ဗဟုသုတ

အဘိုး နဲ့ အဘွားအိုကပေးတဲ့တန်ဖိုးဖျက်မရတဲ့ သင်ခန်းစာ

လူငယ်လင်မယားနှစ်ယောက် ဟာ..အိမ်ထောင်ကျစကတည်းကရက်ခြားဆိုသလို ရန်ဖြစ်လေ့ရှိကြတယ်။

တဲ့အခါလူငယ်က အရမ်းစိတ်ပျက်လာပါတယ်။တစ်နေ့ သူ့အမျိုးသမီးနဲ့ ရန်ဖြစ်ပြီး..စိတ်ညစ်ညစ်နဲ့အိမ်ရှေ့မှာ တစ်ယောက်တည်း ထိုင်နေရင်းအိမ်ရှေ့အိမ်က အသက်အရွယ်အိုမင်းနေပြီဖြစ်တဲ့

လင်မယားနှစ်ဦး အိမ်ထဲကရီရီမောမော နဲ့ထွက်လာတာကို တွေ့ရတယ်။

ဒါနဲ့ သူဟာ နေ့တိုင်းထိုအဘိုးအဘွားလင်မယား နှစ်ဦးကိုသတိထားပြီး စောင့်ကြည့်မိတော့တယ်..

နေ့တိုင်းဆိုသလိုပဲထိုအဘိုးအဖွားလင်မယားနှစ်ဦးမနက်ဆိုလမ်းလျှောက်ထွက်ရင်

လက်ချင်းချိတ်ပြီး သွားကြတယ်။အပြန်ကျရင် အဘိုးက ခြင်းတောင်းလေးဆွဲပေးရင်းအဘွားက အဘိုးလက်မောင်းလေးကို တွဲလာရင်းပျော်ပျော်ရွှင်ရွှင် ဈေးဝယ် ပြန်လာကြတာကို

နေ့စဉ်ဆိုသလို တွေ့ရဖန်များလာတော့လူငယ်က တစ်နေ့မနေနိုင်တော့ပဲ …အဘိုးတစ်ဦးတည်း

အိမ်ရှေ့မှာ ရှိနေစဉ် သွားနှုတ်ဆက်ရင်းသူသိချင်တာလေးကို မေးလိုက်တော့တယ်။”အဘိုးတို့ လင်မယားကြည့်ရတာအမြဲလိုလို ချစ်ချစ်ခင်ခင် ကြင်ကြင်နာနာနဲ့ပျော်ရွှင်နေလိုက်ကြတာကျွန်တော်တို့ကျတော့ ယူပြီးကတည်းကဖြစ်လိုက်ကြတဲ့ ရန်တွေ။

အဘိုးနဲ့အဘွား ရန်မဖြစ်ပဲ အေးအေးချမ်းချမ်း ဘယ်လိုနေကြလဲ သိချင်လို့ပါ”ဆိုတော့ အဘိုးက ..

“မင်းတို့လင်မယားနှစ်ဦးစလုံးကအရမ်းကောင်းတဲ့သူတွေမို့ ရန်ဖြစ်နေကြတာ၊ အဘိုးတို့လင်မယားနှစ်ဦးစလုံးကမကောင်းဘူးဆိုတော့ ရန်မဖြစ်ကြပဲ ခုလိုသင့်မြတ်နေကြတာပေ့ါ”…တဲ့

လူငယ်က အဘိုးရဲ့အဖြေကို အလိုမကျပဲ”အဘိုးကလည်း ကျွန်တော်တကယ်သိချင်လို့မေးတာကို မနောက်ပါနဲ့ဗျာ..”ဆိုတော့အဘိုးက ရီလိုက်ပြီး”

ဒီလိုကွလူကောင်းတွေဆိုတာအမှားမရှိကြဘူးလေ .လူဆိုတာ..ရန်ဖြစ်ပြီဆိုတာနဲ့ကိုယ်သာအကောင်းအမှန် ထင်ပြးီအခြားတစ်ယောက်ပေါ်မှာပဲ လက်ညှိုးထိုးအပြစ်တင်တော့တာပဲ..တစ်ယောက်အမှားတစ်ယောက်ထောက်ရင်း

ကိုယ့်အပြစ်တော့ မမြင်တော့ဘူး..ကိုယ်သာလူကောင်း လူမှန် ဆိုပြီးယူဆတဲ့အတွက် အခုလိုဖြစ်နေရတာ..”

“အဲ .အဘိုးတို့လင်မယားတွေကျတော့ တစ်ခုခုဖြစ်လာတာနဲ့

ငါဟာမကောင်းပါလား ဆိုပြီး အရင်တွေးလိုက်တာဆိုတော့ သူ့အမှားလို့ မထင်တော့ဘူး။ကိုယ့်ကိုယ်ကိုပဲ အပြစ် ပြန်တင်မိတော့တယ်။

ငါဆိုးတာ၊ငါမှားတာ ၊ငါမကောင်းတာ၊ငါဘာပြင်ရမလဲ ဆိုတဲ့ အတွေးနဲ့ ကတောက်ကဆ ဖြစ်ကြတိုင်း တွေးလိုက်တဲ့အခါအဘိုးတို့ လင်မယားရဲ့ ရန်ပွဲဆိုတာကလည်း မရှိသလောက် နည်းသွားတယ်။

ကိုယ်နဲ့ ဆက်ဆံရတဲ့ တစ်ဘက်လူကမှန်တစ်ချပ်နဲ့တူတယ်။ သူ့ကိုပြုပြင်တာထက်ကိုယ့်ကိုယ်ကို ပြု ပြင်ရတာ ပိုပြီးလွယ်ကူတယ်။

သူ့ကိုကိုယ်လိုချင်တဲ့ ပုံစံကိုပြုပြင်ပေးရတာထက်ကိုယ့်ကိုယ်ကို ပုံသွင်းရတာ ပိုလွယ်ကူပါတယ်။ သူများကကိုယ့်စကားနားထောင်ချင်မှ နားထောင်ပါလိမ့်မယ်။

ကိုယ့်ကိုယ်ကိုကျတော့ထွေထွေထူးထူး ပြောဆိုချော့မော့နေစရာ မလိုတော့ဘူးလေ။ဒါကြောင့် လူကောင်းလုပ်မလား ၊ လူဆိုး တွေလုပ်ကြမလားဆိုတာစဉ်းစားသင့်တဲ့အရာပါ။

Yamin Nwe

Zawgyi

လူငယ္လင္မယားႏွစ္ေယာက္ ဟာ..အိမ္ေထာင္က်စကတည္းကရက္ျခားဆိုသလို ရန္ျဖစ္ေလ့ရွိၾကတယ္။

တဲ့အခါလူငယ္က အရမ္းစိတ္ပ်က္လာပါတယ္။တစ္ေန႔ သူ႔အမ်ိဳးသမီးနဲ႔ ရန္ျဖစ္ၿပီး..စိတ္ညစ္ညစ္နဲ႔အိမ္ေရွ႕မွာ တစ္ေယာက္တည္း ထိုင္ေနရင္းအိမ္ေရွ႕အိမ္က အသက္အ႐ြယ္အိုမင္းေနၿပီျဖစ္တဲ့

လင္မယားႏွစ္ဦး အိမ္ထဲကရီရီေမာေမာ နဲ႔ထြက္လာတာကို ေတြ႕ရတယ္။

ဒါနဲ႔ သူဟာ ေန႔တိုင္းထိုအဘိုးအဘြားလင္မယား ႏွစ္ဦးကိုသတိထားၿပီး ေစာင့္ၾကည့္မိေတာ့တယ္..

ေန႔တိုင္းဆိုသလိုပဲထိုအဘိုးအဖြားလင္မယားႏွစ္ဦးမနက္ဆိုလမ္းေလွ်ာက္ထြက္ရင္

လက္ခ်င္းခ်ိတ္ၿပီး သြားၾကတယ္။အျပန္က်ရင္ အဘိုးက ျခင္းေတာင္းေလးဆြဲေပးရင္းအဘြားက အဘိုးလက္ေမာင္းေလးကို တြဲလာရင္းေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေဈးဝယ္ ျပန္လာၾကတာကို

ေန႔စဥ္ဆိုသလို ေတြ႕ရဖန္မ်ားလာေတာ့လူငယ္က တစ္ေန႔မေနႏိုင္ေတာ့ပဲ …အဘိုးတစ္ဦးတည္း

အိမ္ေရွ႕မွာ ရွိေနစဥ္ သြားႏႈတ္ဆက္ရင္းသူသိခ်င္တာေလးကို ေမးလိုက္ေတာ့တယ္။”အဘိုးတို႔ လင္မယားၾကည့္ရတာအၿမဲလိုလို ခ်စ္ခ်စ္ခင္ခင္ ၾကင္ၾကင္နာနာနဲ႔ေပ်ာ္႐ႊင္ေနလိုက္ၾကတာကြၽန္ေတာ္တို႔က်ေတာ့ ယူၿပီးကတည္းကျဖစ္လိုက္ၾကတဲ့ ရန္ေတြ။

အဘိုးနဲ႔အဘြား ရန္မျဖစ္ပဲ ေအးေအးခ်မ္းခ်မ္း ဘယ္လိုေနၾကလဲ သိခ်င္လို႔ပါ”ဆိုေတာ့ အဘိုးက ..

“မင္းတို႔လင္မယားႏွစ္ဦးစလုံးကအရမ္းေကာင္းတဲ့သူေတြမို႔ ရန္ျဖစ္ေနၾကတာ၊ အဘိုးတို႔လင္မယားႏွစ္ဦးစလုံးကမေကာင္းဘူးဆိုေတာ့ ရန္မျဖစ္ၾကပဲ ခုလိုသင့္ျမတ္ေနၾကတာေပ့ါ”…တဲ့

လူငယ္က အဘိုးရဲ႕အေျဖကို အလိုမက်ပဲ”အဘိုးကလည္း ကြၽန္ေတာ္တကယ္သိခ်င္လို႔ေမးတာကို မေနာက္ပါနဲ႔ဗ်ာ..”ဆိုေတာ့အဘိုးက ရီလိုက္ၿပီး”

ဒီလိုကြလူေကာင္းေတြဆိုတာအမွားမရွိၾကဘူးေလ .လူဆိုတာ..ရန္ျဖစ္ၿပီဆိုတာနဲ႔ကိုယ္သာအေကာင္းအမွန္ ထင္ျပးီအျခားတစ္ေယာက္ေပၚမွာပဲ လက္ညႇိဳးထိုးအျပစ္တင္ေတာ့တာပဲ..တစ္ေယာက္အမွားတစ္ေယာက္ေထာက္ရင္း

ကိုယ့္အျပစ္ေတာ့ မျမင္ေတာ့ဘူး..ကိုယ္သာလူေကာင္း လူမွန္ ဆိုၿပီးယူဆတဲ့အတြက္ အခုလိုျဖစ္ေနရတာ..”

“အဲ .အဘိုးတို႔လင္မယားေတြက်ေတာ့ တစ္ခုခုျဖစ္လာတာနဲ႔

ငါဟာမေကာင္းပါလား ဆိုၿပီး အရင္ေတြးလိုက္တာဆိုေတာ့ သူ႔အမွားလို႔ မထင္ေတာ့ဘူး။ကိုယ့္ကိုယ္ကိုပဲ အျပစ္ ျပန္တင္မိေတာ့တယ္။

ငါဆိုးတာ၊ငါမွားတာ ၊ငါမေကာင္းတာ၊ငါဘာျပင္ရမလဲ ဆိုတဲ့ အေတြးနဲ႔ ကေတာက္ကဆ ျဖစ္ၾကတိုင္း ေတြးလိုက္တဲ့အခါအဘိုးတို႔ လင္မယားရဲ႕ ရန္ပြဲဆိုတာကလည္း မရွိသေလာက္ နည္းသြားတယ္။

ကိုယ္နဲ႔ ဆက္ဆံရတဲ့ တစ္ဘက္လူကမွန္တစ္ခ်ပ္နဲ႔တူတယ္။ သူ႔ကိုျပဳျပင္တာထက္ကိုယ့္ကိုယ္ကို ျပဳ ျပင္ရတာ ပိုၿပီးလြယ္ကူတယ္။

သူ႔ကိုကိုယ္လိုခ်င္တဲ့ ပုံစံကိုျပဳျပင္ေပးရတာထက္ကိုယ့္ကိုယ္ကို ပုံသြင္းရတာ ပိုလြယ္ကူပါတယ္။ သူမ်ားကကိုယ့္စကားနားေထာင္ခ်င္မွ နားေထာင္ပါလိမ့္မယ္။

ကိုယ့္ကိုယ္ကိုက်ေတာ့ေထြေထြထူးထူး ေျပာဆိုေခ်ာ့ေမာ့ေနစရာ မလိုေတာ့ဘူးေလ။ဒါေၾကာင့္ လူေကာင္းလုပ္မလား ၊ လူဆိုး ေတြလုပ္ၾကမလားဆိုတာစဥ္းစားသင့္တဲ့အရာပါ။

Yamin Nwe