အသိပညာ

“သင္တစ္လဝင္ေငြ ၁၀ သိန္းရွိတဲ့ခ်ိန္မွာ”… ေနာက္ဆုံးစာသားေလးကအသက္

သင်တစ်လဝင်ငွေ ၁၀ သိန်းရှိတဲ့ချိန်မှာ
စားသောက်ဆိုင်တစ်ဆိုင်ဝင်ထိုင်မိလို့ ၁/၂ သောင်းကုန်တဲ့ချိန်မှာ ဆိုင်ကဈေးကြီးတယ်ဆိုပြီးတော့
သင် Social Media ပေါ်မှာတင်ပြီးပြောမှာမဟုတ်ပါဘူး

သင်တစ်လဝင်ငွေ သိန်း ၁၀၀ ရှိတဲ့ချိန်မှာ
LV brand ဝယ်သုံးတာကို အထူးအဆန်းမြင်မှာမဟုတ်ပါဘူး

သင်တစ်လဝင်ငွေ သိန်း ၁၀၀၀ ရှိတဲ့ချိန်မှာ
BMW ကားအကောင်းစားဝယ်စီးတာကို ပုံမှန်ဖြစ်ရပ်တစ်ခုပဲလို့ သင်မြင်ပါလိမ့်မယ်

ဘယ်အရာမဆို Level ရှိပါတယ်။ လူ့ဘဝလဲတူတူပါပဲ ။
သဘာဝကိုက ခွဲခြားထားပြီးသားပါ။
Game ကစားရင်လဲ Level ရှိပါတယ်။ Rank လဲရှိပါတယ်။ အပေါ်ရောက်လေ လူတွေကအထင်ကြီးလေပါပဲ
Game မှာတောင်မှ Level မြင့်ချင်ရင်ကိုယ်တိုင်ကြိုးစားမှရပါတယ်။

ပုံမှန်သူတစ်ယောက်ပြောတဲ့စကားက ဘယ်လောက်သွေးထွက်အောင်မှန်နေပါစေ လူတွေအလေးမပေးပါဘူး
အောင်မြင်တဲ့ သန်းကြွယ်သူဌေးတစ်ယောက်ပြောလိုက်တဲ့စကားတစ်ခွန်းကိုတော့ လူတိုင်းယုံကြည်လိုက်နာကြပါတယ်။

ဒီနေ့ ပစ္စည်းတစ်ခုကိုဝယ်လိုက်ရင် သူ့ရဲ့အဆင့်အတန်းရှိပါတယ်။ ဈေးနှုန်းတွေမတူကြပါဘူး
ကိုယ်တတ်နိုင်တဲ့ ဈေးနှုန်းနဲ့ဝယ်ကြပါတယ်။ ပိုရှိတဲ့သူက ပိုကောင်းတာဝယ်မှာပေါ့။ တတ်နိုင်တဲ့သူက သူတတ်နိုင်တဲ့ဈေးနှုန်းလေးနဲ့ဝယ်မှာပေါ့ ။

သူ့လက်ထဲမှာ သိန်း ၅၀၀ အပိုငွေရှိလို့ iphone xs ဝယ်လိုက်တာ သူ့အတွက်တော့ ဖြုန်းတာမဟုတ်ပါဘူး။
သူ့ငွေကိုသူသုံးတာပါ။ သူရှာနိုင်လို့သူသုံးတာလေ ။

“ငွေပိုရှာတဲ့နေရာမှာ မကြိုးစားရင် ငွေသုံးတဲ့နေရာမှာ ပိုပြီးချွေတာအောင် ကြိုးစားရလိမ့်မယ်” နောက်တစ်ခါပြောပါရစေ
“ငွေပိုရှာတဲ့နေရာမှာ မကြိုးစားရင် ငွေသုံးတဲ့နေရာမှာ ပိုပြီးချွေတာအောင် ကြိုးစားရလိမ့်မယ်”

Crd

Zawgyi

သင္တစ္လဝင္ေငြ ၁၀ သိန္းရွိတဲ့ခ်ိန္မွာ
စားေသာက္ဆိုင္တစ္ဆိုင္ဝင္ထိုင္မိလို႔ ၁/၂ ေသာင္းကုန္တဲ့ခ်ိန္မွာ ဆိုင္ကေစ်းႀကီးတယ္ဆိုၿပီးေတာ့
သင္ Social Media ေပၚမွာတင္ၿပီးေျပာမွာမဟုတ္ပါဘူး

သင္တစ္လဝင္ေငြ သိန္း ၁၀၀ ရွိတဲ့ခ်ိန္မွာ
LV brand ဝယ္သုံးတာကို အထူးအဆန္းျမင္မွာမဟုတ္ပါဘူး

သင္တစ္လဝင္ေငြ သိန္း ၁၀၀၀ ရွိတဲ့ခ်ိန္မွာ
BMW ကားအေကာင္းစားဝယ္စီးတာကို ပုံမွန္ျဖစ္ရပ္တစ္ခုပဲလို႔ သင္ျမင္ပါလိမ့္မယ္

ဘယ္အရာမဆို Level ရွိပါတယ္။ လူ႔ဘဝလဲတူတူပါပဲ ။
သဘာဝကိုက ခြဲျခားထားၿပီးသားပါ။
Game ကစားရင္လဲ Level ရွိပါတယ္။ Rank လဲရွိပါတယ္။ အေပၚေရာက္ေလ လူေတြကအထင္ႀကီးေလပါပဲ
Game မွာေတာင္မွ Level ျမင့္ခ်င္ရင္ကိုယ္တိုင္ႀကိဳးစားမွရပါတယ္။

ပုံမွန္သူတစ္ေယာက္ေျပာတဲ့စကားက ဘယ္ေလာက္ေသြးထြက္ေအာင္မွန္ေနပါေစ လူေတြအေလးမေပးပါဘူး
ေအာင္ျမင္တဲ့ သန္းႂကြယ္သူေဌးတစ္ေယာက္ေျပာလိုက္တဲ့စကားတစ္ခြန္းကိုေတာ့ လူတိုင္းယုံၾကည္လိုက္နာၾကပါတယ္။

ဒီေန႔ ပစၥည္းတစ္ခုကိုဝယ္လိုက္ရင္ သူ႔ရဲ႕အဆင့္အတန္းရွိပါတယ္။ ေစ်းႏႈန္းေတြမတူၾကပါဘူး
ကိုယ္တတ္ႏိုင္တဲ့ ေစ်းႏႈန္းနဲ႔ဝယ္ၾကပါတယ္။ ပိုရွိတဲ့သူက ပိုေကာင္းတာဝယ္မွာေပါ့။ တတ္ႏိုင္တဲ့သူက သူတတ္ႏိုင္တဲ့ေစ်းႏႈန္းေလးနဲ႔ဝယ္မွာေပါ့ ။

သူ႔လက္ထဲမွာ သိန္း ၅၀၀ အပိုေငြရွိလို႔ iphone xs ဝယ္လိုက္တာ သူ႔အတြက္ေတာ့ ျဖဳန္းတာမဟုတ္ပါဘူး။
သူ႔ေငြကိုသူသုံးတာပါ။ သူရွာႏိုင္လို႔သူသုံးတာေလ ။

“ေငြပိုရွာတဲ့ေနရာမွာ မႀကိဳးစားရင္ ေငြသုံးတဲ့ေနရာမွာ ပိုၿပီးေခြၽတာေအာင္ ႀကိဳးစားရလိမ့္မယ္” ေနာက္တစ္ခါေျပာပါရေစ
“ေငြပိုရွာတဲ့ေနရာမွာ မႀကိဳးစားရင္ ေငြသုံးတဲ့ေနရာမွာ ပိုၿပီးေခြၽတာေအာင္ ႀကိဳးစားရလိမ့္မယ္”

Crd