အောက်တိုဘာလ ၂၆ ရက်နေ့မှ ၂၈ ရက်နေ့အထိ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကို နိုင်ငံရေးအရ ကိုယ်စားမပြုတဲ့
ကိုယ်စားလှယ် (နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်) တက်ရောက်ဖို့ လက်ရှိ အာဆီယံဥက္ကဋ္ဌဖြစ်သူ ဘရူနိုင်း နိုင်ငံခြားရေး
ဝန်ကြီးဌာနက ဖိတ်ကြားလာတာဟာ အာဆီယံ ပဋိညာဉ်စာတမ်းနဲ့ မကိုက်ညီသလို အာဆီယံရဲ့ လုပ်ထုံးလုပ်နည်းနဲ့ အစဉ်အလာကနေ
လည်း သွေဖည်နေတယ်လို့ စစ်ကောင်စီလက်အောက် မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနက ကြေညာချက်ထုတ်ပြန် ကန့်ကွက်လိုက်ပါ
တယ်။
စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့် ဝဏ္ဏမောင်လွင်
အာဆီယံအစည်းအဝေးတွေ အားလုံးကို အာဆီယံအဖွဲ့ဝင်နိုင်ငံတွေ အဆင့်တူ၊ တန်းတူ တက်ရောက်ဖို့ အာဆီယံပဋိညာဉ်စာတမ်းမှာ
ပြဌာန်းထားပြီး မြန်မာကိုယ်စားလှယ်ရဲ့ အဆင့်အတန်းကို နှိမ့်ပြီးဖိတ်ကြားတာ၊ အစည်းအဝေးတွေမှာ ဆွေးနွေးရာမှာ ကန့်သတ်မှုတွေ
ထားတာဟာ အာဆီယံပဋိညာဉ်စာတမ်း အပိုဒ်-၅ နဲ့လည်း ကိုက်ညီမှုမရှိတာ တွေ့ရတယ်လို့ ဆိုပါတယ်။
အာဆီယံ ထိပ်သီး အစည်းအဝေးကို နိုင်ငံအကြီးအကဲ ဒါမှမဟုတ် အစိုးရအဖွဲ့အကြီးအကဲ ဒါမှမဟုတ် နိုင်ငံအကြီးအကဲကို ကိုယ်စားပြုမယ့်
ပြည်ထောင်စုဝန်ကြီးအဆင့်ပုဂ္ဂိုလ် တက်ရမှသာ မြန်မာနိုင်ငံက လက်ခံမယ် ဆိုတာကို အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ ဘရူနိုင်း နိုင်ငံခြားရေး
ဝန်ကြီးဌာနထံ အကြောင်းပြန်ထားပြီးဖြစ်တယ်လို့ အဲဒီကြေညာချက်မှာ ဖော်ပြထားပါတယ်။
အာဆီယံအစည်းအဝေးများနှင့် ပတ်သက်ပြီး တန်းတူရည်တူမထားသည့် အစည်းအဝေးကို သွားရောက် တက်ရောက်ပါက ပိုပြီး
မြန်မာနိုင်ငံ၏ အချုပ်အခြာအာဏာကို စော်ကားရာကျသည်ဟု နိုင်ငံတော်စီမံအုပ်ချုပ်ရေး ကောင်စီမှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်း
ထွန်းက ပြောသည်။
အာဆီယံအလှည့်ကျဥက္ကဋ္ဌ ဘရူနိုင်း
“ဒါနဲ့ပတ်သက်ပြီးတော့ သူတို့အနေနဲ့ ကိုယ့်ကို တန်းတူရည်တူအဖြစ် မထားတဲ့ နိုင်ငံအချို့ပေါ့နော်။ အာဆီယံနိုင်ငံအားလုံးလည်း မဟုတ်ပါ
ဘူး။ နိုင်ငံအချို့ရဲ့ ကန့်သတ်မှုကြောင့်၊ နိုင်ငံအချို့ရဲ့ ပဋိဉာဏ်ချိုးဖောက်မှုကြောင့် တန်းတူရည်တူမထားတဲ့ အစည်းအဝေးကို သွားရောက်
တက်ရောက်တာက ပိုပြီးတော့ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာကို စော်ကားရာကျတယ်။
ကိုယ့်နိုင်ငံရဲ့ တည်ရှိမှုအပေါ်မှာ မိမိရဲ့၊ နိုင်ငံရဲ့ တည်ရှိမှုအပေါ်မှာ ကိုယ့်အနေနဲ့လည်း ချိုးဖောက်ရာ ရောက်တယ်။ ဒါကြောင့်မို့လို့
ကျွန်တော်တို့လည်း တက်ဖို့၊ မတက်ဖို့ မသေချာပါဘူး။ ဘာမှတ်ချက်မှ ပေးစရာမရှိပါဘူး” ဟု ယင်းက ဆိုသည်။
အာဆီယံနိုင်ငံများ ထိပ်သီးအစည်းအဝေးကို အောက်တိုဘာလ ၂၆ ရက်နေ့တွင် ကျင်းပမည်ဖြစ်ပြီး အာဆီယံအဖွဲ့အစည်းက မြန်မာနိုင်ငံ
ကိုယ်စားပြု တက်ရောက်ရန်အတွက် နိုင်ငံခြားရေးဝန်ကြီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တစ်ဦးကို ဖိတ်ကြားထားကြောင်း သိရသည်။
ဓါတ်ပုံ – Getty Images (ပုံဟောင်း)
“ကျွန်တော်တို့ ဟိုကနေပြီးတော့ ဖိတ်ကြားတာကတော့ နိုင်ငံခြားရေးဝန်ကြီးဌာနက ညွှန်ကြားရေးမှူးချုပ်တစ်ယောက်ကို ဖိတ်ကြားထား
ပါတယ်။ ကျွန်တော်တို့အနေနဲ့ကတော့ တက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး။ အကြောင်းလည်း မပြန်ရသေးပါဘူး။
အခုနပြောသလို တက်ဖြစ်၊ မတက်ဖြစ် မသေချာသေးပါဘူး။ ကျွန်တော်တို့အနေနဲ့က ရှင်းရှင်းလေး ကျွန်တော်တို့ရပ်တည်ချက်က
နိုင်ငံခြားရေးဝန်ကြီးဌာနကလည်း ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။
ဖိတ်ခေါ်တာသည် သူတို့အနေနဲ့ရော ပဋိဉာဏ်ပါရော၊ စည်းမျဉ်းစည်းကမ်းပါ အရရော ဘယ်သူ့ကိုတက်ပါလို့ ဖိတ်ခေါ်ခွင့်မရှိပါဘူး။ အဓိက
တော့ နိုင်ငံ့ခေါင်းဆောင်လုပ်တဲ့ သူ၊ နိုင်ငံခေါင်းဆောင် ဖြစ်ရမှာပဲ ဖြစ်တယ်။ ဒါကို ကျွန်တော်တို့ တူညီဆန္ဒမရှိဘဲနဲ့ ဆောင်ရွက်လာတာ
ဖြစ်တယ်” ဟု ယင်းက ဆက်လက်ပြောကြားခဲ့သည်။
အာဆီယံထိပ်သီးအစည်းအဝေးတွင် နိုင်ငံတစ်နိုင်ငံ၏ အစိုးရအဖွဲ့မှ နိုင်ငံ့ခေါင်းဆောင်သာ တက်ရောက်မည်ဖြစ်ကြောင်း၊ လက်ရှိတွင်
မြန်မာနိုင်ငံကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ နိုင်ငံတော်တာဝန်များကို ရယူထားကြောင်း၊ ယင်းသို့ ရယူမှုနှင့် ပတ်သက်ပြီး အာဆီယံ
နိုင်ငံအချို့က အငြင်းပွားနေခြင်းဖြစ်ကြောင်း သိရသည်။