ဘယ်နေရာရောက်ရောက် ခွေးကျွေးတဲ့အလုပ်ကလေးကိုတော့ ၀တ်တစ်ခုလိုကိုထားပြီးလုပ်ဖြစ်ပါတယ်။ တစ်ခါတလေဆို လမ်းပေါ်မှာခွေးပိန်ကလေးတွေ တွေ့ရရင်တောင် နီးစပ်ရာမုန့်ဆိုင်က၀ယ်ပြီး ကျွေးခဲ့ဖူးပါတယ်။ တစ်နေ့တော့ ဒီခွေးကျွေးတာနှင့်ပတ်သက်ပြီး သူငယ်ချင်းကမေးခွန်းတစ်ခုမေးလာပါတယ်။
တနင်္လာနံမို့ ခွေးကျွေးတာလားတဲ့။ မိမိက တနင်္လာနံဆိုတာဘာလဲလို့ ပြန်မေးတော့ သူငယ်ချင်းက ငွေနံလေတဲ့။ ဒီတော့မှမိမိလည်းသဘောပေါက်သွားပြီး တနင်္လာနံကြောင့်တော့မဟုတ်ဘူး။ သီဟိုဠ်၀တ္ထုလေးတစ်ပုဒ်ကို ဖတ်ဖူးထားလို့ပါလို့ပြောပြီး အဲဒီသီဟိုဠ်၀တ္ထုလေးကိုပါ သူငယ်ချင်းကိုပြောပြဖြစ်လိုက်ပါတယ်။
သူငယ်ချင်းကသြော်… ဒါကြောင့်ကိုးလို့ အတည်လိုလိုနောက်သလိုလိုနဲ့ ပြန်ပြောခဲ့တာ အခုအထိမှတ်မိနေပါသေးတယ်။ သူငယ်ချင်းကိုပြောပြဖူးခဲ့တဲ့ သီဟိုဠ်၀တ္ထုလေးကို ဓမ္မမိတ်ဆွေတွေကိုလည်း ပြန်ပြောပြချင်ပါတယ်။
တစ်ခါတုန်းက သီဟိုဠ်ကျွန်းမှာ “အရှင်စူဠနာဂ” လို့အမည်ရတဲ့ မထေရ်တစ်ပါးရှိခဲ့ဖူးပါတယ်။ သီဟိုဠ်ကျွန်း အနုရာဓမြို့မှာ မြတ်စွာဘုရားရဲ့ညှပ်ရိုးတော်ကို ဌာပနာထားရာလည်းဖြစ်၊ ဒေဝါနံပိယတိဿမင်းကြီးရဲ့ ကောင်းမှုလည်းဖြစ်တဲ့ ထူပါရုံစေတီဆိုတာရှိပါတယ်။
ထူပါရုံစေတီတော်ရဲ့အနီးမှာရှိတဲ့ ကျောင်းကြီးကိုလည်း ထူပါရုံကျောင်းတိုက်ကြီးလို့ ခေါ်ပါတယ်။ အရှင်စူဠနာဂဟာ အဲဒီထူပါရုံကျောင်းတိုက်ကြီးမှာ တခြားရဟန်းတော်တွေနှင့်အတူ သီတင်းသုံးနေတဲ့ ရဟန်းတစ်ပါးပါ။
တစ်နေ့မှာ အရှင်စူဠနာဂဆွမ်းစားပြီးလို့ ခံတွင်းဆေးပြီးချိန်မှာ သားတွေပေါက်ထားတဲ့ခွေးမတစ်ကောင်ကို တွေ့လိုက်ရပါတယ်။ ခွေးမကိုသေချာကြည့်လိုက်တော့ ပိန်ပိန်ချည့်ချည့်နဲ့ အတော်ဆာလောင်မွတ်သိပ်နေတဲ့ပုံပါ။ ဆာလောင်မွတ်သိပ်နေပုံရတဲ့ ခွေးမကိုမြင်လိုက်တော့ အရှင်စူဠနာဂက တော်တော်လေးသနားသွားပါတယ်။
ဒါပေမယ့်ဆွမ်းစားပြီး သပိတ်ဆေးပြီးပြီဆိုတော့ ကျွေးစရာဆွမ်းကျန်လည်းမရှိတော့ပါဘူး။ ဒါကြောင့် ဘာလုပ်လိုက်သလဲဆိုတော့ ငါသည်စားအပ်ပြီးသော အစာမှန်သော်လည်း ထိုခွေးမအား အန်၍ လှူအံ့သောငှာအပ်၏လို့ နှလုံးပိုက်ပြီး မိမိရဲ့ခံတွင်းထဲကို လက်ထိုးအန်ပြီး ခွေးမကိုကျွေးလိုက်ပါတယ်။
အရှင်စူဠနာဂဟာ ခွေးမကိုအန်ကျွေးရုံတင်မကပါဘူး၊ အိုးခြမ်းကွဲတစ်ခုထဲမှာ ရေထည့်ပြီးရေလဲတိုက်လိုက်ပါသေးတယ်။ အစာထိုက်သင့်သလောက်ဝသွားတဲ့ခွေးမကိုကြည့်ပြီး အရှင်စူဠနာဂလည်း တစ်ခါမှမဖြစ်ဖူးတဲ့ ပီတိတွေဖြစ်လာပါတယ်။ ဒါကြောင့် ဆုတစ်ခုကိုကောက်ခါငင်ခါ တောင်းလိုက်ပါတယ်။
သူ့ရဲ့ဆုတောင်းက…
“ ငါသည်… ဤခွေးမအား မိမိရဲ့ခန္ဓာကိုယ်ကို မငဲ့ကွက်ဘဲ အန်၍ကျွေးလိုက်ရသော ကုသိုလ်ကောင်းမှုကြောင့်နိဗ္ဗာန်ရောက်ရပါလို၏။ နိဗ္ဗာန်မရသေး၍ သံသရာကျင်လည်ရသည်ရှိသော် ပစ္စည်းလာဘ်လာဘပေါများရပါလို၏” တဲ့။ စာမှာတော့ အရှင်စူဠနာဂရဲ့ ဒါနစေတနာဟာ ပထမဇောအဆင့်မှာတင် အရှိန်အဟုန်အစွမ်း တော်တော်ကြီးမားနေခဲ့တယ်လို့ဆိုပါတယ်။
အရှင်စူဠနာဂဆုတောင်းတဲ့နေ့ ညချမ်းမှာပဲ ဒကာ ဒကာမများစွာဟာ ထောပတ်တွေ၊ တင်လဲခဲတွေ၊ သကာတွေ၊ ပျားရည်တွေ ယူလာပြီး အရှင်စူဠနာဂ ဘယ်ကျောင်းမှာ နေပါသလဲလို့မေးပြီး ရောက်လာကြပါတယ်။ အရှင်စူဠနာဂလည်း ကိုယ့်ကိုယ်ကို အံ့အားသင့်နေပါတယ်။
အရှင်စူဠနာဂဟာ ရောက်လာတဲ့ဘုဉ်းပေးစရာတွေကို သီတင်းသုံးဖော်ရဟန်းတော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။ နောက်မကြာခင်မှာ ဒကာဒကာမတွေ ထပ်ရောက်လာပြန်ပါတယ်။ သူတို့သီဟိုဠ်ခေတ်မှာအသုံးများတဲ့ ဇာတိပ္ဖိုလ်ပွင့် အစရှိတဲ့ဆေးတွေကို ယူလာပြီးကပ်လှူပြန်ပါတယ်။
အရှင်စူဠနာဂလည်း ရှေးနည်းအတိုင်း သီတင်းသုံးဖော်တွေကိုပါ ခွဲဝေလှူဒါန်းလိုက်ပါတယ်။ နံနက်လင်းလို့ ဆွမ်းခံကြွတဲ့အခါမှာတော့ ဒကာဒကာမတွေဟာ ရေတွက်လို့မရနိုင်လောက်အောင် ဆွမ်းဟင်းများစွာကို လောင်းလှူတော့တာပါပဲတဲ့။
ဘယ်လောက်အထိ ဆွမ်းတွေရသလဲဆိုရင် ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်အားလုံး သုံးဆောင်နိုင်လောက်အောင်အထိ များပြားလွန်းတယ်လို့ဆိုပါတယ်။ ဒါကြောင့် အရှင်စူဠနာဂက ကျောက်စည်ကိုတီးခတ်ပြီး ထူပါရုံကျောင်းတိုက်မှာ သီတင်းသုံးနေတဲ့ ရဟန်းတော်တွေကို ပြန်ပြီးလောင်းလှူလိုက်ပါတယ်။
နောက်ရက်တွေမှာလည်း အရှင်စူဠနာဂဟာ ရသမျှဆွမ်းဟင်းတွေကို ကျောက်စည်တီးခတ်ပြီးနေ့စဉ်ပြန်လှူခဲ့ပါတယ်။ တစ်နေ့မှာတော့ အရှင်စူဠနာဂဟာ မိမိပြုခဲ့တဲ့ ဒါနစေတနာကို ပြန်ဆင်ခြင်ရင်း ပီတိတွေဖြစ်လာပါတယ်။ အဲဒီဖြစ်ပေါ်လာတဲ့ ပီတိကိုအခြခံပြီး ဝိပဿနာဘက်ကူး ကမ္မဋ္ဌာန်းဘာ၀နာကို ကြိုးကြိုးစားစား အားထုတ်လိုက်တာ ရဟန္တာဖြစ်သွားခဲ့ပါတယ်။
တက်ကြွထက်သန်တဲ့ “ဒါနစေတနာ” ဟာ ပစ္စုပ္ပန်အကျိုးတင်မကဘဲ အရဟတ္တဖိုလ်အထိ အကျိုးပေးသွားတာပါပဲ။ အရှင်စူဠနာဂ ရဟန္တာဖြစ်ပြီးနောက်ပိုင်း တစ်ခုသောကာလကြာကြာ ရက်တစ်ရက်မှာ ထူပါရုံကျောင်းတိုက်မှာရှိတဲ့ ရဟန်းတော်ငါးရာကြွလာပြီး
မဇ္စျိမဒေသ အိန္ဒိယနိုင်ငံမှာရှိတဲ့ မဟာဗောဓိပင်ကို လိုက်ပို့ပေးဖို့ တောင်းပန်ကြပါတယ်။ အရှင်စူဠနာဂကလည်း လိုက်ပို့ပေးပါမယ်လို့ ပြန်၀န်ခံလိုက်ပါတယ်။ အရှင်စူဠနာဂကို လိုက်ပို့ပေးဖို့ တောင်းပန်ရခြင်းရဲ့ အဓိကအကြောင်းကတော့ လမ်းခရီးတစ်လျှောက်မှာ ဆွမ်းကွမ်းအခက်အခဲ မရှိအောင်လို့ပါ။
အရှင်စူဠနာဂလည်း ဂတိခံထားတဲ့အတိုင်း ရဟန်းတော်ငါးရာကို မဟာဗောဓိပင်ကို လိုက်ပို့ပေးပါတယ်။ လမ်းခရီးတစ်လျှောက်မှာ နတ်ကောင်းနတ်မြတ်တွေက ကူညီစောင့်ရှောက်သလိုရောက်ရာဒေသက ဒကာဒကာမတွေကလည်း ဆွမ်းအချိုပွဲတွေ အလျှံအပယ်လောင်းလှူကြပါတယ်။
မဟာဗောဓိပင်ကိုဖူးပြီး အပြန်ခရီးမှာတော့ အရှင်စူဠနာဂဟာ လေ၀မ်းရောဂါကို အပြင်းအထန်ခံစားရပါတော့တယ်။ ဒီတော့ အတူပါလာသူ ရဟန်းတော်တွေလည်း စိတ်မကောင်းဖြစ်ကြရပါတယ်။ သူတို့စိတ်မကောင်းဖြစ်ကြခြင်းရဲ့ အကြောင်းကတော့ အကယ်၍အရှင်စူဠနာဂ လမ်းခရီးမှာ ပရိနိဗ္ဗာန်ပြုခဲ့ရင် သူတို့အတွက် ဆွမ်းဘောဇဉ်အခက်အခဲ တွေ့ကြမှာစိုးလို့ပါ။
ဒါကိုသိတဲ့ အရှင်စူဠနာဂက အဖော်ရဟန်းငါးရာကို ဘယ်လိုမိန့်သလဲဆိုတော့ အရှင်ဘုရားတို့၊ အထွေအထူး မစိုးရိမ်ကြပါနဲ့။ တပည့်တော် ပရိနိဗ္ဗာန်ပြုခဲ့ရင် ကြွင်းကျန်တဲ့ တပည့်တော်ရဲ့ဓါတ်တော်ကို ရှေ့ဆုံးကကြွတဲ့ မထေရ်ရဲ့ရေစစ်မှာဖြစ်ဖြစ်၊ သပိတ်မှာဖြစ်ဖြစ် ဖွဲ့ချည်ပြီးမြို့ရွာထဲ၀င်ပါဘုရား။
ဒါဆို… အရှင်ဘုရားတို့အတွက် လမ်းခရီးမှာ ပစ္စည်းလေးပါးအတွက် မပင်မပန်းဖြစ်ရပါလိမ့်မယ်ဘုရားလို့ အကြံပေးတော်မူပါတယ်။ အရှင်စူဠနာဂမထေရ်လည်း အဲဒီလိုအကြံပေးပြီး မကြာခင်မှာပဲ ပရိနိဗ္ဗာန်ပြုသွားပါတယ်။ ကျန်ခဲ့တဲ့ သတင်းသုံးဖော်ရဟန်းတော်တွေက အရှင်စူဠနာဂရဲ့ အလောင်းတော်ကို ကောင်းကောင်းသဂြိုလ်ပြီး အရှင်စူဠနာဂမှာခဲ့တဲ့အတိုင်း ဓါတ်တော်တွေကိုယူပြီးကြွတော်မူကြပါတယ်။
ကြွတော်မူတဲ့ လမ်းခရီးတစ်လျှောက် ပစ္စည်းလေးပါးမပင်မပန်းနဲ့ မိမိတို့သီတင်းသုံးရာ သီဟိုဠ်ကျွန်းထူပါရုံကျောင်းတိုက်ကို ပြန်ရောက်ခဲ့တယ်လို့ဆိုပါတယ်။ စေတနာကြီးမားလှတဲ့ သာမန်ဒါနလေးဟာ ကာယကံရှင်မရှိတော့တာတောင် ကျန်ခဲ့သူတွေအတွက် အကျိုးပြုသွားတဲ့ သီဟိုဠ်ဓမ္မ၀တ္ထုလေးပါ။
စေတနာရဲ့ သဘောသရုပ်ကို ဖွင့်ပြခဲ့တဲ့ ၀တ်ထုလေးအဖြစ်လည်း ပူးတွဲသဘောပေါက်လိုက်ရပါတယ်။ အရှင်စူဠနာဂရဲ့၀တ္ထုလေးကို သတိရနေသမျှတော့ခွေးတွေကို ကျွေးဖြစ်နေအုံးမှာပါ။ ခွေးတွေကို ကျွေးဖြစ်နေသမျှတော့ အရှင်စူဠနာဂရဲ့ ၀တ္ထုလေးကို သတိရနေဖြစ်အုံးမှာပါ။
credit; အရှင်ရာဇိန္ဒ (ရဝနွယ်အင်းမ)
zawgyi
ဘယ္ေနရာေရာက္ေရာက္ ေခြးေကြၽးတဲ့အလုပ္ကေလးကိုေတာ့ ၀တ္တစ္ခုလိုကိုထားၿပီးလုပ္ျဖစ္ပါတယ္။ တစ္ခါတေလဆို လမ္းေပၚမွာေခြးပိန္ကေလးေတြ ေတြ႕ရရင္ေတာင္ နီးစပ္ရာမုန္႔ဆိုင္က၀ယ္ၿပီး ေကြၽးခဲ့ဖူးပါတယ္။ တစ္ေန႔ေတာ့ ဒီေခြးေကြၽးတာႏွင့္ပတ္သက္ၿပီး သူငယ္ခ်င္းကေမးခြန္းတစ္ခုေမးလာပါတယ္။
တနလၤာနံမို႔ ေခြးေကြၽးတာလားတဲ့။ မိမိက တနလၤာနံဆိုတာဘာလဲလို႔ ျပန္ေမးေတာ့ သူငယ္ခ်င္းက ေငြနံေလတဲ့။ ဒီေတာ့မွမိမိလည္းသေဘာေပါက္သြားၿပီး တနလၤာနံေၾကာင့္ေတာ့မဟုတ္ဘူး။ သီဟိုဠ္၀တၳဳေလးတစ္ပုဒ္ကို ဖတ္ဖူးထားလို႔ပါလို႔ေျပာၿပီး အဲဒီသီဟိုဠ္၀တၳဳေလးကိုပါ သူငယ္ခ်င္းကိုေျပာျပျဖစ္လိုက္ပါတယ္။
သူငယ္ခ်င္းကေၾသာ္… ဒါေၾကာင့္ကိုးလို႔ အတည္လိုလိုေနာက္သလိုလိုနဲ႔ ျပန္ေျပာခဲ့တာ အခုအထိမွတ္မိေနပါေသးတယ္။ သူငယ္ခ်င္းကိုေျပာျပဖူးခဲ့တဲ့ သီဟိုဠ္၀တၳဳေလးကို ဓမၼမိတ္ေဆြေတြကိုလည္း ျပန္ေျပာျပခ်င္ပါတယ္။
တစ္ခါတုန္းက သီဟိုဠ္ကြၽန္းမွာ “အရွင္စူဠနာဂ” လို႔အမည္ရတဲ့ မေထရ္တစ္ပါးရွိခဲ့ဖူးပါတယ္။ သီဟိုဠ္ကြၽန္း အႏုရာဓၿမိဳ႕မွာ ျမတ္စြာဘုရားရဲ႕ညႇပ္႐ိုးေတာ္ကို ဌာပနာထားရာလည္းျဖစ္၊ ေဒဝါနံပိယတိႆမင္းႀကီးရဲ႕ ေကာင္းမႈလည္းျဖစ္တဲ့ ထူပါ႐ုံေစတီဆိုတာရွိပါတယ္။
ထူပါ႐ုံေစတီေတာ္ရဲ႕အနီးမွာရွိတဲ့ ေက်ာင္းႀကီးကိုလည္း ထူပါ႐ုံေက်ာင္းတိုက္ႀကီးလို႔ ေခၚပါတယ္။ အရွင္စူဠနာဂဟာ အဲဒီထူပါ႐ုံေက်ာင္းတိုက္ႀကီးမွာ တျခားရဟန္းေတာ္ေတြႏွင့္အတူ သီတင္းသုံးေနတဲ့ ရဟန္းတစ္ပါးပါ။
တစ္ေန႔မွာ အရွင္စူဠနာဂဆြမ္းစားၿပီးလို႔ ခံတြင္းေဆးၿပီးခ်ိန္မွာ သားေတြေပါက္ထားတဲ့ေခြးမတစ္ေကာင္ကို ေတြ႕လိုက္ရပါတယ္။ ေခြးမကိုေသခ်ာၾကည့္လိုက္ေတာ့ ပိန္ပိန္ခ်ည့္ခ်ည့္နဲ႔ အေတာ္ဆာေလာင္မြတ္သိပ္ေနတဲ့ပုံပါ။ ဆာေလာင္မြတ္သိပ္ေနပုံရတဲ့ ေခြးမကိုျမင္လိုက္ေတာ့ အရွင္စူဠနာဂက ေတာ္ေတာ္ေလးသနားသြားပါတယ္။
ဒါေပမယ့္ဆြမ္းစားၿပီး သပိတ္ေဆးၿပီးၿပီဆိုေတာ့ ေကြၽးစရာဆြမ္းက်န္လည္းမရွိေတာ့ပါဘူး။ ဒါေၾကာင့္ ဘာလုပ္လိုက္သလဲဆိုေတာ့ ငါသည္စားအပ္ၿပီးေသာ အစာမွန္ေသာ္လည္း ထိုေခြးမအား အန္၍ လႉအံ့ေသာငွာအပ္၏လို႔ ႏွလုံးပိုက္ၿပီး မိမိရဲ႕ခံတြင္းထဲကို လက္ထိုးအန္ၿပီး ေခြးမကိုေကြၽးလိုက္ပါတယ္။
အရွင္စူဠနာဂဟာ ေခြးမကိုအန္ေကြၽး႐ုံတင္မကပါဘူး၊ အိုးျခမ္းကြဲတစ္ခုထဲမွာ ေရထည့္ၿပီးေရလဲတိုက္လိုက္ပါေသးတယ္။ အစာထိုက္သင့္သေလာက္ဝသြားတဲ့ေခြးမကိုၾကည့္ၿပီး အရွင္စူဠနာဂလည္း တစ္ခါမွမျဖစ္ဖူးတဲ့ ပီတိေတြျဖစ္လာပါတယ္။ ဒါေၾကာင့္ ဆုတစ္ခုကိုေကာက္ခါငင္ခါ ေတာင္းလိုက္ပါတယ္။
သူ႔ရဲ႕ဆုေတာင္းက…
“ ငါသည္… ဤေခြးမအား မိမိရဲ႕ခႏၶာကိုယ္ကို မငဲ့ကြက္ဘဲ အန္၍ေကြၽးလိုက္ရေသာ ကုသိုလ္ေကာင္းမႈေၾကာင့္နိဗၺာန္ေရာက္ရပါလို၏။ နိဗၺာန္မရေသး၍ သံသရာက်င္လည္ရသည္ရွိေသာ္ ပစၥည္းလာဘ္လာဘေပါမ်ားရပါလို၏” တဲ့။ စာမွာေတာ့ အရွင္စူဠနာဂရဲ႕ ဒါနေစတနာဟာ ပထမေဇာအဆင့္မွာတင္ အရွိန္အဟုန္အစြမ္း ေတာ္ေတာ္ႀကီးမားေနခဲ့တယ္လို႔ဆိုပါတယ္။
အရွင္စူဠနာဂဆုေတာင္းတဲ့ေန႔ ညခ်မ္းမွာပဲ ဒကာ ဒကာမမ်ားစြာဟာ ေထာပတ္ေတြ၊ တင္လဲခဲေတြ၊ သကာေတြ၊ ပ်ားရည္ေတြ ယူလာၿပီး အရွင္စူဠနာဂ ဘယ္ေက်ာင္းမွာ ေနပါသလဲလို႔ေမးၿပီး ေရာက္လာၾကပါတယ္။ အရွင္စူဠနာဂလည္း ကိုယ့္ကိုယ္ကို အံ့အားသင့္ေနပါတယ္။
အရွင္စူဠနာဂဟာ ေရာက္လာတဲ့ဘုဥ္းေပးစရာေတြကို သီတင္းသုံးေဖာ္ရဟန္းေတာ္ေတြကိုပါ ခြဲေဝလႉဒါန္းလိုက္ပါတယ္။ ေနာက္မၾကာခင္မွာ ဒကာဒကာမေတြ ထပ္ေရာက္လာျပန္ပါတယ္။ သူတို႔သီဟိုဠ္ေခတ္မွာအသုံးမ်ားတဲ့ ဇာတိပၹိဳလ္ပြင့္ အစရွိတဲ့ေဆးေတြကို ယူလာၿပီးကပ္လႉျပန္ပါတယ္။
အရွင္စူဠနာဂလည္း ေရွးနည္းအတိုင္း သီတင္းသုံးေဖာ္ေတြကိုပါ ခြဲေဝလႉဒါန္းလိုက္ပါတယ္။ နံနက္လင္းလို႔ ဆြမ္းခံႂကြတဲ့အခါမွာေတာ့ ဒကာဒကာမေတြဟာ ေရတြက္လို႔မရႏိုင္ေလာက္ေအာင္ ဆြမ္းဟင္းမ်ားစြာကို ေလာင္းလႉေတာ့တာပါပဲတဲ့။
ဘယ္ေလာက္အထိ ဆြမ္းေတြရသလဲဆိုရင္ ထူပါ႐ုံေက်ာင္းတိုက္မွာ သီတင္းသုံးေနတဲ့ ရဟန္းေတာ္အားလုံး သုံးေဆာင္ႏိုင္ေလာက္ေအာင္အထိ မ်ားျပားလြန္းတယ္လို႔ဆိုပါတယ္။ ဒါေၾကာင့္ အရွင္စူဠနာဂက ေက်ာက္စည္ကိုတီးခတ္ၿပီး ထူပါ႐ုံေက်ာင္းတိုက္မွာ သီတင္းသုံးေနတဲ့ ရဟန္းေတာ္ေတြကို ျပန္ၿပီးေလာင္းလႉလိုက္ပါတယ္။
ေနာက္ရက္ေတြမွာလည္း အရွင္စူဠနာဂဟာ ရသမွ်ဆြမ္းဟင္းေတြကို ေက်ာက္စည္တီးခတ္ၿပီးေန႔စဥ္ျပန္လႉခဲ့ပါတယ္။ တစ္ေန႔မွာေတာ့ အရွင္စူဠနာဂဟာ မိမိျပဳခဲ့တဲ့ ဒါနေစတနာကို ျပန္ဆင္ျခင္ရင္း ပီတိေတြျဖစ္လာပါတယ္။ အဲဒီျဖစ္ေပၚလာတဲ့ ပီတိကိုအျခခံၿပီး ဝိပႆနာဘက္ကူး ကမၼ႒ာန္းဘာ၀နာကို ႀကိဳးႀကိဳးစားစား အားထုတ္လိုက္တာ ရဟႏၲာျဖစ္သြားခဲ့ပါတယ္။
တက္ႂကြထက္သန္တဲ့ “ဒါနေစတနာ” ဟာ ပစၥဳပၸန္အက်ိဳးတင္မကဘဲ အရဟတၱဖိုလ္အထိ အက်ိဳးေပးသြားတာပါပဲ။ အရွင္စူဠနာဂ ရဟႏၲာျဖစ္ၿပီးေနာက္ပိုင္း တစ္ခုေသာကာလၾကာၾကာ ရက္တစ္ရက္မွာ ထူပါ႐ုံေက်ာင္းတိုက္မွာရွိတဲ့ ရဟန္းေတာ္ငါးရာႂကြလာၿပီး
မဇၥ်ိမေဒသ အိႏၵိယႏိုင္ငံမွာရွိတဲ့ မဟာေဗာဓိပင္ကို လိုက္ပို႔ေပးဖို႔ ေတာင္းပန္ၾကပါတယ္။ အရွင္စူဠနာဂကလည္း လိုက္ပို႔ေပးပါမယ္လို႔ ျပန္၀န္ခံလိုက္ပါတယ္။ အရွင္စူဠနာဂကို လိုက္ပို႔ေပးဖို႔ ေတာင္းပန္ရျခင္းရဲ႕ အဓိကအေၾကာင္းကေတာ့ လမ္းခရီးတစ္ေလွ်ာက္မွာ ဆြမ္းကြမ္းအခက္အခဲ မရွိေအာင္လို႔ပါ။
အရွင္စူဠနာဂလည္း ဂတိခံထားတဲ့အတိုင္း ရဟန္းေတာ္ငါးရာကို မဟာေဗာဓိပင္ကို လိုက္ပို႔ေပးပါတယ္။ လမ္းခရီးတစ္ေလွ်ာက္မွာ နတ္ေကာင္းနတ္ျမတ္ေတြက ကူညီေစာင့္ေရွာက္သလိုေရာက္ရာေဒသက ဒကာဒကာမေတြကလည္း ဆြမ္းအခ်ိဳပြဲေတြ အလွ်ံအပယ္ေလာင္းလႉၾကပါတယ္။
မဟာေဗာဓိပင္ကိုဖူးၿပီး အျပန္ခရီးမွာေတာ့ အရွင္စူဠနာဂဟာ ေလ၀မ္းေရာဂါကို အျပင္းအထန္ခံစားရပါေတာ့တယ္။ ဒီေတာ့ အတူပါလာသူ ရဟန္းေတာ္ေတြလည္း စိတ္မေကာင္းျဖစ္ၾကရပါတယ္။ သူတို႔စိတ္မေကာင္းျဖစ္ၾကျခင္းရဲ႕ အေၾကာင္းကေတာ့ အကယ္၍အရွင္စူဠနာဂ လမ္းခရီးမွာ ပရိနိဗၺာန္ျပဳခဲ့ရင္ သူတို႔အတြက္ ဆြမ္းေဘာဇဥ္အခက္အခဲ ေတြ႕ၾကမွာစိုးလို႔ပါ။
ဒါကိုသိတဲ့ အရွင္စူဠနာဂက အေဖာ္ရဟန္းငါးရာကို ဘယ္လိုမိန္႔သလဲဆိုေတာ့ အရွင္ဘုရားတို႔၊ အေထြအထူး မစိုးရိမ္ၾကပါနဲ႔။ တပည့္ေတာ္ ပရိနိဗၺာန္ျပဳခဲ့ရင္ ႂကြင္းက်န္တဲ့ တပည့္ေတာ္ရဲ႕ဓါတ္ေတာ္ကို ေရွ႕ဆုံးကႂကြတဲ့ မေထရ္ရဲ႕ေရစစ္မွာျဖစ္ျဖစ္၊ သပိတ္မွာျဖစ္ျဖစ္ ဖြဲ႕ခ်ည္ၿပီးၿမိဳ႕႐ြာထဲ၀င္ပါဘုရား။
ဒါဆို… အရွင္ဘုရားတို႔အတြက္ လမ္းခရီးမွာ ပစၥည္းေလးပါးအတြက္ မပင္မပန္းျဖစ္ရပါလိမ့္မယ္ဘုရားလို႔ အႀကံေပးေတာ္မူပါတယ္။ အရွင္စူဠနာဂမေထရ္လည္း အဲဒီလိုအႀကံေပးၿပီး မၾကာခင္မွာပဲ ပရိနိဗၺာန္ျပဳသြားပါတယ္။ က်န္ခဲ့တဲ့ သတင္းသုံးေဖာ္ရဟန္းေတာ္ေတြက အရွင္စူဠနာဂရဲ႕ အေလာင္းေတာ္ကို ေကာင္းေကာင္းသၿဂိဳလ္ၿပီး အရွင္စူဠနာဂမွာခဲ့တဲ့အတိုင္း ဓါတ္ေတာ္ေတြကိုယူၿပီးႂကြေတာ္မူၾကပါတယ္။
ႂကြေတာ္မူတဲ့ လမ္းခရီးတစ္ေလွ်ာက္ ပစၥည္းေလးပါးမပင္မပန္းနဲ႔ မိမိတို႔သီတင္းသုံးရာ သီဟိုဠ္ကြၽန္းထူပါ႐ုံေက်ာင္းတိုက္ကို ျပန္ေရာက္ခဲ့တယ္လို႔ဆိုပါတယ္။ ေစတနာႀကီးမားလွတဲ့ သာမန္ဒါနေလးဟာ ကာယကံရွင္မရွိေတာ့တာေတာင္ က်န္ခဲ့သူေတြအတြက္ အက်ိဳးျပဳသြားတဲ့ သီဟိုဠ္ဓမၼ၀တၳဳေလးပါ။
ေစတနာရဲ႕ သေဘာသ႐ုပ္ကို ဖြင့္ျပခဲ့တဲ့ ၀တ္ထုေလးအျဖစ္လည္း ပူးတြဲသေဘာေပါက္လိုက္ရပါတယ္။ အရွင္စူဠနာဂရဲ႕၀တၳဳေလးကို သတိရေနသမွ်ေတာ့ေခြးေတြကို ေကြၽးျဖစ္ေနအုံးမွာပါ။ ေခြးေတြကို ေကြၽးျဖစ္ေနသမွ်ေတာ့ အရွင္စူဠနာဂရဲ႕ ၀တၳဳေလးကို သတိရေနျဖစ္အုံးမွာပါ။
credit; အရွင္ရာဇိႏၵ (ရဝႏြယ္အင္းမ)