ညီမေလးရေ…. ရင်ဘောင္တန်းတယ္ဆိုတိုင်း ေျခရာတော့ လိုက္မတိုင်းလေနဲ့
ကြောင္ဘယ်လောက် ေျခရာကြီးကြီး က်ားကြီးကိုတော့ ဘယ္မွီမလဲ…
အသားစားသတ္တဝါခ်င်းတူပေမယ့် စကားအဆိုသာ ကြောင္က
ဆရာျဖစ္တာ က်ားဆိုတာ ကြောင်သားလဲ စားခ်င္စားမွာလေ…
သဘာဝေဘးဆိုတာ သဘာဝေတြ ဆန့္က်င့္လို့ ျဖစ်ရတာ
နစ္နာျခင်းမရွိရေအာင် ဘောင်အတြင်းကသာ မိန်းမဆန္ပါ ညီမေလးရေ…..။
ညီမေလးရေ… သစ္စာမွန်ရင် နြယ်ျမက်သစ္ပင် ဆေးဖက်ဝင္တယ္တဲ့…
ခုခေတ္မွာတော့ နြယ်ျမက်သစ္ပင်ဟာ အရက္ခ်က်ရင် သုံးနေကြပြီ
ခ်စ်သူကို လြမ်းကြောင်းစာဖြဲ့ကောင်းတဲ့ နတ်သျွင်နောင်ရဲ့ ဖောက်ျပားမှု ဖြက္ထားတဲ့ သမိုင်းကြားမွာ ရွိသေးတယ်..
တို့ခ်စ္လွပါတယ္ဆိုတဲ့ ဧရာဝတီတောင် တခိန္တခါက သစ္စာဖောက္ခဲ့ဖူးတယ်..
စာမ်ားမ်ားဖတ်ပြီး ဝေဖန္ဆုံးျဖတ္နိုင္ပါစေ ညီမေလး.. ဘုရားဟောတဲ့ သစ္စာလေးခ်က်တောင် တို့ပုထုဇဉ်လောကမွာ
ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာပဲ စြဲျမဲနေတယ်လေ.. အမွားတစ်ရံကို တစ္ဘက္စီယူပြီး အမွန္တရားလုပ်နေတဲ့ လောကမွာ
သစ္စာဆိုတာ ပန်းနာမည်သက်သက် ျဖစ်နေပြီ ညီမေလးရေ..။
ညီမေလးရေ….. အယ္ဒီဆင်ရဲ့ ၉၉ခေါက်သော က်ရှုံးခန်း ဘယ္စာတမ်းမွာမွ မပါဘူး
ရိုက်ညီနောင်ရဲ့ လေယာဉ္ပ်က္က်ခန်း ဘယ္စာတမ်းမွာမွ မပါဘူး
ဘုန်းရောင္ဖြဲ့တြေနဲ့ ယဉ္ပါးလာတဲ့ စာေပေလာကမွာ ခ်ီးတုံးကို
တန္ဆာဆင်သလိုျဖစ္လို့ က်ရှုံးခန်းဆိုတာ ရောင်းတန်းမဝင္ဘူးလေ…
ဖတ္ပါ မွတ္ပါ လေ့လာပါ အစြန်းတဖက်တော့ မေရာက်စေနဲ့စာပေဆိုတာ
လူဘဝအတြက် အလင်းစက္တစ္ခုပေါ့ ဒါပေမယ့် အသုံးမတတ်ရင် မီးခြက်ဟာ မြို့ပ်က်သြားစေနိုင္တယ် ညီမေလး။
ညီမေလးရေ…
မြို့ကြီးျပကြီးမွာ အသက်မြေးမယ္ဆိုရင် ပြင့္လင်း ရိုးသားတယ္ဆိုတာ တို့ဘိုးဘြားတြေရဲ့ ရိုးရာပုံျပင္ထဲမြာ
ခ်န္ခဲ့တော့ ေျဖာင့္မတ်ျခင်းကို ဂြက်တယ္လို့ ဆိုသူတြေက
ကောက္တဲ့လက် ဆန္ပိုရသတဲ့လေ.. မျွတျခင်းတြေက ဟာသဆန်သြားပြီ..
မြို့ျပအမွန္တရားက သာသူစားစတမ်းတဲ့ သတိထား ညီမေလးရေ ခုခေတ္က လွည်းလမ်းလည်း ကားမောင်းခ်င် မောင်းတယ်
ကားလမ်းပေါ်လည်း လွည်းမောင်းခ်င် မောင်းတယ် မူဆိုတာ ခင္မင်သူတြေအတြက်
ေျပာင်းလဲလို့ရတဲ့ခေတ် တို့သိတဲ့ ကိုယ္က်င့္တရားတြေ အေတာ်ခေါင်းပါးမွ ျဖစ္မယ်
ရေမကြည်၊ ျမက္မနုတော့တဲ့ အဲ့ဒီမြို့ျပသြားမယ္ဆို
ခဏခဏ မငိုမိအောင် ဟန်ဆောင်ျပုံးတြေ အလုံးအရင်းသာ ယူသြား ညီမေလး။
သစ်ရြက်တြေ ေြကြရုံနဲ့တော့ သစ္ပင်ကြီးမေသပါဘူး..
ကြယ်လေးေတြြေကြရုံနဲ့လည်း ကောင်းကင်ကြီး မေသပါဘူး..
ညီမေလးရေ….. ပန်းပုတစ်ရုပ္လွဖို့ဆိုတာ ထြင်းထုတ္လိုက်ရတဲ့
အသားတြေရွိတတ်ျမဲ လေလဲလို့သာ ျပန္မထကြရင္လူဆိုတာ
တြားသြားသတ္တဝါျဖစ်တော့မေပါ့ အားမေလ်ာ့ပါနဲ့… သြားတဲ့သူအတြက် လမ်းရွိပါတယ်
ည ဘယ်လောက္နက္နက် မနက္ဆို နေထြက္မွာမို့ မနက်ျဖန်အတြက် နိူးစက္ကို အခ်က်ပေးထားပါ..
အတိတ္ဆိုတာ ခ်ခင်းထားတဲ့ ကော်ဇောတစ္ခ်ပ်သာသာမို့ ခပ္နာနာတစ္ခ်က္နင်းပြီး
အနာဂတ္ကို စိတ္နဲ့ပစ္ခြင်းလိုက္ပါ ကောင်းသော မနက္ခင်းျဖစ္ပါစေ..
ညီမေလးရေ….. ရူးရင္လဲ ထမင်းလြတ်အောင်ရူး ဒါမွ အခိန္တန်ရင္ထူးမွာ
အကို့လိုတော့ ဟိုမေရာက္ဒီမေရာက္နဲ့ လမ်းမေပ်ာက်စေနဲ့ ငယ်ငယ္က တို့တြေ ပန်းကောက်သလိုပေါ့
ခေရသီမလား စံပါယ်သီမလား တစ္မိုးခ်င်းသီမွ ရောင်းပန်းမည္တယ်လေ..
လြယ္လြယ္နဲ့တော့ စံပါယ္မပြင့္ဘူး အခိန္တစ္ခုတော့ ရင်းရမွာပေါ့
မဟုတ်ရင် ကိုးမရွိတဲ့ နဝင်းလို အခ်င်းဘယ္လွပါ့မလဲ ညီမေလးရေ….
လက္နွစ်ခေ်ာင်းထောင်ပြီး ဓါတ္ပုံရိုက္တင်တော့ ရုပ်လေးလွတာ လူျမင္တာပေါ့
ျဖူစင္တဲ့စိတ္ထားလေးလည်း မြေးပါ ျပန်တြေးတိုင်း လက္မေထာင္နိုင္တဲ့
အတိတ်ရွိအောင်ပေါ့ နိမိတ်၊တေဘာင္ဆိုတာတြေ သိပ္မယုံနဲ့ ကြုံသမျွ ဒုက္ခမွာ အေကြာင်းရွိတယ်
ယတြာကောင်းစရာမလိုပါဘူး တရားဓမ္မေတြသာ ရင္ထဲကိန်းအောင်းနေပါစေ ညီမေလးရေ…။
Velane (ခရကၵစ္)
#Credit
unicode
ညီမလေးရေ…. ရင်ဘောင်တန်းတယ်ဆိုတိုင်း ခြေရာတော့ လိုက်မတိုင်းလေနဲ့
ကြောင်ဘယ်လောက် ခြေရာကြီးကြီး ကျားကြီးကိုတော့ ဘယ်မှီမလဲ…
အသားစားသတ္တဝါချင်းတူပေမယ့် စကားအဆိုသာ ကြောင်က
ဆရာဖြစ်တာ ကျားဆိုတာ ကြောင်သားလဲ စားချင်စားမှာလေ…
သဘာဝဘေးဆိုတာ သဘာဝတွေ ဆန့်ကျင့်လို့ ဖြစ်ရတာ
နစ်နာခြင်းမရှိရအောင် ဘောင်အတွင်းကသာ မိန်းမဆန်ပါ ညီမလေးရေ…..။
ညီမလေးရေ… သစ္စာမှန်ရင် နွယ်မြက်သစ်ပင် ဆေးဖက်ဝင်တယ်တဲ့…
ခုခေတ်မှာတော့ နွယ်မြက်သစ်ပင်ဟာ အရက်ချက်ရင် သုံးနေကြပြီ
ချစ်သူကို လွမ်းကြောင်းစာဖွဲ့ကောင်းတဲ့ နတ်သျှင်နောင်ရဲ့ ဖောက်ပြားမှု ဖွက်ထားတဲ့ သမိုင်းကြားမှာ ရှိသေးတယ်..
တို့ချစ်လှပါတယ်ဆိုတဲ့ ဧရာဝတီတောင် တချိန်တခါက သစ္စာဖောက်ခဲ့ဖူးတယ်..
စာများများဖတ်ပြီး ဝေဖန်ဆုံးဖြတ်နိုင်ပါစေ ညီမလေး.. ဘုရားဟောတဲ့ သစ္စာလေးချက်တောင် တို့ပုထုဇဉ်လောကမှာ
ဒုက္ခသစ္စာနဲ့ သမုဒယသစ္စာပဲ စွဲမြဲနေတယ်လေ.. အမှားတစ်ရံကို တစ်ဘက်စီယူပြီး အမှန်တရားလုပ်နေတဲ့ လောကမှာ
သစ္စာဆိုတာ ပန်းနာမည်သက်သက် ဖြစ်နေပြီ ညီမလေးရေ..။
ညီမလေးရေ….. အယ်ဒီဆင်ရဲ့ ၉၉ခေါက်သော ကျရှုံးခန်း ဘယ်စာတမ်းမှာမှ မပါဘူး
ရိုက်ညီနောင်ရဲ့ လေယာဉ်ပျက်ကျခန်း ဘယ်စာတမ်းမှာမှ မပါဘူး
ဘုန်းရောင်ဖွဲ့တွေနဲ့ ယဉ်ပါးလာတဲ့ စာပေလောကမှာ ချီးတုံးကို
တန်ဆာဆင်သလိုဖြစ်လို့ ကျရှုံးခန်းဆိုတာ ရောင်းတန်းမဝင်ဘူးလေ…
ဖတ်ပါ မှတ်ပါ လေ့လာပါ အစွန်းတဖက်တော့ မရောက်စေနဲ့စာပေဆိုတာ
လူဘဝအတွက် အလင်းစက်တစ်ခုပေါ့ ဒါပေမယ့် အသုံးမတတ်ရင် မီးခွက်ဟာ မြို့ပျက်သွားစေနိုင်တယ် ညီမလေး။
ညီမလေးရေ…
မြို့ကြီးပြကြီးမှာ အသက်မွေးမယ်ဆိုရင် ပွင့်လင်း ရိုးသားတယ်ဆိုတာ တို့ဘိုးဘွားတွေရဲ့ ရိုးရာပုံပြင်ထဲမွာ
ချန်ခဲ့တော့ ဖြောင့်မတ်ခြင်းကို ဂွကျတယ်လို့ ဆိုသူတွေက
ကောက်တဲ့လက် ဆန်ပိုရသတဲ့လေ.. မျှတခြင်းတွေက ဟာသဆန်သွားပြီ..
မြို့ပြအမှန်တရားက သာသူစားစတမ်းတဲ့ သတိထား ညီမလေးရေ ခုခေတ်က လှည်းလမ်းလည်း ကားမောင်းချင် မောင်းတယ်
ကားလမ်းပေါ်လည်း လှည်းမောင်းချင် မောင်းတယ် မူဆိုတာ ခင်မင်သူတွေအတွက်
ပြောင်းလဲလို့ရတဲ့ခေတ် တို့သိတဲ့ ကိုယ်ကျင့်တရားတွေ အတော်ခေါင်းပါးမှ ဖြစ်မယ်
ရေမကြည်၊ မြက်မနုတော့တဲ့ အဲ့ဒီမြို့ပြသွားမယ်ဆို
ခဏခဏ မငိုမိအောင် ဟန်ဆောင်ပြုံးတွေ အလုံးအရင်းသာ ယူသွား ညီမလေး။
သစ်ရွက်တွေ ကြွေရုံနဲ့တော့ သစ်ပင်ကြီးမသေပါဘူး..
ကြယ်လေးတွေကြွေရုံနဲ့လည်း ကောင်းကင်ကြီး မသေပါဘူး..
ညီမလေးရေ….. ပန်းပုတစ်ရုပ်လှဖို့ဆိုတာ ထွင်းထုတ်လိုက်ရတဲ့
အသားတွေရှိတတ်မြဲ လေလဲလို့သာ ပြန်မထကြရင်လူဆိုတာ
တွားသွားသတ္တဝါဖြစ်တော့မပေါ့ အားမလျော့ပါနဲ့… သွားတဲ့သူအတွက် လမ်းရှိပါတယ်
ည ဘယ်လောက်နက်နက် မနက်ဆို နေထွက်မှာမို့ မနက်ဖြန်အတွက် နိူးစက်ကို အချက်ပေးထားပါ..
အတိတ်ဆိုတာ ချခင်းထားတဲ့ ကော်ဇောတစ်ချပ်သာသာမို့ ခပ်နာနာတစ်ချက်နင်းပြီး
အနာဂတ်ကို စိတ်နဲ့ပစ်ခွင်းလိုက်ပါ ကောင်းသော မနက်ခင်းဖြစ်ပါစေ..
ညီမလေးရေ….. ရူးရင်လဲ ထမင်းလွတ်အောင်ရူး ဒါမှ အချိန်တန်ရင်ထူးမှာ
အကို့လိုတော့ ဟိုမရောက်ဒီမရောက်နဲ့ လမ်းမပျောက်စေနဲ့ ငယ်ငယ်က တို့တွေ ပန်းကောက်သလိုပေါ့
ခရေသီမလား စံပါယ်သီမလား တစ်မျိုးချင်းသီမှ ရောင်းပန်းမည်တယ်လေ..
လွယ်လွယ်နဲ့တော့ စံပါယ်မပွင့်ဘူး အချိန်တစ်ခုတော့ ရင်းရမှာပေါ့
မဟုတ်ရင် ကိုးမရှိတဲ့ နဝင်းလို အချင်းဘယ်လှပါ့မလဲ ညီမလေးရေ….
လက်နှစ်ချောင်းထောင်ပြီး ဓါတ်ပုံရိုက်တင်တော့ ရုပ်လေးလှတာ လူမြင်တာပေါ့
ဖြူစင်တဲ့စိတ်ထားလေးလည်း မွေးပါ ပြန်တွေးတိုင်း လက်မထောင်နိုင်တဲ့
အတိတ်ရှိအောင်ပေါ့ နိမိတ်၊တဘောင်ဆိုတာတွေ သိပ်မယုံနဲ့ ကြုံသမျှ ဒုက္ခမှာ အကြောင်းရှိတယ်
ယတြာကောင်းစရာမလိုပါဘူး တရားဓမ္မတွေသာ ရင်ထဲကိန်းအောင်းနေပါစေ ညီမလေးရေ…။
Velane (ခရကၵစ္)
#Credit



