ပဲခူးမြို့က နာမည်ကျော် စစ်တပ်ထောက်ခံသူ စန္ဒီမြင့်အောင်၏ ဖခင်အုပ်ကြီးရုံး ဗုံးဖေါက်ခွဲခံရ
အာဏာသိမ်းစစ်တပ်ကိုထောက်ခံရာတွင် နာမည်ကျော်တစ်ဦးဖြစ်သော ပဲခူးမြို့က စန္ဒီမြင့်အောင်၏ဖခင် ရပ်ကွက်အုပ်ချုပ်ရေးမှူး၏ရုံးတွင် ယနေ့နေ့လည်က လူအသေအပျောက်မရှိသော ဗုံးပေါက်ကွဲမှုဖြစ်ပွားခဲ့သည်။
ကလျာဏီရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးမြင့်အောင်၏ရုံးကို နေ့ခင်း ၂နာရီခွဲအချိန်ခန့်က ပြင်ပမှလက်ပစ်ဗုံးပစ်သွင်းခြင်းခံရ၍ ရုံးပျက်စီးမှုအနည်းငယ်ဖြစ်သွားသည်။
“ လူတော့ မထိဘူး။ ရုံးက မှန်နဲ့ အနည်းငယ် ပျက်ဆီးသွားတယ်။ ဒီရုံးက စန္ဒီမြင့်အောင်ရဲ့ အဖေရုံးလေ။ သူက အမေစုကို ဖေ့ဘွတ်မှာ မိုက်မိုက်ရိုင်းရိုင်းဆဲလို့ ထောင်ခြောက်လကျဖူးတယ်။ အကြီးစား ဒလန်ပေါ့။ သူ့အဖေမြင့်အောင်လဲ သူ့သမီးမြှောက်ပေးတာလိုက်လုပ်နေတာ”ဟု ရပ်ကွက်သားတစ်ဦးက ပြောသည်။
၎င်းရုံးဗုံးပေါက်ကွဲမှု့ဖြစ်ပွါးခဲ့ပြီးနောက် ဥဿာမြို့သစ် ရပ်ကွက် (၇) ရှိ အုပ်ချုပ်ရေးမှူးအိမ်တွင် လက်လုပ်ဗုံးတွေ့ရှိခဲ့ပြီး စစ်ကောင်စီက လာရောက်ရှင်းလင်းခဲ့သည်။ ရှင်းလင်းနေစဉ် ပင်စည်မီးပွိုင့်အနီးဖြတ်သန်းသွားလာသည့် ခြံရှင်းလုပ်သားအမျိုးသားသုံးဦးကို အကြောင်းမဲ့ ရိုက်နှက်ထိန်းသိမ်းခဲ့သေးသည်။
ပေါက်ကွဲမှုဖြစ်သော ရပ်ကွက်ရုံးရှေ့တွင် နေ့စဉ်လိုလို ပြည်သူများကို စစ်ဆေးနေပြီး ဆိုင်ကယ်မောင်းနှင်သူများကို ဒဏ်ငွေအမျိုးမျိုးတပ်လေ့ရှိသည်။
“ အချိန်မတော် ဧည့်စာရင်းစစ်တယ်။ သူတို့ခေါ်တာ ချက်ချင်းထွက်မလာရင် ဆဲတယ် ခြိမ်းခြောက်တယ်။ သေနတ်တကားကားနဲ့ နှာခေါင်းမှာ ဘုထွက်နေတဲ့ သူ့တပြည့်က မူးမူးနဲ့အော်ဆဲနေတာပဲ။ ”ဟု နောက်ထပ်ဒေသခံတစ်ဦးက ပြောသည်။
အဆိုပါရပ်ကွက်ရုံး ဗုံးပေါက်ကွဲမှု့မှာ ဒုတိယအကြိမ်ဖြစ်ပြီး ဇွန်လ ၁၇ ရက်နေ့ကလည်း လူသူထိခိုက်မှုမရှိသော ဗုံးပေါက်ကွဲမှုတစ်ခုဖြစ်ခဲ့သေးသည်။
Oct 24
Source : Mizzima
unicode
ပဲခူးၿမိဳ႕က နာမည္ေက်ာ္ စစ္တပ္ေထာက္ခံသူ စႏၵီျမင့္ေအာင္၏ ဖခင္အုပ္ႀကီး႐ုံး ဗုံးေဖါက္ခြဲခံရ
အာဏာသိမ္းစစ္တပ္ကိုေထာက္ခံရာတြင္ နာမည္ေက်ာ္တစ္ဦးျဖစ္ေသာ ပဲခူးၿမိဳ႕က စႏၵီျမင့္ေအာင္၏ဖခင္ ရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး၏႐ုံးတြင္ ယေန႔ေန႔လည္က လူအေသအေပ်ာက္မရွိေသာ ဗုံးေပါက္ကြဲမႈျဖစ္ပြားခဲ့သည္။
ကလ်ာဏီရပ္ကြက္အုပ္ခ်ဳပ္ေရးမႉး ဦးျမင့္ေအာင္၏႐ုံးကို ေန႔ခင္း ၂နာရီခြဲအခ်ိန္ခန႔္က ျပင္ပမွလက္ပစ္ဗုံးပစ္သြင္းျခင္းခံရ၍ ႐ုံးပ်က္စီးမႈအနည္းငယ္ျဖစ္သြားသည္။
“ လူေတာ့ မထိဘူး။ ႐ုံးက မွန္နဲ႔ အနည္းငယ္ ပ်က္ဆီးသြားတယ္။ ဒီ႐ုံးက စႏၵီျမင့္ေအာင္ရဲ့ အေဖ႐ုံးေလ။ သူက အေမစုကို ေဖ့ဘြတ္မွာ မိုက္မိုက္ရိုင္းရိုင္းဆဲလို႔ ေထာင္ေျခာက္လက်ဖူးတယ္။ အႀကီးစား ဒလန္ေပါ့။ သူ႔အေဖျမင့္ေအာင္လဲ သူ႔သမီးေျမႇာက္ေပးတာလိုက္လုပ္ေနတာ”ဟု ရပ္ကြက္သားတစ္ဦးက ေျပာသည္။
၎႐ုံးဗုံးေပါက္ကြဲမႈ႔ျဖစ္ပြါးခဲ့ၿပီးေနာက္ ဥႆာၿမိဳ႕သစ္ ရပ္ကြက္ (၇) ရွိ အုပ္ခ်ဳပ္ေရးမႉးအိမ္တြင္ လက္လုပ္ဗုံးေတြ႕ရွိခဲ့ၿပီး စစ္ေကာင္စီက လာေရာက္ရွင္းလင္းခဲ့သည္။ ရွင္းလင္းေနစဥ္ ပင္စည္မီးပြိဳင့္အနီးျဖတ္သန္းသြားလာသည့္ ၿခံရွင္းလုပ္သားအမ်ိဳးသားသုံးဦးကို အေၾကာင္းမဲ့ ရိုက္ႏွက္ထိန္းသိမ္းခဲ့ေသးသည္။
ေပါက္ကြဲမႈျဖစ္ေသာ ရပ္ကြက္႐ုံးေရွ႕တြင္ ေန႔စဥ္လိုလို ျပည္သူမ်ားကို စစ္ေဆးေနၿပီး ဆိုင္ကယ္ေမာင္းႏွင္သူမ်ားကို ဒဏ္ေငြအမ်ိဳးမ်ိဳးတပ္ေလ့ရွိသည္။
“ အခ်ိန္မေတာ္ ဧည့္စာရင္းစစ္တယ္။ သူတို႔ေခၚတာ ခ်က္ခ်င္းထြက္မလာရင္ ဆဲတယ္ ၿခိမ္းေျခာက္တယ္။ ေသနတ္တကားကားနဲ႔ ႏွာေခါင္းမွာ ဘုထြက္ေနတဲ့ သူ႔တျပည့္က မူးမူးနဲ႔ေအာ္ဆဲေနတာပဲ။ ”ဟု ေနာက္ထပ္ေဒသခံတစ္ဦးက ေျပာသည္။
အဆိုပါရပ္ကြက္႐ုံး ဗုံးေပါက္ကြဲမႈ႔မွာ ဒုတိယအႀကိမ္ျဖစ္ၿပီး ဇြန္လ ၁၇ ရက္ေန႔ကလည္း လူသူထိခိုက္မႈမရွိေသာ ဗုံးေပါက္ကြဲမႈတစ္ခုျဖစ္ခဲ့ေသးသည္။
Oct 24
Source : Mizzima
crd