ကမ္ဘာကျော်သွားပြန်တဲ့ မင်းသမီးချောလေး ခင်ဝင့်ဝါအကြောင်း
မင်းသမီးလေး ခင်ဝင့်ဝါကတော့ ချစ်စဖွယ်မျက်နှာလေးကိုပိုင်ဆိုင်ထားပြီး အလှမယ်ဘွဲ့ကို ရရှိထားသူလေးလည်း ဖြစ်ပါတယ်… သူမကတော့ အနုပညာအလုပ်တွေကို ဆက်လက်လုပ်ကိုင်နေပြီးတော့ပြသူမရဲ့ရိုးသားဖြူစင်ပြီးမာနကင်းတဲ့စိတ်ဓာတ်လေးတွေကြောင့်ပရိသတ်တွေရဲ့ရင်ထဲရောက်ပြီးအချစ်တွေပိုစေတာဖြစ်ပါတယ်။
သူမဟာ မိန်းကလေးပရိသတ်တင်မကပဲ ယောကျာ်းလေးတွေရဲ့ အားပေးမှုကို အခိုင်မာရထားတဲ့ မင်းသမီးချောလေးဖြစ်ပါတယ်။ခင်ဝင့်ဝါကတော့ လက်ရှိ အချိန်မှာ လှုပ်ရှား နေတဲ့ ပြည်သူ့ လှုပ်ရှားမှုတွေ မှာ ပြည်သူဘက်ကနေ ရပ်တည်ပြီး ပါဝင်လှုပ်ရှားနေတာ ပဲ ဖြစ်ပါတယ်။ခင်ဝင့်ဝါကတော့မော်ဒယ်လ် လောက ကနေ သရုပ်ဆောင် လောက ကို ခြေစုံ ပစ် ဝင်ရောက်လာတဲ့ အနုပညာရှင်တွေ ထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။
ချစ်စရာကောင်းတဲ့စကားပြော ဆိုဟန်တွေ ကြောင့် ပရိသတ်တွေ ရဲ့ အားပေးထောက်ခံ မှုကို ရရှိ ခဲ့တာ ဆိုရင်လည်း မမှားပါဘူး။ကျစ်လစ်သွယ်လျ တဲ့ အမိုက်စားခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားပြီး စွဲဆောင်မှု ရှိတဲ့အပြုံးတွေကြောင့် ပုရိသယောက်ျားတွေ သည်းသည်း လှုပ်ဝန်းရံတာ ကို ခံနေရတဲ့ သူတစ်ဦး ပဲဖြစ်ပါတယ်။
ဗီဒီယို ခေတ်ကတည်း က အနုပညာလောကထဲ ရောက်ရှိလာခဲ့ပြီး ယခု အချိန်မှာတော့ ရုပ်ရှင် ဇာတ်ကားကြီးတွေကို လက်ခံ ရိုက်ကူးနေကာ ပရိသတ်တွေအခိုင်အမာ ရရှိထားတာ ပဲ ဖြစ်ပါတယ်။ လက်တလောမှာတော့ ခင်ဝင့်ဝါတစ်ယောက်ဟာ အနုပညာ အလုပ်တွေ ကို ရပ်နားထားပြီး ပြည်သူ့ လှုပ်ရှားမှုတွေမှာ ပါဝင် လှုပ်ရှားနေတာ ပဲ ဖြစ်ပါတယ်။
ဒါ့ကြောင့်လည်း ၅၀၅ က နဲ့ အမှုဖွင့် အရေးယူခြင်း ခံထားရပြီး အဝေးတစ်နေရာသို့ရှောင်တိမ်းနေခဲ့ရတဲ့ အနုပညာရှင်တွေထဲက တစ်ယောက်လည်းဖြစ်ပါတယ်။စိတ်ထားလေးလည်းဖြူစင်ပြီး သဘောကောင်းဖော်ရွေလွန်းတဲ့သူမက အနုပညာမောင်နှမတွေနဲ့လည်း ခင်မင်ရင်းနှီးစွာနေထိုင်တတ်သူဖြစ်ပါတယ်။
လတ်တလောမှာလည်း နိုင်ငံတကာ အနုပညာရှင်တွေနဲ့အပြိုင် TC Candler ရဲ့ Faces of 2021nominate ရဲ့ ဆန်ခါတင်စာရင်းမှာပါဝင်ခဲ့ကြောင်းဖော်ပြခဲ့တာတွေ့ရပါတယ် ။ 2020 တုန်းကလည်း TC Candler ကရွေးချယ်တဲ့ တစ်ကမ္ဘာလုံးရဲ့ အချောအလှဆုံး စာရင်းမှာလည်း ပါဝင်ခဲ့ပါသေးတယ်။
တကယ့်ကိုကြည်နူးပီတိဖြစ်မိပြီး ဂုဏ်ယူမဆုံး ဖြစ်ရပါတယ်။ ခေးရဲ့ပရိသတ်တွေကလည်း ဂုဏ်ယူဝမ်းမြောက်ကြောင်း ကောမန့်လေးတွေကနေ တစ်ဆင့်ပြောကြားထားကြတာတွေ့ရပါတယ်။ Fans Myay Ni Lan ပရိသတ်ကြီးလည်း ခေးအတွက် ဂုဏ်ယူစရာလေး ပြောပေးသွားကြပါအုံးနော်
Source : TC Candler IG Acc
Zawgyi