










Unicode

ရေစက်ရှိလို့ ဆုံတွေ့ခွင့်ရပြီး တခဏတာ ပျော်ရွှင်ကြည်နူခဲ့ဖူးကြပေမဲ့ ရေစက်တွေ ကုန်လို့ ခွဲခွာနေရတဲ့အခါ လက်ပြနူတ်ဆက်ပြီးဆုံစေချင်တဲ့ ချစ်သူတွေ ကျော့ခိုင်းကြရမှာပဲမဟုပ်လား..?

တနေ့တချိန်မှာ ဆုံတွေ့နိုင်ကြဖို့ နှစ်သိမ့်ပေးရင်း အားတင်းထားခဲ့ဖူးကြပေမဲ့ ကြိုမမြင်နိုင်တဲ့ ကံကြမ္မာဆိုးတွေ ဝင်လာတဲ့အခါ စိတ်ကူးထားသလိုမျိုး နီးစပ်စေချင်တဲ့ ချစ်သူတွေ ဝေးသွားကြရမှာပဲမဟုပ်လား..?

အနာဂတ်တွေ ဖန်တီးနိုင်ကြဖို့ လက်ချင်းကမ်းပြီး ဆုတ်ကိုင်ခဲ့ဖူးကြပေမဲ့ ကံတရားတွေ သက်ညှာခြင်း မပေးတဲ့အခါ တွဲလက်တစုံ ရေရှည်ခိုင်မြဲစေချင်တဲ့ ချစ်သူတွေ လက်လွတ်ကြရမှာပဲမဟုပ်လား..?

အေးအတူပူအမျ ဖြတ်သန်းနိုင်ကြဖို့ ဘာမဆို နားလည် ခွင့်လွတ်ပေးခဲ့ကြဖူးပေမဲ့ ဘယ်လိုမှ အတူလက်တွဲလို့ မဖြစ်နိုင်တဲ့အခါ ခြေလှမ်းပြီး ရှေ့ဆက်တိုးစေချင်တဲ့ ချစ်သူတွေ နောက်ဆုတ်ကြရမှာပဲမဟုပ်လား..?

လိုရာဆန္ဒတွေ ပြည့်ဝနိုင်ကြဖို့ တောင်းဆုတွေခြွေပြီး တမ်းတခဲ့ဖူးကြပေမဲ့ တောင့်တမိသလိုမျိုး မပြည့်စုံလာနိုင်တဲ့အခါ ပြိုကွဲယိုင်လဲ မသွားစေချင်တဲ့ ချစ်သူတွေ ပြတ်သွားကြရမှာပဲမဟုပ်လား..?

ဆိုးတူကောင်းဘက် ရင်ဆိုင်နိုင်ကြဖို့ အဆုံးအဖြတ်ချ၍ ရည်မှန်းထားခဲ့ကြဖူးပေမဲ့ အသွင်တူပြီး အိမ်သူဖြစ်ခွင့် မရှိလာနိုင်တဲ့အခါ တဘဝလုံးစာ ပိုင်ဆိုင်စေချင်တဲ့ ချစ်သူတွေ စွန့်လွတ်ကြရမှာပဲမဟုပ်လား..?

အနာဂတ်လှလှလေး ဖန်တီးနိုင်ကြဖို့ မျော်လင်းချက်ထားပြီး ရည်ရွယ်ခဲ့ဖူးကြပေမဲ့ ဖူးစာဆုံပြီး အတူညားခွင့် မရလိုက်ကြတဲ့အခါ ဘဝအဆုံးထိ လက်တွဲသွားစေချင်တဲ့ ချစ်သူတွေ ဆုံးရှူံးကြရမှာပဲမဟုပ်လား..?

ဘဝတခု တည်ဆောက်နိုင်ကြဖို့ မမြင်ကွယ်ရာ မဖောက်ပြန်ပဲ ချစ်ခဲ့ဖူးကြပေမဲ့ မိဘဆွေမျိုး အသိုင်းဝိုင်း အဆင်မပြေနိုင်တဲ့အခါ အိုမင်းသွားတဲ့ထိ ပေါင်းစေချင်တဲ့ ချစ်သူတွေ လမ်းခွဲကြရမှာပဲမဟုပ်လား..?

ထို့ကြောင့် ချစ်ခြင်းတရားမှာ ဘယ်လောက်ပဲ အရူးမူးသိပ်ချစ်ခဲ့ကြပေမဲ့ ဘယ်လိုမှ မလွန်ဆန်နိုင် မကျော်လွားနိုင်တဲ့ အကြောင်းတဲ့ အရာ တခုခု ကြုံတွေ့လာခဲ့ကြမရ်ဆိုရင် သိပ်ချစ်ကြပါလျက်နဲ့ ဆုံဆည်းခွင့် မရနိုင်ကြပဲ ဝေးသွားကြရတတ်ပါတယ်..။

ဒါကြောင့်မို့ ချစ်သူတွေသာ ဖြစ်ခွင့်ရှိပြီး အတူလက်တွဲခွင့် မရနိုင်ကြတဲ့ တချို့ချစ်သူစုံတွဲတွေ ဒီကမ္ဘာမှာပေါ်မှာ အများကြီးရှိခဲ့ကြတာပဲ မဟုပ်လား..?