လျစ်လျူရှုခြင်းဆိုတာ အတတ်ပညာတစ်ခုပါပဲ ကျောင်းစာတွေ စာအုပ်တွေ အထဲကလို သင်ရိုးညွှန်းတမ်းတွေ မပါပေမယ့် တတ်မြောက်ချင်တဲ့ လူတိုင်းမှာ နာတတ်တဲ့ စိတ်နဲ့ နောင်ကျဥ်လောက်တဲ့ ဒဏ်ရာ ဒဏ်ချက်တွေ လိုပါတယ်။
အမှတ်မရှိရင် ဘယ်လောက် ဒဏ်ရာများများ မူလအတိုင်းပဲ ဖြစ်လာမှာလေ ဒီဒဏ်ရာက ဒီဒဏ်ရာပါပဲ ထပ်ပြီး တိုးလာမယ့် အနာတွေပဲ ရှိလာလိမ့်မယ် ပြီးတော့ လုံလောက်တဲ့ ဒဏ်ရာ ဒဏ်ချက်ဆိုတာ မေတ္တာတွေ သိပ်ကိုကြီးမားနေတဲ့အခါ နာကျင်နေလဲ နာရကောင်းမှန်းမသိ ဖြစ်နေတတ်တယ် ။
လျစ်လျူရှုပါ ဆိုတာ မေတ္တာတွေ ဆက်မထားဖို့ အရာရာကို မျက်နှာလွဲပစ်လိုက်ဖို့ တစ်ကိုယ်ကောင်းဆန်ဖို့ မြှောက်ထိုးပင့်ကော်တွေ လုပ်နေတာမျိုးမဟုတ်ဘူး ကိုယ့်စိတ် ကိုယ့်ဆန္ဒတစ်ခုတည်းနဲ့ အရာရာကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ဖြစ်သမျှ ပျက်သမျှ အလုံးစုံကို ခေါင်းထဲ ပြွတ်သိတ်ထည့်ထားတဲ့အခါ ကိုယ်ပဲ ပင်ပန်းရတတ်တယ်လေ ။
ကိုယ့်ဖက်ကချည်း တစ်ဖက်သတ်ဖြစ်နေတဲ့အရာတွေအတွက် တစ်ဖက်မဟုတ် တစ်ဖက်တော့သေပေးရတတ်တယ်လေ လူမသေပေမယ့် မျှော်လင့်ချက်တွေ အိပ်မက်တွေ သေပေးလိုက်ရတာတွေပေါ့ စေတနာတွေထားပေမယ့် ဝေဒနာကြီးပဲ ပြန်ရလာတဲ့အခါ ဘယ်လောက်ကြာကြာ နာနာကျင်ကျင်နဲ့ ဆက်ပြီး နေနိုင်မှာလဲ ။ သည်းခံမှုတွေ ရဲ့အဆုံးမှာ လျစ်လျူရှုမှုတွေ ရှိတယ် ။
ဘယ်သူ့ကို ဘယ်လို လျစ်လျူရှုပစ်ရမယ်ဆိုတာ သင်ပြပေးလို့ မရဘူး ကိုယ် ခံစားရတဲ့ ဝေဒနာနဲ့ပဲ ဆိုင်ပါတယ် ။ လျစ်လျူရှုခြင်း အတတ်ပညာတတ်မြောက်သွားတဲ့အခါ အရင်ကထက် နေရတာ ပိုပြီး ပေါ့ပါးလာလိမ့်မယ် လိုအပ်တဲ့လူ နဲ့ မလိုအပ်တဲ့သူ ပိုပြီး ခွဲခြားတတ်လာလိမ့်မယ် ။
အရင်ကလို သူ့စိတ်နဲ့ကိုယ့်ကိုယ် မရွှင်မပျ နေထိုင်နေရခြင်းတွေ မဟုတ်တော့ပဲ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် တဖြေးဖြေး ပျော်အောင် နေတတ်လာပါလိမ့်မယ် နေရာတကာမှာ လူတိုင်းကို စေတနာတွေ မေတ္တာတွေချည်း ထားလို့မရဘူး ဘုရားဟောတရားကို ဆန့်ကျင်ရာ ရောက်ပေမယ့် လက်ရှိဖြစ်ပျက်နေတဲ့ အရာတွေ အားလုံးကို ခြုံငုံကြည့်ရင် လျစ်လျူရှုသင့်တန် လျစ်လျူရှုတတ်ဖို့လဲ လိုတယ်လေ ။
ကိုယ်နာကျင်တဲ့အခါ ကိုယ်စာနာသလို ဘယ်သူက ပြန်ပြီး ငဲ့ညှာလိမ့်မှာ မဟုတ်ဘူး ကိုယ်နာကျင်ရတဲ့အခါ ကိုယ်ညံ့လို့ ကိုယ်ခံရတာပဲဆိုတဲ့စိတ်နဲ့ပဲ တစ်ယောက်တည်း ဖြေသိမ့်ရတာပဲ များပါ ဆက်ပြီး မနာကျင်ချင်တော့တဲ့အခါ သည်းခဲနိုင်တဲ့အတိုင်းအတာတွေ ကျော်သွားတဲ့အခါ လျစ်လျူရှုခြင်းအတတ်ပညာကို ကောင်းကောင်းကြီး နားလည်သဘောပေါက်သွားလိမ့်မယ် ။
crd
zawgyi
လျစ်လျူရှုခြင်းဆိုတာ အတတ်ပညာတစ်ခုပါပဲ ကျောင်းစာတွေ စာအုပ်တွေ အထဲကလို သင်ရိုးညွှန်းတမ်းတွေ မပါပေမယ့် တတ်မြောက်ချင်တဲ့ လူတိုင်းမှာ နာတတ်တဲ့ စိတ်နဲ့ နောင်ကျဉ်လောက်တဲ့ ဒဏ်ရာ ဒဏ်ချက်တွေ လိုပါတယ် ။
အမှတ်မရှိရင် ဘယ်လောက် ဒဏ်ရာများများ မူလအတိုင်းပဲ ဖြစ်လာမှာလေ ။ ဒီဒဏ်ရာက ဒီဒဏ်ရာပါပဲ ထပ်ပြီး တိုးလာမယ့် အနာတွေပဲ ရှိလာလိမ့်မယ် ပြီးတော့ လုံလောက်တဲ့ ဒဏ်ရာ ဒဏ်ချက်ဆိုတာ မေတ္တာတွေ သိပ်ကိုကြီးမားနေတဲ့အခါ နာကျင်နေလဲ နာရကောင်းမှန်းမသိ ဖြစ်နေတတ်တယ် ။
လျစ်လျူရှုပါ ဆိုတာ မေတ္တာတွေ ဆက်မထားဖို့ အရာရာကို မျက်နှာလွဲပစ်လိုက်ဖို့ တစ်ကိုယ်ကောင်းဆန်ဖို့ မြှောက်ထိုးပင့်ကော်တွေ လုပ်နေတာမျိုးမဟုတ်ဘူး ကိုယ့်စိတ် ကိုယ့်ဆန္ဒတစ်ခုတည်းနဲ့ အရာရာကို ရင်ဘတ်ကြီးနဲ့ ရင်းပြီး ဖြစ်သမျှ ပျက်သမျှ အလုံးစုံကို ခေါင်းထဲ ပြွတ်သိတ်ထည့်ထားတဲ့အခါ ကိုယ်ပဲ ပင်ပန်းရတတ်တယ်လေ ။
ကိုယ့်ဖက်ကချည်း တစ်ဖက်သတ်ဖြစ်နေတဲ့အရာတွေအတွက် တစ်ဖက်မဟုတ် တစ်ဖက်တော့သေပေးရတတ်တယ်လေ လူမသေပေမယ့် မျှော်လင့်ချက်တွေ အိပ်မက်တွေ သေပေးလိုက်ရတာတွေပေါ့ စေတနာတွေထားပေမယ့် ဝေဒနာကြီးပဲ ပြန်ရလာတဲ့အခါ ဘယ်လောက်ကြာကြာ နာနာကျင်ကျင်နဲ့ ဆက်ပြီး နေနိုင်မှာလဲ သည်းခံမှုတွေ ရဲ့အဆုံးမှာ လျစ်လျူရှုမှုတွေ ရှိတယ် ။
ဘယ်သူ့ကို ဘယ်လို လျစ်လျူရှုပစ်ရမယ်ဆိုတာ သင်ပြပေးလို့ မရဘူး ကိုယ် ခံစားရတဲ့ ဝေဒနာနဲ့ပဲ ဆိုင်ပါတယ် လျစ်လျူရှုခြင်း အတတ်ပညာတတ်မြောက်သွားတဲ့အခါ အရင်ကထက် နေရတာ ပိုပြီး ပေါ့ပါးလာလိမ့်မယ် လိုအပ်တဲ့လူ နဲ့ မလိုအပ်တဲ့သူ ပိုပြီး ခွဲခြားတတ်လာလိမ့်မယ် ။