အေထြအေထြဗဟုသုတ
(1) ကိုယ်ဟန်အနေအထား
(2) အကြည့်
(3) အပြုံး
(4) နှုတ်ဆက်ခြင်း
(5) ဦးညွတ်ပေးပါ
Writer – Min Thu (XYZ News )
unicode..
စက္ကန့်ပိုင်းအတွင်း သင့်ကို လူတွေချစ်ခင်လာစေမယ့် နည်းလမ်းများ
ရိုးရှင်းတဲ့ဒီနည်းလမ်းတွေကိုလိုက်လုပ်ကြည့်ပါ။ လူတွေသင့်ကို ၄ စက္ကန့်အတွင်း နှစ်သက်လာပါလိမ့်မယ် …။
အလုပ် အင်တာဗျူးတွေ ဖြေတဲ့အခါ သင့်ကိုစစတွေ့ချင်း လေးစားမှု အထင်ကြီးမှု ရအောင်လုပ်ဖို့ဆိုတာ ခက်ပါတယ်လူတွေသင့်ကိုမြင်တာနဲ့ ချက်ချင်းနှစ်သက်စေဖို့က စိန်ခေါ်မှုတစ်ရပ်ဖြစ်တယ် ။
အထူးသဖြင့်သင်က စိတ်လှုပ်ရှားလွယ်တတ်တဲ့ လူဆိုရင်ပေါ့ ။
Nicolas Boatman ဟာလူတွေသင့်ကို ဘယ်လိုနှစ်သက်အောင် လုပ်နိုင်မလဲဆိုတဲ့ စာအုပ်တစ်အုပ်ကိုရေးခဲ့တယ် ။
စာအုပ်ထဲကအချို့အချက်တွေကို လူတိုင်းသိထားသင့်ပါတယ် ။ထိုအချက်တွေကမခက်ခဲပါဘူး …
(1) ကိုယ်ဟန်အနေအထား
အရေးကြီးဆုံးအချက်က ကိုယ်ဟန်အနေအထားကို သတိပြုရမှာပါ ကိုယ်စကားပြောနေတဲ့လူကို စိတ်ရင်းနဲ့ရင်ဆိုင်ပေးရမယ် ဆက်ဆံပေးရမယ်။
သူတို့နားမှာ တောင့်တောင့်ကြီးရပ်နေဖို့ ပခုံးတွေဘာတွေဖက်ဖို့ ပြောတာမဟုတ်ပါဘူး ။
အဲလိုသာလုပ်မိရင် အနေအထိုင်ခက်ပြီး စကားအပြန်အလှန်ပြောတဲ့အခါလည်း စိတ်အနှောက်အယှက်ဖြစ်စေပါတယ် …။
(2) အကြည့်
သင်စကားပြောတဲ့အခါ အခြားလူရဲ့မျက်လုံးကိုကြည့်ပေးဖို့လည်း အရေးကြီးပါ တယ် ။
အခြားလူရဲ့မျက်လုံးကို စိုက်ကြည့်ဖို့ပြောတာမဟုတ်ပါဘူး မျက်လုံးကြည့်ပေးမယ်ဆိုရင် သင့်ကိုစိတ်ဝင်စားမှုရှိစေပြီး အခြားလူတွေကလည်း သင့်ကိုနှစ်သက်စေပါတယ် …။
(3) အပြုံး
သင်ကစပြီးပြုံးပြလိုက်ရင် တစ်ဖက်လူကသင့်ကိုရင်းနှီးဖော်ရွေတဲ့ လူလို့ ယူဆကြတယ် ။
သင်တစ်ချိန်လုံးသွားဖြဲပြီး ရပ်နေစရာလည်းမလိုပါဘူး တစ်စုံတစ်ယောက်နဲ့တွေ့တဲ့အခါ ပြုံးပြပေးရင်နှစ်သက်မှုကို ရရှိစေမှာပါ …။
(4) နှုတ်ဆက်ခြင်း
တစ်စုံတစ်ယောက်နဲ့ လက်ဆွဲမနှုတ်ဆက်ခင် တစ်ခုခုကိုအရင်ပြောပေးပါ ။
ပြီးမှအဲဒီလူကို လက်ဆွဲနှုတ်ဆက်ပြီး နာမည်ပါပြောပေးပါဥပမာ”တွေ့ရတာဝမ်းသာတယ်နော်၊ဂျွန်”….အခြားသူရဲ့နာမည်ကို အမှတ်ရပေးတာဟာ နည်းလမ်းကောင်း ၁ခုဖြစ်ပြီး သင်က အခြားသူရဲ့ နာမည်ကို စိတ်ဝင်တစားမှတ်သားပေးတာကို သက်သေပြသလို ဖြစ်စေပါတယ် …။
(5) ဦးညွတ်ပေးပါ
စကားပြောတဲ့အခါ အနောက်ကို မှီထားတာမျိူးမလုပ်ပါနဲ့ ။ဒါဟာစိတ်ဝ်စားမှုမရှိသလိုဖြစ်စေတယ်။
အရှေ့ကိုနည်းနည်းလောက် ဦးညွတ်ပေးပါ ။ဒီလိုဆိုသင်က စိတ်ဝင်စားမှုရှိကြောင်း ဖော်ပြသလိုဖြစ်စေပါတယ် …။ ။
Writer – Min Thu (XYZ News )