အသိပညာ

ဇနီး စိတ်ပျော်ရွှင်ဖို့ ခင်ပွန်းတွေလုပ်သင့်တဲ့ နည်းလမ်း ၁၀ သွယ်

(၁) အိမ်ပြန်နောက်ကျမယ်ဆို ကြိုပြောပါ

အကြောင်းကိစ္စတစ်ခုခုကြောင့် အိမ်ပြန်နောက်ကျဖို့ဖြစ်လာတဲ့အခါ ဇနီးထံ ဖုန်းလေးတစ်ချက်လောက် ဆက်ပေး လိုက်ခြင်းအားဖြင့် အလေးထား မခံရဘူးလို့ ဇနီးမယားက တွေးထင်သွားနိုင်တဲ့ အခြေအနေကို မကြုံတွေ့ ရအောင် ရှောင်ရှားနိုင်ပါတယ်။ ယောက်ျားတော်တော်များများဟာ အလုပ် မှာဖြစ်စေ၊ မိတ်ဆွေတွေ့ဆုံပွဲမှာဖြစ်စေ ပျော်၀င် လွယ်ပြီး အိမ်ကို ဖုန်းဆက်ဖို့ လုံးဝမေ့သွားတတ်တာ သဘာ၀ပါ။

ဒါဟာ သဘာ၀ဆိုပေမဲ့ အိမ်မှာစောင့်နေ ရတဲ့ ဇနီးမယားအနေနဲ့က လာနိုး လာနိုးစောင့်နေရတာထက် ကြိုသိထားတာ က ပိုကောင်းတယ်ဆိုတာ အားလုံးနားလည် ကြမှာပါ။ ဒါကြောင့် တစ်မိနစ်စာ ဖုန်းလေးတချက်နဲ့ ဇနီးမယားရဲ့ အချိန်နာရီတွေကို တန်ဖိုးထားလေးစားပေး လိုက်ပါ။

(၂) ချက်ပြုတ်တတ်ဖို့ သင်ယူပါ

လုံး၀ကို မချက်တတ်ရင်တောင် ဆင်ခြေပေးဖို့ထက် သင်ယူဖို့ကို အားသန် သင့်ပါတယ်။ဘာပဲဖြစ်ဖြစ်အသစ်အဆန်းတစ်ခုခုကိုသင်ယူရတာဟာ ပျော်စရာကောင်းတာပဲမဟုတ်လား။ရိုးရှင်းတဲ့ဟင်းချက်နည်း၃၊၄ခုကို သေချာလေ့ကျင့်ထားပြီးရံဖန်ရံခါချက်ကျွေးရင်တော့ဇနီးရဲ့ နွေးထွေးနှစ်လိုဖွယ်အပြုံးကို အမြဲရရှိနိုင်မှာပါ။

ဒီတော့ အားလပ်ရက်တွေမှာ မီးဖိုထဲမှာ ဇနီးကို ကူညီချက်ပြုတ်ပေးရင်း သင်ယူလိုက်ပါ။ ဖြစ်နိုင်ရင်တော့ တိတ်တိတ်ကလေး သင်ယူပေါ့။ ဒါဆို ချစ်ဇနီးရဲ့ မွေးနေ့လိုမျိုးထူးခြားတဲ့နေ့တွေမှာ Surprise အနေနဲ့ချက်ကျွေးလို့ရတယ်လေ။

အမြဲ စောစောထပြီး မနက်စာလုပ်နေကျ ဇနီးက သူမအိပ်ရာအနိုးမှာ မနက်စာအဆင်သင့်ဖြစ်နေတာမျိုးတွေ့ရရင် ဘယ်လောက်၀မ်းသာပျော်ရွှင်မလဲ တွေးကြည့်လိုက်ပါ။ ဒီတော့ ချက်လိုက်ကြပါစို့ အမျိုးသားတို့ရေ။

(၃) မကြာခဏဖုန်းဆက်ပေးပါ

အိမ်မှာ တွေ့လို့ရတာပဲဆိုတဲ့ အတွေးနဲ့ အလုပ်မှာ တနေကုန်နေရတဲ့ အချိန်အတွင်း ဖုန်းဆက်စကားပြောဖို့ မပျက်ကွက်သင့်ပါဘူး။ ဇနီးတိုင်းက ခင်ပွန်းရဲ့ဖုန်းခေါ်သံကို မျှော်လင့်နေကြတာဟာ အမှန်ပါ။ အလုပ်မှာ ထမင်းစား ချိန်လေးဖုန်းတစ်ချက်လောက် ဆက်ပေးတာဟာ သူမကို ချစ်ကြောင်းပြ ရာရောက်တဲ့အပြင် သင်ကိုယ်တိုင်လည်း အလုပ်မှ စိတ်ဖိစီးမှုကို လျော့စေပါ တယ်။

သင့်ဇနီးကို သင်လည်းချစ်တာပဲမဟုတ်လား။ ချစ်တဲ့သူနဲ့ ခဏလောက် စကားပြောဖို့ဖုန်းတချက်ဆက်ကာအချိန်ပေးလိုက်ပါ။ဇနီးကိုတနေ့ နှစ်ကြိမ်ဖုန်းဆက်ခြင်းဟာ အိမ်ထောင်ရေးမှာ သိသိသာသာပျော်ရွှင်မှုတိုးစေတယ်လို့ ဆိုပါတယ်။

(၄) စျေး၀ယ်ထွက်ဖို့ ခေါ်ပါ

ဇနီးလိုချင်တာ၀ယ်ဖို့ ပိုက်ဆံပေးလိုက်တာထက် တူတူစျေး၀ယ်ထွက်ဖို့ မိမိက စတင်ပြီး ခေါ်တဲ့အခါ ဇနီးဟာ အရမ်းကို ပျော်ရွှင်သွားပါလိမ့်မယ်။

စူပါမားကက် ထဲရောက်ရင်လည်း ပိုက်ဆံအိတ်ကိုပေးထားခဲ့ပြီး မိမိကြိုက်ရာ ဆိုင်တစ်ခုခု မှာထိုင်နေတာ ၊ တခြားပစ္စည်းတွေလိုက်ကြည့်နေတာတွေ မလုပ်ပဲ ဇနီးနဲ့အတူ အ၀တ်အစားလေးတွေ ရွေးပါ၊ မီးဖိုချောင်သုံးပစ္စည်းတွေ၊ ကလေးအသုံး အဆောင်တွေ တူတူရွေးချယ်ပါ။

ဇနီးကို မိမိ၀တ်စေချင်တာတွေ ရွေးပေးရတာ သဘောကျစရာပဲ မဟုတ်ပါလား။ သင်တောင် မသိလိုက်ပဲ သင်ကိုယ်တိုင် လည်းပျော်ရွှင်သွားပြီး အများကြီး သင်ယူမိသွားပါလိမ့်မယ်။

(၅) TV ကိုချည်းပဲ ကြည့်နေခြင်းကိုရှောင်ပါ

အပြင်က ပြန်ရောက်ရောက်ချင်းမှာပဲ ဧည့်ခန်း TV ရှေ့ထိုင်ကာ တစ်ချိန်လုံး TV ကြည့်ခြင်းဟာ ကျန်းမာရေးအတွက် မကောင်းသလို အိမ်ထောင်ရေး အတွက် လည်း မကောင်းပါဘူး။ သင် ဘယ်လောက်ပဲပင်ပန်းလာပါစေ ဇနီးမယားရဲ့ တစ်နေ့တာအကြောင်းကို မေးမြန်းပြီး မိမိရဲ့ တစ်နေ့တာအကြောင်းကို လည်း ပြောပြသင့်ပါတယ်။

ဒီလို စကားစမြည်သာ မပြောဖြစ်ကြရင် ပြောဆို ဆက်သွယ်မှုဆိုတာ ဘယ်မှာရှိလာတော့မှာလဲ။ ဒီတော့ စကားစမြည်ပြော ရင်း ညနေစာစားပြီးမှ TV ကြည့်သင့်ပါတယ်။

(၆) လူရှေ့သူရှေ့ ချီးကျူးစကားဆိုပါ

မိတ်ဆွေတွေကြားမှာ ဇနီးကို ချီးကျူးစကားပြောလိုက်တာဟာ သူမကို ရှက်ပြုံးလေးပြုံးမိစေကာ တစ်နေ့တာလုံး အားအင်ပြည့်ဝစေတဲ့အပြင် ချီးကျူးဖွယ်ဇနီးကို ပိုင်ဆိုင်ရတဲ့သင့်ကိုလည်းအများက လေးစားအားကျစေမှာပါ။ ဒါပေမဲ့ လွန်လွန်ကျွံကျွံမြှောက်ပင့်တာမျိုးမဟုတ်ပဲ သူမရဲ့ လုပ်ဆောင်ချက် တစ်ခုခုကို အမှန်တကယ် သဘောကျနှစ်သက် ကြောင်းပြောတာမျိုးပဲဖြစ်ဖို့ အထူးဂရုစိုက်သင့်ပါတယ်။

(၇) သားသမီးတွေအတွက် အချိန်ပေးပါ

“ သားသမီးတွေ ဘယ်သူ ဘယ်နှတန်းဆိုတာတောင် မမှတ်မိတော့ပါဘူး၊ နာမည်တွေတောင်မှားခေါ်မိလို့မိန်းမကစိတ်ဆိုးတယ်”လို့ရယ်မောပြီး ပြောဆိုနေတဲ့ဖခင်တွေ(တနည်းအားဖြင့်ခင်ပွန်းတွေ)ကို တွေ့ဖူးပါတယ်။ အဲလိုဖခင်မျိုးမဖြစ်စေချင်ပါဘူး။

ဘယ်လောက်ပဲ အချိန်မရှိဖြစ်နေပါစေ မိမိရဲ့ အနာဂတ်မျိုးဆက် ရင်နှစ်သည်းချာတွေ ကို ဂရုစိုက်ဖို့ ၊ ပျိုးထောင်ပေးဖို့၊ သင်ကြားပေးဖို့ မပျက်ကွက်သင့်ပါဘူး။

ကလေးတွေကို ကျောင်းအကြိုအပို့လုပ်ပေး၊ နေ့လည်စာထမင်းဘူးထည့်ပေးတာတွေကို လုပ်ပေးသင့်ပါတယ်။ ဒီလိုလုပ်ပေးခြင်းအားဖြင့် ဇနီးကိုလည်း ကူညီရာရောက်ပြီး သားသမီးတွေကိုလည်း ချစ်ကြောင်းပြရာရောက်ပါတယ်။

(၈) ဇနီးနဲ့ တူတူရှိနေချိန်တွေ များများဖန်တီးပါ


(၉) ဇနီးကို အမေတစ်ယောက်လို ထင်မြင်ပြုမူခြင်းကို ရှောင်ပါ

အိမ်ထောင်ကျခါစ သားသမီးမရှိတဲ့အချိန်မှာ ခင်ပွန်းသည်ဟာ ဇနီးမယားကို အလိုလိုက်ဂရုစိုက်တတ်ပေမဲ့ သားသမီးတွေရဲ့ မိခင်ဖြစ်လာတဲ့အခါ ဇနီး အပေါ်မှာ အမြင်ပြောင်းသွားလေ့ရှိပါတယ်။ ဒါဟာ အချစ်ပေါ့သွားခြင်းလည်း မဟုတ်သလို ရိုးအီသွားခြင်းလည်း မဟုတ်ပါဘူး။

ခင်ပွန်းအပေါ်မှာ ကလေးဆန်စွာ ဆိုးနွဲ့တတ်တဲ့ ဇနီးက သားသမီးတွေ အပေါ်မှာ မိခင်ပီသစွာ အနွံတာခံဖြည့်ဆည်းပေးတဲ့အခါ ခင်ပွန်းသည်က ဆိုးနွဲ့ တတ်တဲ့ ချစ်စရာဇနီးအဖြစ် မမြင်တော့ပဲ အနွံတာခံတတ်တဲ့ မိခင်အဖြစ်ပဲ မြင် သွားပြီးမိမိကိုလည်းသားသမီးတွေနဲ့အတူတူအလိုလိုက်ဖို့မသိစိတ်က တောင်းဆိုနေမိပါတော့တယ်။

ဒါဟာ ဇနီးအတွက် တရားမျှတပါရဲ့လား။ မိဘဆိုတာ သားသမီးတွေရဲ့ မှီခိုရာဖြစ်ပြီး ခင်ပွန်းဆိုတာ ဇနီးရဲ့မှီခိုရာပဲဆိုတာ အမြဲ သတိ ထားသင့်ပါတယ်။ အိမ်တာ၀န်တွေ၊ သားသမီးတာ၀န်တွေနဲ့ ပင်ပန်းနေရှာတဲ့ ဇနီးအတွက် နားခိုရာ ခင်ပွန်းအဖြစ် ကြင်နာသနားတတ်တဲ့ နှလုံးသားရှိသင့် ပါတယ်။

(၁၀) လက်ဆောင်လေးတွေ မကြာခဏ၀ယ်ပေးခြင်း

မွေးနေ့၊ မင်္ဂလာနှစ်ပတ်လည်နေ့တွေရောက်မှ လက်ဆောင်ပေးတာဟာ မပြည့်စုံပါဘူး။ တစ်ပတ် တစ်ခါလောက်ဖြစ် ဖြစ် ပန်းကလေး တစ်ပွင့်၀ယ်ပေးဖို့ ဟာ မခက်ခဲတာ အမှန်ပါပဲ။ ကိုယ့်ဘာသာ ဘယ်အချိန်ဖြစ်ဖြစ် ၀ယ်လို့ရနိုင်တဲ့ ပစ္စည်းလေးတွေဖြစ်ပေမဲ့ခင်ပွန်းသည်ကအမှတ်တရပေးတဲ့အခါအရမ်းကို ပျော်ရွှင်ကျေနပ်ကြပြီး ခင်ပွန်းအပေါ် ပိုမိုချစ်မြတ်နိုးလာစေပါတယ်။

ဒီတော့ သွားရင်းလာရင်း ချစ်ဇနီးနဲ့ လိုက်ဖက်တာလေးတွေ့ရင် ပန်း၊ လက်ကိုင်အိတ်၊ ကလစ်၊ နှုတ်ခမ်းနီ၊ ဖိနပ်၊ အကျီင်္စတာတွေကို အမှတ်တရ၀ယ်ပေးသင့်ပါတယ်။

အထက်ပါ အချက်တွေကို ရံဖန်ရံခါ လိုက်နာလုပ်ဆောင်ခြင်းအားဖြင့်ဇနီးသည်ဟာမိမိရဲ့ဘ၀မှာဘယ်လောက်အရေးပါကြောင်းဖော်ပြပြီးသားဖြစ်စေသလို မိမိကိုယ်တိုင်လည်း သာယာတဲ့အိမ်ထောင်ရေး၊ ကြင်နာတတ်တဲ့ ဇနီးနဲ့ ချစ်စဖွယ်သားသမီးလေးတွေ ပါ၀င်တဲ့ စံပြမိသားစုကို ဦးဆောင်နိုင်တဲ့ ခင်ပွန်းကောင်းဖြစ်လာနိုင်ကြောင်း ရေးသားဖော်ပြလိုက် ရပါတယ်။

#Credit : Yangon Life

Photo by

Win Naing Zaw

Cho Pswn.

ဓမ္မရေချမ်းစင်