ၾကားသိရသမွ်

သင်ရွေးချယ်တဲ့အရွက်လေးတွေက ပြောပြမယ့် သင့်ရဲ့အားသာချက်

သင်ရွေးချယ်တဲ့အရွက်လေးတွေက ပြောပြမယ့် သင့်ရဲ့အားသာချက်

(၁) သင်ဟာ စွန့်စားတတ်တဲ့ စိတ်ခွန်အားရှိသူတစ်ယောက်ပါ။

နံပါတ်တစ်အရွက်လေးကို ရွေးလိုက်တယ်ဆိုရင် သင်ဟာ ဘဝနဲ့ ပတ်သက်လို့ သတ္တိအပြည့်ရှိသူဖြစ်ပြီး စိန်ခေါ်မှုတွေကိုလည်း ဘယ်တော့မှ မကြောက်တတ်ပါဘူး။အမြဲတိုးတက်ဖို့ ကြိုးစားနေသူဖြစ်ပြီး ဟန်ဆောင်မှုလည်း ကင်းပါတယ်။ သင့်ဘေးနားကလူတွေကလည်း သင့်ရဲ့ ရဲရင့်ရိုးသားမှုကြောင့် သင့်ကို ပိုပြီးချစ်ခင်လေးစားနေတာ ဖြစ်ကြပါတယ်။

(၂) သင်ဟာ လက်တွေ့ကျပြီးအမှီအခိုကင်းသူဖြစ်ပါတယ်။

နံပါတ်နှစ်အရွက်ကို ရွေးတဲ့သင်ဟာ လက်တွေ့ကျအမှီခိုကင်းသူမို့ သင်လျှောက်နေတဲ့ ဘဝလမ်းကြောင်းနဲ့ ပတ်သက်ပြီးတော့ ယုံကြည်မှုရှိသူဖြစ်ပါတယ်။အပေးအကမ်းရက်ရောပြီး သင်ချစ်တဲ့သူတွေအတွက်ဆို စွန့်လွှတ်စွန့်စားရမှာ ဝန်မလေးသူ ဖြစ်ပါတယ်။အများလုပ်လို့ လိုက်လုပ်ရတာထက် ကိုယ့်စိတ်က ကြိုက်မှလည်း လုပ်တတ်သူ ဖြစ်ပါတယ်။

(၃) သင်ဟာ ထိုးထွင်းမြင်နိုင်တဲ့ဉာဏ် သိပ်ကြီးသူပါ။

နံပါတ် (၃) ကို ရွေးလိုက်တယ်ဆိုရင် သင်ဟာ သင့်ရဲ့ သိပ်ကိုနားလည်လွယ်ပြီး မြင့်မားတဲ့ ဉာဏ်ကြောင့် လောကမှာ ဖြစ်ပျက်နေတာတွေကို ခွဲခြမ်းစိတ်ဖြာ သုံးသပ်ရာမှာ သိပ်ကို ကျွမ်းကျင်ပါတယ်။ ဒီလိုအတွေးအမြင်တွေ ကောင်းနေဖို့လည်း သင့်မှာ ကိုယ်ပိုင်အချိန် များစွာ လိုအပ်ပါတယ်။အကြံဉာဏ်ပေးရာမှာလည်း တော်ပြီး သူများတွေ မမြင်တဲ့အသေးစိတ်တွေကိုပါ သိမြင်တတ်သူပါ။

(၄) သင်ဟာ ပျော်တတ်ပြီးအကောင်းမြင်စိတ်ကြီးသူဖြစ်ပါတယ်။

နံပါတ် (၄) ကို ရွေးတယ်ဆိုရင် သင်ဟာ မွေးရာပါအကောင်းမြင်စိတ် ရှိသူဖြစ်ပါတယ်။ လွယ်လွယ်နဲ့ စိတ်မပျက်တတ်ဘဲအကောင်းမြင်တတ်လို့ ပျော်ရွှင်မှုကိုလည်းအမြဲရှာတွေ့သူဖြစ်ပါတယ်။ ဝမ်းနည်းစရာ ကြုံလာရင်တောင် ကိုယ့်ကိုယ်ကိုအမြန်ဆုံး ပြန်တည်ဆောက်နိုင်သူ ဖြစ်ပါတယ်။

(၅) သင်ဟာ ဉာဏ်ကောင်းပြီး လွတ်လပ်မှုကို မြတ်နိုးသူပါ။

သင့်စိတ်က လွတ်လပ်ပြီး စိတ်ဝင်စားစရာတွေကိုအမြဲလိုချင်တာကြောင့် ပျင်းစရာကောင်းတဲ့ ဘဝဆိုတာမျိုးကို သင်မကြိုက်ပါဘူး။ ဘယ်သူမှ မတွေးမိတဲ့ ထူးထူးခြားခြားအတွေးစိတ်ကူးတွေလည်း ပိုင်ဆိုင်ထားသူပါ။ ကိုယ့်ကိုယ်ကိုလည်း ယုံကြည်မှုရှိပြီး သင့်ရဲ့အချိန်တွေ၊ မေတ္တာတရားတွေ၊ စိတ်ခံစားမှုတွေကိုလည်း တစ်ပါးသူတွေအတွက် ဝေမျှဖို့ ဝန်မလေးသူဖြစ်ပါတယ်။ ဒီအချက်ကြောင့်လည်း သင့်ကို လူတွေ ပိုချစ်ကြတာပါ။

credit to lotaya

Zawgyi

သင္ေ႐ြးခ်ယ္တဲ့အ႐ြက္ေလးေတြက ေျပာျပမယ့္ သင့္ရဲ႕အားသာခ်က္

(၁) သင္ဟာ စြန္႔စားတတ္တဲ့ စိတ္ခြန္အားရွိသူတစ္ေယာက္ပါ။

နံပါတ္တစ္အ႐ြက္ေလးကို ေ႐ြးလိုက္တယ္ဆိုရင္ သင္ဟာ ဘဝနဲ႔ ပတ္သက္လို႔ သတၱိအျပည့္ရွိသူျဖစ္ၿပီး စိန္ေခၚမႈေတြကိုလည္း ဘယ္ေတာ့မွ မေၾကာက္တတ္ပါဘူး။အၿမဲတိုးတက္ဖို႔ ႀကိဳးစားေနသူျဖစ္ၿပီး ဟန္ေဆာင္မႈလည္း ကင္းပါတယ္။ သင့္ေဘးနားကလူေတြကလည္း သင့္ရဲ႕ ရဲရင့္႐ိုးသားမႈေၾကာင့္ သင့္ကို ပိုၿပီးခ်စ္ခင္ေလးစားေနတာ ျဖစ္ၾကပါတယ္။

(၂) သင္ဟာ လက္ေတြ႕က်ၿပီးအမွီအခိုကင္းသူျဖစ္ပါတယ္။

နံပါတ္ႏွစ္အ႐ြက္ကို ေ႐ြးတဲ့သင္ဟာ လက္ေတြ႕က်အမွီခိုကင္းသူမို႔ သင္ေလွ်ာက္ေနတဲ့ ဘဝလမ္းေၾကာင္းနဲ႔ ပတ္သက္ၿပီးေတာ့ ယုံၾကည္မႈရွိသူျဖစ္ပါတယ္။အေပးအကမ္းရက္ေရာၿပီး သင္ခ်စ္တဲ့သူေတြအတြက္ဆို စြန္႔လႊတ္စြန္႔စားရမွာ ဝန္မေလးသူ ျဖစ္ပါတယ္။အမ်ားလုပ္လို႔ လိုက္လုပ္ရတာထက္ ကိုယ့္စိတ္က ႀကိဳက္မွလည္း လုပ္တတ္သူ ျဖစ္ပါတယ္။

(၃) သင္ဟာ ထိုးထြင္းျမင္ႏိုင္တဲ့ဉာဏ္ သိပ္ႀကီးသူပါ။

နံပါတ္ (၃) ကို ေ႐ြးလိုက္တယ္ဆိုရင္ သင္ဟာ သင့္ရဲ႕ သိပ္ကိုနားလည္လြယ္ၿပီး ျမင့္မားတဲ့ ဉာဏ္ေၾကာင့္ ေလာကမွာ ျဖစ္ပ်က္ေနတာေတြကို ခြဲျခမ္းစိတ္ျဖာ သုံးသပ္ရာမွာ သိပ္ကို ကြၽမ္းက်င္ပါတယ္။ ဒီလိုအေတြးအျမင္ေတြ ေကာင္းေနဖို႔လည္း သင့္မွာ ကိုယ္ပိုင္အခ်ိန္ မ်ားစြာ လိုအပ္ပါတယ္။အႀကံဉာဏ္ေပးရာမွာလည္း ေတာ္ၿပီး သူမ်ားေတြ မျမင္တဲ့အေသးစိတ္ေတြကိုပါ သိျမင္တတ္သူပါ။

(၄) သင္ဟာ ေပ်ာ္တတ္ၿပီးအေကာင္းျမင္စိတ္ႀကီးသူျဖစ္ပါတယ္။

နံပါတ္ (၄) ကို ေ႐ြးတယ္ဆိုရင္ သင္ဟာ ေမြးရာပါအေကာင္းျမင္စိတ္ ရွိသူျဖစ္ပါတယ္။ လြယ္လြယ္နဲ႔ စိတ္မပ်က္တတ္ဘဲအေကာင္းျမင္တတ္လို႔ ေပ်ာ္႐ႊင္မႈကိုလည္းအၿမဲရွာေတြ႕သူျဖစ္ပါတယ္။ ဝမ္းနည္းစရာ ႀကဳံလာရင္ေတာင္ ကိုယ့္ကိုယ္ကိုအျမန္ဆုံး ျပန္တည္ေဆာက္ႏိုင္သူ ျဖစ္ပါတယ္။

(၅) သင္ဟာ ဉာဏ္ေကာင္းၿပီး လြတ္လပ္မႈကို ျမတ္ႏိုးသူပါ။

သင့္စိတ္က လြတ္လပ္ၿပီး စိတ္ဝင္စားစရာေတြကိုအၿမဲလိုခ်င္တာေၾကာင့္ ပ်င္းစရာေကာင္းတဲ့ ဘဝဆိုတာမ်ိဳးကို သင္မႀကိဳက္ပါဘူး။ ဘယ္သူမွ မေတြးမိတဲ့ ထူးထူးျခားျခားအေတြးစိတ္ကူးေတြလည္း ပိုင္ဆိုင္ထားသူပါ။ ကိုယ့္ကိုယ္ကိုလည္း ယုံၾကည္မႈရွိၿပီး သင့္ရဲ႕အခ်ိန္ေတြ၊ ေမတၱာတရားေတြ၊ စိတ္ခံစားမႈေတြကိုလည္း တစ္ပါးသူေတြအတြက္ ေဝမွ်ဖို႔ ဝန္မေလးသူျဖစ္ပါတယ္။ ဒီအခ်က္ေၾကာင့္လည္း သင့္ကို လူေတြ ပိုခ်စ္ၾကတာပါ။

credit to lotaya