်ကြောင်းသည် ထင်းလင်းနေအောင် ပေါ်လွင်လှသည်။
“ပြောလေ မြမြ”
“ဟိုလေ ဖေကြီး အသည်းအသန်ဖြစ်နေလို့ ဆေးရုံတင်နေရတယ်”
“အင်း”
ကိုဘမောင်သည် ဝီစကီ အနည်းငယ်အားမော့သောက်လိုက်သည်။
“ဘယ်လောက်လိုတာလဲ မြမြ”
“ငါးသိန်းထဲပါ”
ကိုဘမောင်သည် ခြေလှမ်းကျဲကြီးဖြင့် ယိုင်ထိုးကာ အခန်းထဲသို့ ဝင်ချသွားသည်။
“မြမြ”
အိပ်ခန်းထဲမှ ကိုဘမောင် ၏ ခေါ်သံကြောင့် မြမြသည် ဖြေးညှင်းစွာ ဝင်လိုက်သည်။ကိုဘမောင်သည် ကုတင်ဒေါင့်စွန်း၌ ထိုင်ကာ ငါးထောက်တန်ပိုက်ဆံ အထပ်လိုက်ကို ကိုက်ထားသည်။
“ဒီကာလ မှာ လူတိုင်းက ကြပ်တည်းနေကြတာဟ….ဒါပေမဲ့ မြမြအဖေဆိုတာလဲ ကိုကြီးဦးလေးလိုပါပဲ ကိုကြီး ကူညီပေးလိုက်မယ်”
“ဟုတ်”
“တစ်ခုတော့ရှိတယ် မြမြ ပိုက်ဆံဆို ဘယ်အရာမှ အလကားမရဘူး ဒါကို မြမြ သိဖို့လိုတယ်”
“မြမြ ပ်ုကြိုးစားပြီး လုပ်ပါ့မယ် ကိုကြီး”
“အခုငါးသိန်းအတွက် မြမြ ကို ကိုကြီး ပိုင်ဆိုင်ချင်တယ်”
“ရှင်”
“စဉ်းစားပါ မြမြ ဒါဟာ အချိန်တိုခရီးလေးတစ်ခုပါ”
မြမြသည် ကိုဘမောင် ပေးလိုက်သော ပိုက်ဆံအားကိုင်ကာ တွေဝေမိသွားသည်။ကိုဘမောင်သည် ပိုက်ဆံပေးပြီးသည့် တပြိုင်နက်
ယခင် ထမင်းစားဝိုင်းမှ ဝီစကီကို သွားသောက်လေတော့သည်။
ဆယ့်ငါးမိနစ်ခန့်ကြာတော့ ကိုဘမောင် အိပ်ခန်းထဲသို့ ဝင်လာသည်။မြမြသည် ရှေးကအတိုင်းပင် တွေတွေလေးထိုင်နေသည်။
“မြမြ”
ကိုဘမောင်သည် မြမြ၏ ပုခုံးအားလက်နှစ်ဖက်ဖြင့် ကိုင်ကာ မြမြ၏ နှစ်ခမ်းကို စနမ်းလိုက်သည်။ထိုညသည် မြမြ နှင့် ကိုဘမောင်၏ မိုးများသည်းသော ညဖြစ်သည်။ညည်းသံသဲ့သဲ့လေးကိုလဲကြားရသည်။အိပ်ယာခင်းသည် တွန့်လိမ် ကြေမွနေသည်။
နေရောင်ခြည်သည် ကိုဘမောင်၏ မျက်နှာပေါ်သို့ တိုးဝင်လာသည့် တပြိုင်နက် ကိုဘမောင် လန့်နိုးသွားသည်။အိပ်ယာဘေးတွင် မြမြ မရှိတော့တာ တွေ့ရသည်။ညက အရှိန်လွန်သွားတာမို့ ဘာတွေ ဖြစ်ကုန်မှန်း ကိုဘမောင် စဉ်းစားမရတာ အမှန်ပင်။ကိုဘမောင် အိပ်ယာပေါ်မှာ အားယူထသည့်အချိန် ခေါင်းထဲ မိုက်ကနဲ ဖြစ်သွားသည်။မတ်တပ်ရပ်လိုက်တော့လဲ လူက နုန်းချိနေသည်။ကုတင်အောက် ကြမ်းခင်းတွင် ကွန်ဒုံးများတွေ့ရသည်။
“ဟာ.. မြမြ”
ကိုဘမောင် ကပြာကယာဖြင့် မြမြအခန်းထဲ ပြေးသွားကြည့်ချိန် မြမြအခန်းတွင် မြမြ၏ အဝတ်အစားများမရှိတော့ချေ။
“သေစမ်း..ငါတော့ စောက်တလွဲတွေ လုပ်မိပြီထင်တယ်”
ကိုဘမောင်သည် ဆိုဖာပေါ်၌ ထိုင်ကာညက အဖြစ်အပျက်ကို စဉ်းစားရကြပ်နေသည်။
“မြမြကလဲ မရှိတော့ဘူး ကွိုင်တွေလဲ ငါတွေ့ရတာဆိုတော့ ဒါဆိုငါနဲ့ မြမြက”
ကိုဘမောင်သည် မျက်လုံးကြီး ပြူ းရင်း ခြေမကိုင်မိ လက်မကိုင် ဖြစ်သွားရ၏။
“မဖြစ်ဘူး မစောကို ဖုန်းခေါ်ရမယ်”
ကိုဘမောင်သည် ပါးစပ်က တတွတ်တွတ်ပြောရင်း အိမ်ဖော်ပွဲစား မစော ၏ ဖုန်းကို လှမ်းခေါ်လိုက်သည်။
“ဟဲလို ကိုဘမောင် နေကောင်းလားရှင့် ဟွင်းဟွင်း”
“အဲ့ကိစ္စနောက်မှ ပြောစမ်းပါ အခု မြမြ လိပ်စာကျုပါကို ပေးစမ်း”
“ဘာလို့လဲရှင့်”
“မမေးနဲ့ဗျာ အရေးကြီးလို့တောင်းတာ”
“အဲ ကျွန်မလဲ ဧရာဝတီတိုင်းထဲကပဲ သိတာ ရွာနာမည်မသိဘူးရယ် အခုက ဘာဖြစ်ကြလို့လဲ”
မစော၏ မေးခွန်းကြောင့် ကိုဘမောင် ဘေးကြပ်နံကြပ် ဖြစ်သွားရသည်။
“ကျုပ်မှားသွားပြီ မစောရ”
“ရှင်”
“ဟုတ်တယ် ကျုပ် မြမြ အပေါ် အဝှာ.. အာဗျာ”
ကိုဘမောင် သူ့စကားနှင့် သူ ရှက်မိသွားသည်။
“ချက်ကမန်း” အဲမှားလို့ “ခနနေပါဦး”
ချက်ကမန်းဆိုတာ ကိုရီးယားလို ခနနေပါဦး ဆိုတဲ့စကားဖြစ်သည်။ဤကား စကားချပ်..
“တစ်ခုခု လွဲနေတယ် ကိုဘမောင်”
“ဘာမှ မလွဲဘူး မစော ကျွန်တော်မှားသွားတာ ကျွန်တော်သိတယ် အိပ်ယာဘေးမှာလဲ ကွိုင်တွေ တွေ့တယ်”
“အို ဒုက္ခပါပဲရှင်”
“ဟုတ်တယ် မစော မြမြ ဒုက္ခရောက်ပြီထင်တယ်”
“အာ မြမြ ဒုက္ခမရောက်ဘူး ရှင်ဒုက္ခရောက်တာ”
“ဟမ်”
မစော၏ မရှင်းမရှင်းစကားကြောင့် ကိုဘမောင် နားမလည်နိုင်ဖြစ်သွားသည်။
“မြမြ ဒုက္ခရောက်ကမှာလေ ကျုပ်မဟုတ်ဘူး မစောရ”ယ
“မဟုတ်ဘူးကိုဘမောင် မြမြ နာမည်အရင်းက ထွန်းမြ တဲ့”
“ငင့်’
ကိုဘမောင် အသံတိမ်ဝင်သွားသည်။နဖူးထက်က ချွေးစီးများလဲ စီးကျလာသည်။
“ရှင် သူ့မှတ်ပုံတင် မကြည့်ဘူးလား”
“ဟင့်အင်”
“သေစမ်း”
မစောစကားအား ကိုဘမောင် နည်းနည်း နားလည်သလို ရှိလာသည်။မစောကလဲ သက်ပြင်းချည်းချနေသည်။
“သူက မိန်းမချောချောတာ ကိုဘမောင်ရဲ့ ပြန်စဉ်းစားကြည့်ပါဦး ညက ဘယ်သူဒုက္ခရောက်တာလဲလို့”
ကိုဘမောင် သည် မစောအား ခနပြောကာ ဖုန်းချပြီး အခန်းထဲသို့ ပြေးဝင်သွားသည်။အခန်းထဲရောက်တော့ ခုနက တွေ့တဲ့ ကွိုင်ကို ကိုင်ပြီး သူ့အဝှာနဲ့ တိုင်းကြည့်သည်။
“လခွမ်း ဒါ ငါ့Size မှ မဟုတ်တာဟ Size အကြီးကြီးပဲ”
ကိုဘမောင်သည် ကွိုင်အား ကိုင်ပြီး ငိုမလိုရီမလို ဖြစ်နေသည့်အချိန် အိမ်ရှေ့မှ ထီသည် သည် သီချင်းဖွင့်ရင်း ဖြတ်သွားသည်။သီချင်းကလဲ ထိုအချိန်မှ တိုက်ဆိုင်လွန်းလှသည်။
ရဲရင့်အောင်ရဲ့ မမေးနဲ့…..
“ဒဏ်ရာတွေလာပေးတဲ့ ကလေးငယ် ပြန်မြင်ယောင်နေဆဲ …. မိုးတွေ သည်းမဲ ရွာနေခဲ့”
ငိငိ
#မောင်သီ