တစ်စတစ်စနဲ့ ဆိုးရွားလာတဲ့ လက်ရှိ ပြည်တွင်းရေး အခြေအနေတွေကြောင့်.. ပြည်သူတွေဟာ အစစ အရာရာခက်ခဲ ကြပ်တည်း နေကြရပြီးတိုက်ပွဲတွေလည်း၊ ဆက်တိုက် ဖြစ်ပွားကာ စစ်ဘေးအန္တရာယ်တွေနဲ့ ကြုံတွေ့နေကြ တာလည်းဖြစ်ပါတယ်
အဖိုးအဖွား ပြည်သူတွေအနေနဲ့ အခုလို အချိန်မှာ အခက်အခဲတွေကို ပိုမိုရင်ဆိုင်နေရပြီး စားဝတ်နေရေး အတွက်ခက်ခက်ခဲခဲ ရုန်းကန်နေကြရတာတော်တော်များများ တွေ့မြင် နေရပါတယ်..
အဝတ်လိုက်လျှော်ပြီး ပင်ပန်းခက်ခဲစွာ ရုန်းကန်နေရတဲ့ အသက်(၈၀)ကျော် အဖွားတစ်ယောက်ကလည်း ရူးနေတဲ့ သားကို ရှာဖွေကျွေးမွေးရတဲ့..
အပြင်အရိုက်ခံရတာကြောင့် လည်းနားသိပ်မကြားတော့ဘဲ စားဝတ်နေရေးအတွက်၊ ခက်ခက်ခဲခဲ ရှာဖွေနေရတာ တွေ့ရပါတယ်/
အဖွားကတော့မန္တလေး(၈၈)လမ်း(၃၃ထောင့်ကကျူးတဲလေးမှာနေထိုင်နေရတာဖြစ်ပြီးပနီးပတ်ဝန်းကျင်ကလူတွေကလည်းမနေစေချင်ပေမယ့်ဘုန်းကြီးကပေးနေထားတာဖြစ်တယ်လို့သိရပါတယ်
“ဒီအဖွားကအသက်၈၀ကျော်ပြီမန်းလေး၈၈လမ်း၃၃ထောင့်ကကျူးတဲလေးမှာနေတာပါ။အရင်ကတော့သူများအိမ်တွေအဝတ်လိုက်လျှော်တာပါရှင်။
သူ့ကိုအဲ့နားမှာတချို့ကမနေစေချင်ကြပေမယ့်ဘုန်းကြီးကပေးနေထားတာလို့ပြောပါတယ်ရှင်သားလုပ်တဲ့သူကရူးနေတာပါ။ရူးပြီးသူ့ကိုတခါတလေနားတွေပါရိုက်တော့နားကသိပ်မကြားရတော့ဘူး
ဆွိဒီနေ့အဖွားကိုသွားလှူခဲ့ပါတယ်။ပိုက်ဆံပေးတော့ဝမ်းသာပြီးငိုတယ်ရှင်။ဆွိပြန်ခါနီးတော့ဆွိကိုဖက်ပြီးဓာတ်ပုံရိုက်ချင်တယ်ဆိုတော့ဘေးကလူတွေကသဘောကျနေကြတာအဖွားကကလေးတယောက်လိုဖြစ်သွားလို့လေ။ဘာပဲပြောပြောအထီးကျန်တယ်ဒီအသက်ရွယ်တွေက။မန်းလေးကအမျိုးတို့ရေအဘွားတို့နားများရောက်ခဲ့ရင်ဝင်လှူပေးကြပါဦးနော်
အဘွားကို လှူချင်ရင်မှတ်မိအောင်stickerမအုပ်တော့ဘူးနော်အလှူရှင်များစီးပွားလာဘ်လာဘများဒီရေအလားတိုးတက်ကြပါစေရှင်”ဆိုပြီးသရုပ်ဆောင်မေနွယ်ထွန်းကလည်းသူမကူညီခဲ့တဲ့ကုသိုလ်အလှူလေးကိုပြောပြထားပါသေးတယ်
ပြည်သူတွေမှာအားကိုးစရာဆိုလို့ပြည်သူတွေပဲရှိတာမို့နီးစပ်ရာပြည်သူတွေကလည်းအဖွားအတွက်တတ်နိုင်သလောက်ကူညီဖေးမကြမယ်လို့မျှော်လင့်ရင်းမျှဝေတင်ဆက်လိုက်ပါတယ်နော်
ခရစ်ဒစ် မူရင်းရေးသားသူ