နွားနို့ကို ရေရောလို့ရပေမယ့်… တစ်ဆင့်မြင့်လာတဲ့ ထောပတ်ကိုတော့… ရေရောလို့မရပါဘူး
လူတွေဟာသူတို့ထက် နည်းနည်းပဲသာရင် မနာလိုဖြစ်တက်ကြပေမယ့် အများကြီးသာတဲ့သူကိုတော့… အားကျတက်ကြပါတယ်။ ထောပတ်ဖြစ်အောင်လုပ်ပါ။ အများကြီး သာအောင်နေပါ။
အဲ့အပေါ်က စာသားလေးက စိတ်ထဲမှာအမြဲစွဲနေတယ်ဗျာ့။ ကျွန်တော်အပါအဝင် လူတိုင်းက နယ်ပယ်အသီးသီးမှာ အောင်မြင်ချင်ကြမှာပါ။
ဒါပေမယ့် အောင်မြင်ဖို့အတွက် ကြိုးစားဖို့ကျ အားမစိုက်ချင်ကြပါဘူး။ အနည်းငယ်ကြိုးစားမယ် ထင်သလောက်ဖြစ်မလာရင် “ဟာကွာ မစွန်ပါဘူး” ဆိုတာမျိုးကို စတင်တွေးမိကြမှာပါ။
နောက်တစ်ခုက ဘယ်သူ ဘာလုပ်တာ ဘယ်လိုဆိုတာကိုကြည့်ပြီး လိုက်လုပ်ချင်မိတယ်လေ။ အဲ့ဒါကိုက စမှားတာပါပဲလို့ထင်မိတယ်။ လုပ်လို့မရဘူးပြောတာတော့ မဟုတ်ပါဘူး၊ လုပ်တိုင်း မအောင်မြင်ဘူးဆိုတာကို ကြိုသိထားရမှာပါ။
အလုပ်တစ်ခုရဲ့ အစမှာ အဲ့ဒီအလုပ်ပေါ်ချစ်မြတ်နိုးခြင်းကအစပြုတယ်။ အလုပ်အတွက် အချိန်ကို နစ်မြုပ်ထားရမယ် အပျော်အပါးတွေထက် အလုပ်ကပိုအရေးကြီးလာမယ်။ အိပ်ရစားရဖို့ထက် အလုပ်ပြီးဖို့က ပိုအရေးပါလာမယ်။
အစပိုင်းစလုပ်တဲ့နေရာမှာ လွယ်သလိုနဲ့ အခက်အခဲမျိုးစုံကို စတွေ့မယ်။ နောက် အဆင်မပြေမှုတွေက ကိုယ့်ကို ထိုးနှက်လိမ့်မယ်။ ကြိုးစားသော်လဲ အသိအမှတ်ပြုခြင်းခံရတာနည်းနေမယ်။
ဘက်ပေါင်းစုံက တိုက်ခိုက်လိမ့်မယ်၊ အလိမ်အညာတွေ ချည်းကပ်လာလိမ့်မယ်။ တချို့က ကဲ့ရဲ့မယ်။ တချို့က အမူအရာတွေနဲ့ ချိုးနှိမ်ဆက်ဆံမယ်။
အမိန့်ပေးချင်တဲ့သူတွေ ဝေဖန်သူတွေကလဲပိုများလာမယ်။ တဖန် အောင်မြင်နေပြီးသားသူတွေကို သွားကြည့်မိပြီး ဆက်လုပ်ချင်စိတ်တွေကုန်လိမ့်မယ်။
နောက်တော့ ကိုယ့်ယုံကြည်မှုကို လက်လျော့လိုက်မိကြရော။ တကယ်တော့ အလုပ်တစ်ခုရဲ့အစမှာ အဲ့ဒီအလုပ်ကို ကိုယ်တကယ် ဝါသနာပါမှ နောက်ပိုင်းကြုံတွေ့လာမယ့် ဒဏ်တွေကို ကြံကြံခိုင်ရင်ဆိုင်နိုင်မှာပါ။
ပုံပြင်တွေထဲကလို ဇာတ်လမ်းတွေထဲကလိုတော့ နေခြင်းညခြင်းထအောင်မြင်မှာ မဟုတ်ပါဘူး။ အောင်မြင်ခြင်းရဲ့အစက ကျရူံးခြင်းက (သို့)ရုန်းထွက်မှုကလို့တောင် ဆိုရလောက်တယ်။
အကြိမ်ကြိမ်ကျရူံးမှ အောင်မြင်မှုအတွက် လမ်းစကိုရှာနိုင်မယ်၊ အဲ့လိုဖြစ်ဖို့အတွက်လဲ အခက်အခဲများစွာထဲက ရုန်းထွက်နိုင်ဦးမှပါ။ နောက်အရေးကြီးတာတစ်ခုက ဘယ်တော့မှ အောင်မြင်နေတဲ့သူတွေ၊ ဘေးကနေဘုပြောနေတဲ့သူတွေကို မကြည့်ပါနဲ့။
ကိုယ်တကယ်မြင်အောင်ကြည့်ရမှာက ကိုယ့်ကိုကိုယ်ပါ။ကိုယ်ဘယ်လောက်စွမ်းဆောင်နိုင်ပြီလဲ။ ကိုယ်ဘယ်လောက် အများတကာရဲ့ထောက်ခံမှုကိုရပြီလဲ။
ကိုယ့်ကိုဘယ်လောက်ထိ အရေးပေးအသိအမှတ်ပြုထားလဲ။ ကိုယ့်ရဲ့စွမ်းဆောင်မှုက ဘယ်လောက်ထိ တစ်ပါးသူကို စိတ်ကျေနပ်မှုပေးနိုင်လဲဆိုတာတွေပါ။
ကျွန်တော်ဆို ကိုယ့်ကိုထောက်ပြတဲ့သူတွေ အဆင်မပြေတဲ့သူတွေရဲ့ အပြောတွေကို မှတ်ထားတယ်။ သူတို့ပြောတာတွေက အရေးပါတယ်၊ ကိုယ့်ရဲ့အားနည်းချက်တွေပဲ။
ကိုယ့်အားနည်းချက် ကိုယ်ပြုပြင်နိုင်မှ ကိုယ်လိုချင်တဲ့နေရာကိုရောက်မှာ တည်မြဲနေမှာပါ။ “နေပါကွာ ကိုယ့်စီမဝယ်လဲ ဂရုမစိုက်ဘူး၊ ဒီအလုပ်မလုပ်လဲတခြားအလုပ်ပြောင်းလုပ်မယ် “အဲ့လိုဘယ်တော့မှ မတွေးပါဘူး။
ဘာကြောင့်သူအစဉ်မပြေရတာလဲ၊ သူကလိုလိုလားလား ကိုယ့်စီကအားပေးထားတာ အနည်းဆုံး သူစိတ်ချမ်းသာရမယ်၊ ဘယ်လိုဆိုစိတ်ချမ်းသာမလဲ ဆိုတဲ့ နည်းလမ်းတွေပဲလိုက်ရှာပါတယ်။
လူတိုင်းက ချိုသာတာကိုကြိုက်တယ်၊ လိုက်ရောတာကိုကြိုက်တယ်၊ ကိုယ့်ဘက်ကသာ ဘယ်လောက်ထိ စွမ်းဆောင်နိုင်မလဲဆိုတာကို အမြဲတွေးနေမယ်ဆို တစ်နေ့ ကိုယ်လိုချင်တဲ့နေရာရောက်ရှိပြီး ရောက်ရှိနေတဲ့ နေရာလဲ တည်မြဲနေမှာ အသေချာပါ လို့ ပြောလိုက်ပါရစေ။
မူရင်းရေးသားသူအား လေးစားစွာ ခရက်ဒစ်ပေးပါသည်။
ႏြားနို႔ကို ေရေရာလို႔ရေပမယ့္… တစ္ဆင့္ျမင့္လာတဲ့ ေထာပတ္ကိုေတာ့… ေရေရာလို႔မရပါဘူး
လူေတြဟာသူတို႔ထက္ နည္းနည္းပဲသာရင္ မနာလိုျဖစ္တက္ၾကေပမယ့္ အမ်ားႀကီးသာတဲ့သူကိုေတာ့… အားက်တက္ၾကပါတယ္။ ေထာပတ္ျဖစ္ေအာင္လုပ္ပါ။ အမ်ားႀကီး သာေအာင္ေနပါ။
အဲ့အေပၚက စာသားေလးက စိတ္ထဲမွာအျမဲစြဲေနတယ္ဗ်ာ့။ ကၽြန္ေတာ္အပါအဝင္ လူတိုင္းက နယ္ပယ္အသီးသီးမွာ ေအာင္ျမင္ခ်င္ၾကမွာပါ။
ဒါေပမယ့္ ေအာင္ျမင္ဖို႔အတြက္ ႀကိဳးစားဖို႔က် အားမစိုက္ခ်င္ၾကပါဘူး။ အနည္းငယ္ႀကိဳးစားမယ္ ထင္သေလာက္ျဖစ္မလာရင္ “ဟာကြာ မစြန္ပါဘူး” ဆိုတာမ်ိဳးကို စတင္ေတြးမိၾကမွာပါ။
ေနာက္တစ္ခုက ဘယ္သူ ဘာလုပ္တာ ဘယ္လိုဆိုတာကိုၾကည့္ၿပီး လိုက္လုပ္ခ်င္မိတယ္ေလ။ အဲ့ဒါကိုက စမွားတာပါပဲလို႔ထင္မိတယ္။ လုပ္လို႔မရဘူးေျပာတာေတာ့ မဟုတ္ပါဘူး၊ လုပ္တိုင္း မေအာင္ျမင္ဘူးဆိုတာကို ႀကိဳသိထားရမွာပါ။
အလုပ္တစ္ခုရဲ့ အစမွာ အဲ့ဒီအလုပ္ေပၚခ်စ္ျမတ္နိုးျခင္းကအစျပဳတယ္။ အလုပ္အတြက္ အခ်ိန္ကို နစ္ျမဳပ္ထားရမယ္ အေပ်ာ္အပါးေတြထက္ အလုပ္ကပိုအေရးႀကီးလာမယ္။ အိပ္ရစားရဖို႔ထက္ အလုပ္ၿပီးဖို႔က ပိုအေရးပါလာမယ္။
အစပိုင္းစလုပ္တဲ့ေနရာမွာ လြယ္သလိုနဲ႔ အခက္အခဲမ်ိဳးစုံကို စေတြ႕မယ္။ ေနာက္ အဆင္မေျပမႈေတြက ကိုယ့္ကို ထိုးႏွက္လိမ့္မယ္။ ႀကိဳးစားေသာ္လဲ အသိအမွတ္ျပဳျခင္းခံရတာနည္းေနမယ္။
ဘက္ေပါင္းစုံက တိုက္ခိုက္လိမ့္မယ္၊ အလိမ္အညာေတြ ခ်ည္းကပ္လာလိမ့္မယ္။ တခ်ိဳ႕က ကဲ့ရဲ့မယ္။ တခ်ိဳ႕က အမူအရာေတြနဲ႔ ခ်ိဳးႏွိမ္ဆက္ဆံမယ္။
အမိန႔္ေပးခ်င္တဲ့သူေတြ ေဝဖန္သူေတြကလဲပိုမ်ားလာမယ္။ တဖန္ ေအာင္ျမင္ေနၿပီးသားသူေတြကို သြားၾကည့္မိၿပီး ဆက္လုပ္ခ်င္စိတ္ေတြကုန္လိမ့္မယ္။
ေနာက္ေတာ့ ကိုယ့္ယုံၾကည္မႈကို လက္ေလ်ာ့လိုက္မိၾကေရာ။ တကယ္ေတာ့ အလုပ္တစ္ခုရဲ့အစမွာ အဲ့ဒီအလုပ္ကို ကိုယ္တကယ္ ဝါသနာပါမွ ေနာက္ပိုင္းၾကဳံေတြ႕လာမယ့္ ဒဏ္ေတြကို ႀကံႀကံခိုင္ရင္ဆိုင္နိုင္မွာပါ။
ပုံျပင္ေတြထဲကလို ဇာတ္လမ္းေတြထဲကလိုေတာ့ ေနျခင္းညျခင္းထေအာင္ျမင္မွာ မဟုတ္ပါဘူး။ ေအာင္ျမင္ျခင္းရဲ့အစက က်႐ူံးျခင္းက (သို႔)႐ုန္းထြက္မႈကလို႔ေတာင္ ဆိုရေလာက္တယ္။
အႀကိမ္ႀကိမ္က်႐ူံးမွ ေအာင္ျမင္မႈအတြက္ လမ္းစကိုရွာနိုင္မယ္၊ အဲ့လိုျဖစ္ဖို႔အတြက္လဲ အခက္အခဲမ်ားစြာထဲက ႐ုန္းထြက္နိုင္ဦးမွပါ။ ေနာက္အေရးႀကီးတာတစ္ခုက ဘယ္ေတာ့မွ ေအာင္ျမင္ေနတဲ့သူေတြ၊ ေဘးကေနဘုေျပာေနတဲ့သူေတြကို မၾကည့္ပါနဲ႔။
ကိုယ္တကယ္ျမင္ေအာင္ၾကည့္ရမွာက ကိုယ့္ကိုကိုယ္ပါ။ကိုယ္ဘယ္ေလာက္စြမ္းေဆာင္နိုင္ၿပီလဲ။ ကိုယ္ဘယ္ေလာက္ အမ်ားတကာရဲ့ေထာက္ခံမႈကိုရၿပီလဲ။
ကိုယ့္ကိုဘယ္ေလာက္ထိ အေရးေပးအသိအမွတ္ျပဳထားလဲ။ ကိုယ့္ရဲ့စြမ္းေဆာင္မႈက ဘယ္ေလာက္ထိ တစ္ပါးသူကို စိတ္ေက်နပ္မႈေပးနိုင္လဲဆိုတာေတြပါ။
ကၽြန္ေတာ္ဆို ကိုယ့္ကိုေထာက္ျပတဲ့သူေတြ အဆင္မေျပတဲ့သူေတြရဲ့ အေျပာေတြကို မွတ္ထားတယ္။ သူတို႔ေျပာတာေတြက အေရးပါတယ္၊ ကိုယ့္ရဲ့အားနည္းခ်က္ေတြပဲ။
ကိုယ့္အားနည္းခ်က္ ကိုယ္ျပဳျပင္နိုင္မွ ကိုယ္လိုခ်င္တဲ့ေနရာကိုေရာက္မွာ တည္ျမဲေနမွာပါ။ “ေနပါကြာ ကိုယ့္စီမဝယ္လဲ ဂ႐ုမစိုက္ဘူး၊ ဒီအလုပ္မလုပ္လဲတျခားအလုပ္ေျပာင္းလုပ္မယ္ “အဲ့လိုဘယ္ေတာ့မွ မေတြးပါဘူး။
ဘာေၾကာင့္သူအစဥ္မေျပရတာလဲ၊ သူကလိုလိုလားလား ကိုယ့္စီကအားေပးထားတာ အနည္းဆုံး သူစိတ္ခ်မ္းသာရမယ္၊ ဘယ္လိုဆိုစိတ္ခ်မ္းသာမလဲ ဆိုတဲ့ နည္းလမ္းေတြပဲလိုက္ရွာပါတယ္။
လူတိုင္းက ခ်ိဳသာတာကိုႀကိဳက္တယ္၊ လိုက္ေရာတာကိုႀကိဳက္တယ္၊ ကိုယ့္ဘက္ကသာ ဘယ္ေလာက္ထိ စြမ္းေဆာင္နိုင္မလဲဆိုတာကို အျမဲေတြးေနမယ္ဆို တစ္ေန႔ ကိုယ္လိုခ်င္တဲ့ေနရာေရာက္ရွိၿပီး ေရာက္ရွိေနတဲ့ ေနရာလဲ တည္ျမဲေနမွာ အေသခ်ာပါ လို႔ ေျပာလိုက္ပါရေစ။
မူရင္းေရးသားသူအား ေလးစားစြာ ခရက္ဒစ္ေပးပါသည္။