“ကျနော်ကကျနော့ညီမထက် တော်တယ်။ သူကတော့လေးတန်းမှာ”
ဒီလိုဒီလိုနဲ့ အမြဲပြောနေတော့ဆရာမက သူ့ကိုကျောင်းအုပ် ဆရာကြီးဆီခေါ်သွားခဲ့တယ်။
ကျောင်းအုပ်ဆရာကြီးက လေးတန်းစာ စစ်ကြည့်မယ်လို့ ဆုံးဖြတ်ချက်ချလိုက်တယ်။
“၃ + ၃”
“၆ ”
“၆+၆ ”
“၁၂ ”
ဆရာကြီးမေးတာ ကျောင်းသားက အားလုံးမှန်အောင်ဖြေနိုင်တယ်။
ကျောင်းအုပ်ဆရာကြီးက ဒီကျောင်းသားလေးကို လေးတန်းချက်ခြင်းပို့ခိုင်းတယ်။
ဆရာမက ထပ်စစ်ချင်တယ်ပြောတော့ ဆရာကြီးကခွင့်ပြုလိုက်တယ်”
“နွားမှာလေး လူမှာနှစ် ဒါဘာလဲ… ? ”
“ခြေထောက်ပါ ဆရာမ”
“C နဲ့ စပြီး T နဲ့ဆုံးမယ်။
အဲဒီအရာက အမွေးထူပြီးလုံးလုံးလေးနေတယ်
အရသာကောင်းတယ်။
နောက်ဖြူဖြူကြည်ကြည် အရည်ပါတယ်ဘာလဲ ? ”
“Coconut အုန်းသီးလေဆရာမ”
“ဝင်သွားတုန်းကမာမာလေး ထွက်လာတော့ ပျော့ပြီးစေးကပ်ကပ်ဖြစ်နေတာက”
ဆရာမရဲ့မေးခွန်းကြားပြီး ဆရာကြီးမျက်လုံးတွေ ပြူးသွားတယ်။
ကျောင်းသားဖြေမိမှာစိုးလို့ တားမလို့လုပ်တုန်း ဖြေလိုက်ပြီ။
“ပီကေ”
“ငါ့အထဲမှာ အချောင်းတွေစိုက်တယ်
ငါမရပ်နိုင်ခင် လှဲပြီးကြိုးချည်တယ်
အဲဒီမတိုင်ခင် ငါကစိုစွတ်နေတယ်”
“ရွက်ဖျင်တဲ” ဆရာကြီး ဂနာမငြိမ်ဖြစ်လာတယ်။
“လက်ချောင်းတချောင်း ငါ့အထဲဝင်သွားတယ်
မင်းပျင်းလာရင်ငါ့ကိုပွတ်ကလိတယ်။ ဒါ ဘာလဲ ?”
“လက်စွပ်”
“ငါ့မှာမာမာတောင့်တောင့် အချောင်းတချောင်းရှိတယ်
ထိပ်က ထိုးဖောက်ဝင်ရောက်နိုင်တယ်။
တုန်တုန်ခါပြီးသွားတယ်။ အဲဒါ ဘာလဲ… ? ”
“မျှားတံ”
အိုးမိုင်ဂေါ့ဒ် ဆရာကြီးရေရွတ်မိတယ်။
“F စကားလုံးနဲ့စတယ်။ K နဲ့ဆုံးတယ်
ဒါမရှိရင်လက်ကိုသုံးရမယ်။
အဲဒါဘာလဲ…. ? ”
“Fork ခက်ရင်းခွပါ ဆရာမ”
“ယောက်ျားတိုင်းမှာရှိတယ်။ အဲဒါကအရိုးမပါ ကြွက်သွားချည်း။
သွေးကြောတွေအများကြီးနဲ့ ရွှေဖယုံသီးလိုနေတယ်။
ချစ်မှုရေးရာမှာ သုံးတယ်အဲဒါဘာလဲ…. ? ”
“နှလုံး”
“ဟင်းးအင်းအင်း”
ဆရာကြီး သက်ပြင်းတွေအခါခါချတယ်။
ပြီးနောက်ဆရာမကိုကြည့်ကာ ပြောလိုက်လေ၏။
“ဒီကောင့်ကို တက္ကသိုလ်သာ တန်းပို့လိုက်တော့။
ဆရာမမေးခွန်းတွေကိုကျနော် ဖြေရင်တောင် အားလုံးမမှန်နိုင်ဘူး”
ပရတ်သတ်ကြီးလဲ တွေးမိတဲ့မေးခွန်းလေးတွေကို မေးခဲ့ကြအုံးနော်။
ဖတ်ရှုပေးတဲ့ပရိတ်သတ် အားလုံးကျေးဇူးတင်ပါတယ်။
သာယာသောနေ့လေးကို ပိုင်ဆိုင်နိုင်ပါစေ။
Credit