ဗဟုသုတ

ခေါင်းအုံးမပါပဲ အိပ်စက်ခြင်းကြောင့် ဘာတွေဖြစ်သွားနိုင်သလဲ

ခေါင်းအုံးမပါပဲ အိပ်စက်ခြင်းကြောင့် ဘာတွေဖြစ်သွားနိုင်သလဲ

ကမ္ဘာပေါ်ရှိ ပထမဦးဆုံးခေါင်းအုံးကို ရှေးဟောင်း မက်ဆိုပိုတေးမီးယားလူမျိုးများက တီထွင်ခဲ့ကြတာပါ။

ထိုခေါင်းအုံးသည် ကျောက်တုံးဖြင့် ပြုလုပ်ထားခြင်းဖြစ်ပြီး ပိုက်ဆံချမ်းသာသောလူကုံထံများသာ အသုံးပြုနိုင်ကြပါတယ်။

ရှေးဟောင်းခေါင်းအုံးနဲ့ မတူတဲ့အချက်ကတော့ ယနေ့ခေတ်ခေါင်းအုံးများသည် ပျော့ပျော့အိအိဖြင့် နူးညံ့ပြီး အချို့သူများဆိုလျှင်

ခေါင်းအုံးအကြီးကြီးကို ဖက်၍မအိပ်ရလျှင် အိပ်မပျော်ကြပါဘူး။ တကယ်တမ်းတော့ ခေါင်းအုံးဖြင့် အိပ်စက်ခြင်းသည် သင် ထင်သလောက် ကျန်းမာရေးအတွက်မကောင်းပါဘူး။

ခေါင်းအုံးမပါဘဲ အိပ်စက်ခြင်းကြောင့် ခံစားရရှိမယ့် အကျိုးကျေးဇူးများကတော့

ခါးနာခြင်းကို သက်သာစေခြင်း

ခေါင်းအုံးမပါဘဲ အိပ်စက်တဲ့အခါ သင့်ရဲ့ခန္ဓာကိုယ်အနေအထားသည် တစ်ဖြောင့်တည်းဖြစ်နေပြီး သင့်ရဲ့ကျောရိုးသည်လည်း ပုံသဏ္ဍာန်မှန်မှန်ဖြင့် အိပ်စက်အနားယူနိုင်ပါတယ်။

သင်က မကြာခဏ ခါးနာတတ်တယ်ဆိုရင်တော့ ခေါင်းအုံးမပါဘဲ အိပ်ကြည့်လိုက်ပါ။

လည်ပင်းနာခြင်းကို သက်သာစေခြင်း

ခေါင်းအုံးအများစုက သင့်ရဲ့ခန္ဓာကိုယ်ကို အနေအထားမှန်အောင် မပြုလုပ်ပေးနိုင်ကြပါဘူး။

အထူးသဖြင့် ခေါင်းအုံးက မြင့်နေမယ်ဆိုရင် သင့်လည်ပင်းကလည်း သက်သောင့်သက်သာရှိမှာမဟုတ်ဘဲ လည်ပင်းနာနိုင်ပါတယ်။

ခေါင်းအုံးဖယ်ရှားကာ အိပ်ကြည့်ပါက လည်ပင်းနာခြင်း သက်သာသွားပါလိမ့်မယ်။

ခေါင်းကိုက်ခြင်းကို သက်သာစေခြင်း…

သင် အိပ်ရာနိုးလာတဲ့အချိန်မှာ ခေါင်း လေးနေသလိုလို ခေါင်းကိုက်နေသလို ခံစားနေရပါက သင့်ခေါင်းအုံးသည် တရားခံပဲဖြစ်ပါတယ်။

သင့်ခေါင်းအုံးက မြင့်လွန်းတဲ့အခါ သင့်လည်ပင်းနဲ့ ဦးခေါင်းကို ခန္ဓာကိုယ်အရှေ့ဘက်သို့ ပိုရောက်အောင် တွန်းပို့နေပြီး လည်ပင်းကြွက်သားများ တင်းလာစေပါတယ်။ ထိုအချက်ကြောင့်ပဲ မနက်နိုးလာတဲ့အခါ သင် ခေါင်းကိုက်နေရခြင်းဖြစ်ပါတယ်။

စိတ်ဖိစီးမှုကို လျော့ချပေးခြင်း

သင့်ခေါင်းအုံးက အိပ်စက်ရတာ သက်သောင့်သက်သာမရှိတဲ့အခါ အိပ်ရာထဲမှာပဲ ဟိုလှည့်ဒီလှည့်နဲ့ အချိန်ကုန်သွားပြီး အိပ်စက်မရဖြစ်တတ်ပါတယ်။

ဒီလိုအိပ်မရတဲ့ည များလာတဲ့အခါ သင့်ခန္ဓာကိုယ်သည် အနားယူချိန်မရတော့ဘဲ သင့်ရဲ့စိတ်ခံစားချက်နဲ့ စဉ်းစားတွေးခေါ်နိုင်စွမ်းအပေါ် သက်ရောက်မှုရှိသွားကာ နေ့လည်ဘက်မှာလည်း သင့်ခန္ဓာကိုယ်ကနေ စိတ်ဖိစီးမှုဟော်မုန်းများ ထွက်လာပါလိမ့်မယ်။

ဝက်ခြံပေါက်ခြင်းမှ ကာကွယ်ပေးခြင်း

သင် ညဘက်အိပ်စက်တဲ့အခါ သင့်မျက်နှာသည် ခေါင်းအုံးနှင့် အများဆုံးထိတွေ့နေရပါတယ်။

သင်သည်လည်း သင့်ခေါင်းအုံးစွပ်ကို နေ့တိုင်းလျှော်ဖြစ်မှာမဟုတ်ပါဘူး။ ဖုန်မှုန့်များ၊ ဆီများ၊ အညစ်အကြေးများ ကပ်ညှိနေတဲ့ ခေါင်းအုံးစွပ်နှင့် သင့်မျက်နှာသည်

မကြာခဏ ထိတွေ့နေရတဲ့အခါ ဝက်ခြံထွက်ခြင်း၊ နီမြန်းရောင်ရမ်းခြင်းတို့ ဖြစ်ပေါ်တတ်ပြီး အရေးအကြောင်းများလည်း အရွယ်မတိုင်မှီ ပေါ်ထွက်လာတတ်ပါတယ်။

သင့်ဆံကေသာ အလှအပအတွက် အထောက်အကူပြုခြင်း သင် မနက်အိပ်ရာထတဲ့အခါ သင့်ဆံပင်သည် ခြောက်သွေ့ပြီး ရှုပ်ပွနေတတ်ပါတယ်။

ခေါင်းအုံးဖြင့် သင် အိပ်စက်တဲ့အခါ ဆံပင်နှင့် ခေါင်းအုံးစွပ်သည် ပွတ်တိုက်မှုဖြစ်ပြီး ဆံပင်ကျွတ်ခြင်း၊ ညှိခြင်းတို့ ဖြစ်ပေါ်တတ်ပါတယ်။

ခေါင်းအုံးစွပ်သည် သင့်ဆံကေသာရဲ့အဆီများကို စုပ်ယူလိုက်တဲ့အတွက်ကြောင့် သင့်ဆံပင်သည် ခြောက်သွေ့ကြမ်းတမ်းနေရခြင်းဖြစ်ပါတယ်။

တကယ်လို့ ခေါင်းအုံးမပါဘဲ အိပ်မယ်ဆိုရင်တော့ ဆံကေသာခြောက်သွေ့ကြမ်းတမ်းရခြင်း ပြဿနာမှ ကင်းဝေးရမှာဖြစ်ပါတယ်။

မူရင်းရေးသားသူအား လေးစားစွာဖြင့် Credits ပေးပါသည်။

zawgyi

ေခါင္းအုံးမပါပဲ အိပ္စက္ျခင္းေၾကာင့္ ဘာေတြျဖစ္သြားႏိုင္သလဲ

ကမာၻေပၚရွိ ပထမဦးဆုံးေခါင္းအုံးကို ေရွးေဟာင္း မက္ဆိုပိုေတးမီးယားလူမ်ိဳးမ်ားက တီထြင္ခဲ့ၾကတာပါ။

ထိုေခါင္းအုံးသည္ ေက်ာက္တုံးျဖင့္ ျပဳလုပ္ထားျခင္းျဖစ္ၿပီး ပိုက္ဆံခ်မ္းသာေသာလူကုံထံမ်ားသာ အသုံးျပဳႏိုင္ၾကပါတယ္။

ေရွးေဟာင္းေခါင္းအုံးနဲ႔ မတူတဲ့အခ်က္ကေတာ့ ယေန႔ေခတ္ေခါင္းအုံးမ်ားသည္ ေပ်ာ့ေပ်ာ့အိအိျဖင့္ ႏူးညံ့ၿပီး အခ်ိဳ႕သူမ်ားဆိုလွ်င္

ေခါင္းအုံးအႀကီးႀကီးကို ဖက္၍မအိပ္ရလွ်င္ အိပ္မေပ်ာ္ၾကပါဘူး။ တကယ္တမ္းေတာ့ ေခါင္းအုံးျဖင့္ အိပ္စက္ျခင္းသည္ သင္ ထင္သေလာက္ က်န္းမာေရးအတြက္မေကာင္းပါဘူး။

ေခါင္းအုံးမပါဘဲ အိပ္စက္ျခင္းေၾကာင့္ ခံစားရရွိမယ့္ အက်ိဳးေက်းဇူးမ်ားကေတာ့

ခါးနာျခင္းကို သက္သာေစျခင္း

ေခါင္းအုံးမပါဘဲ အိပ္စက္တဲ့အခါ သင့္ရဲ႕ခႏၶာကိုယ္အေနအထားသည္ တစ္ေျဖာင့္တည္းျဖစ္ေနၿပီး သင့္ရဲ႕ေက်ာ႐ိုးသည္လည္း ပုံသ႑ာန္မွန္မွန္ျဖင့္ အိပ္စက္အနားယူႏိုင္ပါတယ္။

သင္က မၾကာခဏ ခါးနာတတ္တယ္ဆိုရင္ေတာ့ ေခါင္းအုံးမပါဘဲ အိပ္ၾကည့္လိုက္ပါ။

လည္ပင္းနာျခင္းကို သက္သာေစျခင္း

ေခါင္းအုံးအမ်ားစုက သင့္ရဲ႕ခႏၶာကိုယ္ကို အေနအထားမွန္ေအာင္ မျပဳလုပ္ေပးႏိုင္ၾကပါဘူး။

အထူးသျဖင့္ ေခါင္းအုံးက ျမင့္ေနမယ္ဆိုရင္ သင့္လည္ပင္းကလည္း သက္ေသာင့္သက္သာရွိမွာမဟုတ္ဘဲ လည္ပင္းနာႏိုင္ပါတယ္။

ေခါင္းအုံးဖယ္ရွားကာ အိပ္ၾကည့္ပါက လည္ပင္းနာျခင္း သက္သာသြားပါလိမ့္မယ္။

ေခါင္းကိုက္ျခင္းကို သက္သာေစျခင္း…

သင္ အိပ္ရာႏိုးလာတဲ့အခ်ိန္မွာ ေခါင္း ေလးေနသလိုလို ေခါင္းကိုက္ေနသလို ခံစားေနရပါက သင့္ေခါင္းအုံးသည္ တရားခံပဲျဖစ္ပါတယ္။

သင့္ေခါင္းအုံးက ျမင့္လြန္းတဲ့အခါ သင့္လည္ပင္းနဲ႔ ဦးေခါင္းကို ခႏၶာကိုယ္အေရွ႕ဘက္သို႔ ပိုေရာက္ေအာင္ တြန္းပို႔ေနၿပီး လည္ပင္းႂကြက္သားမ်ား တင္းလာေစပါတယ္။ ထိုအခ်က္ေၾကာင့္ပဲ မနက္ႏိုးလာတဲ့အခါ သင္ ေခါင္းကိုက္ေနရျခင္းျဖစ္ပါတယ္။

စိတ္ဖိစီးမႈကို ေလ်ာ့ခ်ေပးျခင္း

သင့္ေခါင္းအုံးက အိပ္စက္ရတာ သက္ေသာင့္သက္သာမရွိတဲ့အခါ အိပ္ရာထဲမွာပဲ ဟိုလွည့္ဒီလွည့္နဲ႔ အခ်ိန္ကုန္သြားၿပီး အိပ္စက္မရျဖစ္တတ္ပါတယ္။

ဒီလိုအိပ္မရတဲ့ည မ်ားလာတဲ့အခါ သင့္ခႏၶာကိုယ္သည္ အနားယူခ်ိန္မရေတာ့ဘဲ သင့္ရဲ႕စိတ္ခံစားခ်က္နဲ႔ စဥ္းစားေတြးေခၚႏိုင္စြမ္းအေပၚ သက္ေရာက္မႈရွိသြားကာ ေန႔လည္ဘက္မွာလည္း သင့္ခႏၶာကိုယ္ကေန စိတ္ဖိစီးမႈေဟာ္မုန္းမ်ား ထြက္လာပါလိမ့္မယ္။

ဝက္ၿခံေပါက္ျခင္းမွ ကာကြယ္ေပးျခင္း

သင္ ညဘက္အိပ္စက္တဲ့အခါ သင့္မ်က္ႏွာသည္ ေခါင္းအုံးႏွင့္ အမ်ားဆုံးထိေတြ႕ေနရပါတယ္။

သင္သည္လည္း သင့္ေခါင္းအုံးစြပ္ကို ေန႔တိုင္းေလွ်ာ္ျဖစ္မွာမဟုတ္ပါဘူး။ ဖုန္မႈန႔္မ်ား၊ ဆီမ်ား၊ အညစ္အေၾကးမ်ား ကပ္ညႇိေနတဲ့ ေခါင္းအုံးစြပ္ႏွင့္ သင့္မ်က္ႏွာသည္

မၾကာခဏ ထိေတြ႕ေနရတဲ့အခါ ဝက္ၿခံထြက္ျခင္း၊ နီျမန္းေရာင္ရမ္းျခင္းတို႔ ျဖစ္ေပၚတတ္ၿပီး အေရးအေၾကာင္းမ်ားလည္း အ႐ြယ္မတိုင္မွီ ေပၚထြက္လာတတ္ပါတယ္။

သင့္ဆံေကသာ အလွအပအတြက္ အေထာက္အကူျပဳျခင္း သင္ မနက္အိပ္ရာထတဲ့အခါ သင့္ဆံပင္သည္ ေျခာက္ေသြ႕ၿပီး ရႈပ္ပြေနတတ္ပါတယ္။

ေခါင္းအုံးျဖင့္ သင္ အိပ္စက္တဲ့အခါ ဆံပင္ႏွင့္ ေခါင္းအုံးစြပ္သည္ ပြတ္တိုက္မႈျဖစ္ၿပီး ဆံပင္ကြၽတ္ျခင္း၊ ညႇိျခင္းတို႔ ျဖစ္ေပၚတတ္ပါတယ္။

ေခါင္းအုံးစြပ္သည္ သင့္ဆံေကသာရဲ႕အဆီမ်ားကို စုပ္ယူလိုက္တဲ့အတြက္ေၾကာင့္ သင့္ဆံပင္သည္ ေျခာက္ေသြ႕ၾကမ္းတမ္းေနရျခင္းျဖစ္ပါတယ္။

တကယ္လို႔ ေခါင္းအုံးမပါဘဲ အိပ္မယ္ဆိုရင္ေတာ့ ဆံေကသာေျခာက္ေသြ႕ၾကမ္းတမ္းရျခင္း ျပႆနာမွ ကင္းေဝးရမွာျဖစ္ပါတယ္။

မူရင္းေရးသားသူအား ေလးစားစြာျဖင့္ Credits ေပးပါသည္။