ၾကားသိရသမွ်

မနက်ရောက်မှ ပိုက်ဆံတစ်ရွက်နဲ့အတူအိမ်ပြန်လာတတ်တဲ့အကျင့်ကြောင့် သခင်ဖြစ်သူကိုအမြဲမေးခွန်းထုတ်နေစေခဲ့တဲ့ ကြောင်လေး

လူတွေမှာ အိမ်မွေးတိရိစ္ဆာန်ကိုမွေးစားပြီး ပြုစုထိန်းသိမ်းရတာကိုကြိက်နှစ်သက်ရတဲ့ အကြောင်းရင်းအမျိုးမျိုးရှိပါတယ်။ အများစုမှာ တိရိစ္ဆာန်ချစ်သူများဖြစ်ကြပြီး ၎င်းတို့ရဲ့အိမ်မွေးတိရိစ္ဆာန်များနှင့်အတူတူ ဖြတ်သန်းနေရတာကိုဘဲကျေနပ်နေတတ်ကြပါတယ်။ တကယ်လည်း အိမ်မွေးတိရိစ္ဆာန်လေးတွေရဲ့ချစ်စရာကောင်းမှုနဲ့ သစ္စာရှိမှုက ကျွန်တော်တို့ရဲ့မျက်နှာပေါ်ကအပြုံးကို ဘယ်တော့မှမပျက်ပြယ်စေပါဘူး။

အင်တာနက်အသုံးပြုသူတစ်ဦးက သူမရဲ့အိမ်မွေးတိရိစ္ဆာန် ကြောင်တစ်ကောင် ဟာ ညဘက်အချိန်တွေမှာ အိမ်မှပျောက်ကွယ်သွားလေ့ရှိပြီး တစ်ညလုံး ဘယ်မှာမှသူမရှာမတွေ့ခဲ့ဘူးလို့ ပြောပြခဲ့ပါတယ်။

တစ်နေ့မှာတော့ သူမရဲ့အချစ်တော်ကြောင်လေးက မနက်ရောက်မှအိမ်ပြန်ရောက်လာခဲ့ပြီး ပင်ပန်းကာ အိပ်မောကျနေခဲ့ပေမဲ့ သူမကို အံ့အားအသင့်ဆုံးဖြစ်သွားစေခဲ့တဲ့အရာက သူမကြောင်လေးရဲ့လည်ပင်းမှာ တရုတ်ယွမ် ၁၀ တန် ငွေစက္ကူတစ်ရွက်ကပ်ပါလာခြင်းဖြစ်ကြောင်း သူမက ဆိုခဲ့ပါတယ်။

၎င်းအဖြစ်ကို သခင်ဖြစ်သူက နောက်ပိုင်းမှာ ပိုမိုသတိထားမိလာခဲ့ပြီး သူမကြောင်လေးက နောက်​တစ်​​နေ့မနက်ရောက်တိုင်း အိမ်ပြန်ရောက်တာနဲ့ ပင်ပန်းနွမ်းနယ်​ပုံရပြီး အိပ်​​ပျော်​သွားခဲ့တဲ့အပြင် အိမ်​သို့ငွေ​စက္ကူများယူဆောင်လာခဲ့ခြင်းဟာ ကြောင်လေးက ” ညဆိုင်း ” အလုပ်လုပ်နေတာကြောင့် ညဘက်ရောက်တိုင်းပျောက်ပျောက်သွားတာလားလို့ သူမ မကြာခဏတွေးခဲ့မိကြောင်းကိုလည်း ပြောပြခဲ့ပါတယ်။

ထို့ကြောင့် သခင်ဖြစ်သူကလည်း သူမကြောင်က အိမ်သို့ယူဆောင်လာတဲ့ သူ့ ‘လစာ’ ငွေအားလုံးကိုစုဆောင်းပေးလိုက်ပြီး သူ့စိတ်ကြိုက်အစာကို နေ့တိုင်းဝယ်ကျွေးပေးလိုက်ကြောင်းလည်း ထပ်မံပြောကြားခဲ့ပါတယ်။

.

သူမမျှဝေပေးလိုက်တဲ့ တွေးတောစရာအဖြစ်အပျက်ကြောင့် အင်တာနက်သုံးစွဲသူများစွာက “ ဒီကြောင်က ဘယ်လိုအလုပ်မျိုးလုပ်ခဲ့တာလဲ ” ၊ “ ကြွက်ဖမ်းပေးတာလား ၊ ဒါမှမဟုတ် တစ်ခြားသူတွေရဲ့အိမ်တွေကိုစောင့်ပေးတာလား။” ၊ “ ဒီကြောင်လေးကသာ သူ ဘာလုပ်ခဲ့လဲဆိုတာသိပုံရတယ် ” စတဲ့မှတ်ချက်များဖြင့်တုံ့ပြန်ခဲ့ကြသလို မနက်ရောက်မှ အိမ်ပြန်ပြီး ပြန်အိပ်တတ်တဲ့ကြောင်တစ်ကောင်ရဲ့ဒီလျှို့ဝှက်ဆန်းကြယ်တဲ့အလုပ်ကြောင့် အင်တာနက်အသုံးပြုသူများအကြား ညဘက်မှာ ဒီကြောင်တစ်ကောင်ဘယ်တွေများဘာလုပ်နေလဲဆိုတဲ့မေးခွန်းထုတ်စရာများ ဖြစ်လာခဲ့ပါတယ်။

Mia (KB Chimmy One)

Reference : goodtimes