အသိပညာ


မြင်တွေ့သူတိုင်း၏နှလုံးသားကို အရည်ပျော်သွားစေနိုင်သည့် ကိုယ်တိုင်မိုးစိုခံပြီး သားလေးမိုးမစိုစေရန်အတွက် ထီးဆောင်ပေးခဲ့သည့် ဖခင်၏မေတ္တာ

မိဘတို့သည် သားသမီးတို့၏အပေါ်တွင် မည်သူမျှမပေးနိုင်သော အချစ်စစ်မေတ္တာတို့ဖြင့် အရိပ်ပမာ အုပ်မိုးပေးထားတာလည်းဖြစ်ပါတယ်။ယခုတွင်လည်း ဖခင်တစ်ဦး၏ သားဖြစ်သူအပေါ်တွင် စွန့်လွှတ်အနစ်နာခံခဲ့သော ပုံရိပ်လေးဟာ လူသားတိုင်း၏နှလုံးသားကို အရည်ပျော်စေခဲ့ရပါတယ်။

ထိုဖခင်ဖြစ်သူဟာ သားဖြစ်သူကျောင်းဆင်းသည့်အချိန်တွင် အလုပ်အပြန် ဝင်ကြိုခဲ့ပြီး မိုးရွာသောအချိန်လည်းဖြစ်နေခဲ့ပါတယ်။ထိုအခါ ဖခင်ဖြစ်သူဟာ ပါလာသော ထီတစ်ချောင်းဖြင့် သားလေးမိုးမစိုစေရန်အတွက် သေချာစွာဆောင်းပေးပြီး ကိုယ်တိုင်ကတော့ မိုးရေစိုခံပြီး ပြန်လာခဲ့ကြတာဖြစ်ပါတယ်။

သားဖနှစ်ဦး၏ပုံရိပ်လေးဟာ လိုင်းပေါ်တွင် အလွန်ပျံနှံနေခဲ့ပြီး ဖခင်ဖြစ်သူ၏ ကြီးမားလှသော မေတ္တာတရားနှင့် အချစ်တို့ဟာ ကြီးမားကြောင်းကို ပေါ်လွန်နေစေခဲ့ပါတယ်။

Shoon (Cele Daily)credit

zawgyi




