ၾကားသိရသမွ်

“မကြေးစည်” ဇာတ်လမ်းတွဲထဲက အရူးပေါက်ကြီးကြောင့် နှစ်လုံးထီပေါက်သူတွေရှိကြောင်း ဝမ်းသာအားရ ပြောပြလာခဲ့တဲ့ ဦးကံပွင့်…………

“မကြေးစည်” ဇာတ်လမ်းတွဲထဲက အရူးပေါက်ကြီးကြောင့် နှစ်လုံးထီပေါက်သူတွေရှိကြောင်း ဝမ်းသာအားရ ပြောပြလာခဲ့တဲ့ ဦးကံပွင့်…………လက်ရှိ MRTV 4 ရုပ်သံလိုင်းမှာ ထုတ်လွှင့်ပြသနေတဲ့ “မကြေးစည်”ဇာတ်လမ်းတွဲကတော့ ပရိသတ်တွေရဲ့ အားပေးမှုကို အခိုင်အမာရရှိနေတာပဲဖြစ်ပါတယ်။

“မကြေးစည်” ဇာတ်လမ်းတွဲမှာ အရူးပေါက်ကြီးအဖြစ် ပါဝင်သရုပ်ဆောင်ထားတဲ့သရုပ်ဆောင်ကိုကံပွင့်ကလည်း အပီပြင်ဆုံး သရုပ်ဆောင်နိုင်တဲ့ ဇာတ်ကောင်တစ်ယောက်အဖြစ် ပရိသတ်တွေကြားမှာ ထင်ရှားသူဖြစ်ပါတယ်။

ဒီနေ့မှာတော့ ကိုကံပွင့်က “မကြေးစည်” ဇာတ်လမ်းတွဲထဲက ဒိုင်ယာလော့ကြောင့် နှစ်လုံးထီပေါက်သူတွေရှိကြောင်းပြောလာပါတယ်။ကိုကံပွင့်က “ညကအရူးပေါက်ကြီးကြယ်တွေရီတာမှတ်မိလား ၆၇-၈၈- ၉၂တဲ့* အရူးဂဏန်းမှန်တတ်တယ်ဆိုပီး ပေါက်ကြီးဂဏန်းလိုက်ထိုးလိုက်ကြတာမြန်မာပြည်အနံ့ရွာတော်တော်များများကအမျိုးတွေရွာလုံးကျွတ်ပေါက်ကြတယ်ဆိုပဲ*ခုညနေ ၈၈ ထွက်* ဝမ်းသာလိုက်တာဗျာ– အရူးပေါက်ကြီး” ဆိုပြီး ဝမ်းသာအားရ ပြောလာတာပဲဖြစ်ပါတယ်။

 


 


 
