ၾကားသိရသမွ်

ကြက်ဖအိုကြီး ဉာဏ်ကောင်းလွန်းခဲ့တယ်

တစ်နေ့မှာ…လယ်သမားကြီးဟာ ကြက်ဖလေးတစ်ကောင်ကို ဈေးထဲက ဝယ်လာပြန်တယ်။

အဲဒီနောက် ကြက်ဖလေးကို သူ့ရဲ့ကြက်ခြံထဲမှာလွှတ်ပေးလိုက်တယ်။ ကြက်ဖလေး ခြံထဲကို

၀င်ဝင်ချင်းမှာပဲ ကြက်မတွေအလယ်ကောင်မှာ အခန့်သားနေနေထဲ ကြက်ဖအိုကြီးတစ်ကောင်ကိုတွေ့လိုက်တယ်

ကြက်ဖအိုကြီးက “ဟေ့ကောင်လေး.. ကြိုဆိုပါတယ်” လို့ဆီးပြီးနှုတ်ဆက်လိုက်တယ်။ ဒါပေမယ့်လည်း အိုမင်းနေပြီဖြစ်တဲ့

ကြက်ဖကြီးကို ကြက်ဖလေးက အဖက်မတန်သလိုနေလိုက်တယ်။ ခြံထဲမှာရှိတဲ့ ကြက်မတွေကို သူလိုက်ပြီးအကဲခတ် နေတုန်းမှာပဲ ကြက်ဖကြီးကဒီလိုပြောတယ်

“ကောင်လေး..ဒီခြံထဲမှာ ကြက်မ (၂၅) ကောင်တိတိရှိတယ်။ ငါက အိုလာတော့ သူတို့ ဥဥ နှုန်းကျလာတယ်။

ဒါကြောင့် မင်းကို လယ်သမားကြီးက အသစ်ဝယ်လိုက်တာပဲ။ ငါ့ကို ငဲ့ညှာတဲ့အနေနဲ့ ကြက်မ (၂၄)ကောင်ကို မင်းယူပြီး

ငါ့အတွက် ကြက်မလေး (၁)ကောင်လောက်တော့ ချန်ထားပေးပါကွာ..ဒီတစ်ခုတော့တောင်းဆိုပါရစေ”

အဲဒီလို ကြက်ဖကြီးပြောတဲ့အခါ ကြက်ဖပျိုလေးက မျက်ခုံးတစ်ဖက်ကိုပင့်လိုက်တယ်။ တဟင်းဟင်းနဲ့ရယ်မောပြန်တယ်။ ပြီးတော့ဒီလိုပြန်ပြောလိုက်တယ်။

“ဘဲရီး..ခင်ဗျားအသက်ကြီးပြီ။ နားလိုက်တော့…။ဒီစော်တွေအကုန် ကျုပ်ပိုင်တယ်။ခင်ဗျားတစ်ကောင်တောင်မရဘူးမှတ်”

အဲဒီလို ကြက်ဖပျိုလေးရဲ့စကားကိုပြောတဲ့အခါကြက်ဖကြီးက ဒီလိုပြန်ပြောတယ်။”အေးပေါ့လေ..။ မင်းက တက်လူ၊ အဲလေ တက်ကြက်၊

ငါက ကျကြက်ကိုကွ၊ ဒါပေမယ့်ဒီအတိုင်းဆုံးဖြတ်မယ့်အစား၊ မင်းနဲ့ငါ ကြက်ခြံတစ်ပတ် အပြေးပြိုင်ပြီးနိုင်တဲ့လူက ကြက်မတွေအကုန်ယူကြေးသတ်မှတ်လိုက်ရင်မကောင်းဘူးလား၊

အေးမင်းဇရှိရင်တော့ ငါ့ကို တစ်ပေ၊နှစ်ပေလောက်အကြောပေးပေါ့ကွာ။ ငါက ကြက်အိုကြီးကိုး”

အဲဒီလို ကြက်ဖကြီးရဲ့စိန်ခေါ်စကားကိုကြားတဲ့အခါကြက်ဖပျို လေးက “တစ်ပေနှစ်ပေတင်မကဘူးအဘိုးကြီး ခင်ဗျားကို သုံးပေတိတိ အကြောပေးတယ်” လို့ပြောပြီးစိန်ခေါ်တာကိုလက်ခံလိုက်တယ်။

အဲဒီလိုနဲ့ ကြက်အိုကြီးနဲ့ ကြက်ဖပျို ကြက်ဖနှစ်ကောင်ဟာ အပြေးပြိုင်ဖို့နေရာယူကြတယ်။ကြက်ဖကြီးက သုံးပေလောက်အကွာ ရှေ့မှာနေရာယူတယ်။

ကြက်ဖလေးကတော့ နောက်မှာနေရာယူပြီးစပြေးကြတယ်။သူတို့ရဲ့ အပြေးပြိုင်ပွဲကို ခြံမှာရှိတဲ့ ကြက်မတွေကလည်း “ကတော်” ကတော်”သံတွေဆူညံနေအောင်အားပေးကြတယ်

“ကြက်ဖကြီး” ကို အားပေးကြတဲ့ ကြက်မတွေထက် သန်မာဖျတ်လတ်တဲ့ ကြက်ဖပျိုလေးကိုအားပေးတဲ့ကြက်မတွေပိုများနေပြန်တယ်။

ကြက်ဖကြီးက ရှေ့ကဦးဆောင်ပြေးတယ်။ကြက်ဖလေးကနောက်ကလိုက်တယ်။ကြက်ဖကြီးက ခေါင်းကိုရှေ့ကို အစွမ်းကုန်ဆန့်ပြီးပြေးတယ်။

ကြက်ဖလေးကလည်း အားကျမခံ ခေါင်းကိုဆန့်ထုတ်ပြီး ကြက်ဖကြီးနောက်က အမှီလိုက်လာတယ်။ကြက်ဖကြီးက ကတော်သံအကျယ်ကြီးနဲ့ပြေးတယ်ကြက်ဖပျိုကလည်း မာန်ဖီပြီးလိုက်တယ်။

အဲဒီလိုကြက်ဖကြီးက အော်ပြီးပြေး၊ ကြက်ဖပျိုက မာန်ဖီပြီးလိုက်နေတုန်းမှာတင် လယ်သမားကြီးရဲ့လောက်စာလုံးဟာ ကြက်ဖပျု ိရဲ့ ခေါင်းတည့်တည့်ကိုထိပြီး

ကြက်ဖလေးဟာ နေရာမှာတင် မာလကီးသွားရှာတယ်။ အဲဒီလို လေးခွစာမိပြီး သေသွားတဲ့ကြက်ဖလေးကို လာပြီးကောက်ယူရင် လယ်သမားကြီးက ဒီလိုပြောလိုက်တယ်

“တောက်… အထီးအချင်းချင်းလိုက်နေတဲ့စောင်အခြောက်ကြက်တွေဝယ်မိတာ ဒီတစ်ကောင်နဲ့ဆို ၆ကောင်ရှိပြီ၊ ဒီနေ့ညနေလည်းကြက်သားဟင်းပဲစားရတော့မှာပဲ”

အချင်းချင်းဂျင်းထည့်ချင်းကင်းရှင်းကြပါစေ…။

Credit