လူက အမှားနဲ့ မကင်းပါဘူး။
အမှားကို ေတာင်းပန်မယ်ဆို ကျွန်တော့်ဖက်က ကျေအေးပေးဖို့အသင့်ပါ။ ပြီးတော့ လူထုကိုလည်း မည်သူ့့ကိုမျှ ပုဂိုလ်စွဲ မျက်စိပိတ်အားပေးတာမျိုးကို မလုပ်စေချင်ပါဘူး။
” 2019 သင်္ကြန် ကိစ္စကိုပြန်လည်အစဖေါ်ပြီး စကားတွေချဲ့ကားပြောဆိုကြတာ အဖြစ်မှန်တိုင်းမဟုတ်တာတွေပိုပျံ့လာတယ်။
အခုကတော့ အဲ့ဒီတုန်းက ဖြစ်ရပ်မှန်ကို ကျွန်တော်ပြောပါမယ်။ Happy new year လို့အော်ပြီး အနိုင်ကျင့်မခံရချိန်အထိ ကျွန်တော်တို့ကော ကိုလင်းလင်းတို့ကော တူတူသောက်စားကြ ပျော်ပျော်ပါးပါး အားလုံးချစ်ချစ်ခင်ခင်နွေးနွေးထွေးထွေးပါဘဲ။ ပြသနာ အစက velocity က ညီငယ် ထွန်းသူက ”မင်းနဲ့ ငါ အစချီပြီး ပြောရာက ဖြစ်တာပါ။
ကျွန်တော့်အနေနဲ့ မကြိုက်ကြောင်း ကောင်းမွန်စွာပြောပါတယ်။ နောက်တော့ ဂစ်တာသမားက သူ့ညီကို ပြောလို့ ထိုးမလား စိန်ခေါ်ပါတယ်။ ဒီကိစ္စက ရန်ဖြစ်ရမယ့် ကိစ္စမဟုတ်ကြောင်း ပြောပြလိုက်ပါတယ်။
ခဏကြာတော့ ကိုလင်းကစကားပြောချင်လို့ဆိုပြီးအခေါ်လွှတ်လို့ သူတို့ရှိတဲ့ ဝိုင်းမှာအဲ့ဒီကိစ္စကို ပြောဖို့သွားပါတယ်။ စကားပြောကြတဲ့အချိန်မှာ ကိုလင်းက သူ့ အဖွဲ့ ကညီငယ်ကို စော်ကားတယ်လို့ပဲမှတ်တယ်ထင်ပါတယ်။ စကားပြောနေရင်း ဆံပင်ကို ဆောင့်ဆွဲပီးထိုးပါတယ်။
သူကစတော့ ဘေးက သူ့အဖွဲ့ သားအချို့ကလည်း ဝိုင်းဝန်း ကန်ကြောက်ကြပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တစ်ယောက်တည်းကူကယ်ရာမဲ့ဖြစ်နေသလို အုပ်စုလိုက်ကြားထဲမှာတစ်ယောက်တည်းရောက်နေပြီးခံရတာဖြစ်ပါတယ်။
အုပ်စုလိုက် အထိုးခံရချိန်မှာ တချက်မှ လက်ညိုးနဲ့တောင် ပြန်မတိုက်ခိုက်လိုက်ပါဘူး။ လူကြီးသူမ များအမြင်မှာ ကျွန်တော် ရိုင်းလို့ ဖြစ်တယ် ဆိုတာမျိုး အဖြစ်မခံချင်လို့ပါ။ အနုပညာရှင် စီနီယာ အချို့နဲ့ ကျွန်တော့်အကိုကြီးက ဝိုင်းဆွဲပေးထားကြပါတယ်။
အကိုကြီးနဲ့ အနီးအနားမှာရှိတဲ့သူတွေက လွတ်ရာဆွဲခေါ်ပြီးနောက် တနေရာမှာထားပြီး အကိုကားပြန်အထွက်မှာလည်းမပြီးသေးဘူး။ ကျွန်တော်ပါမယ်အထင်နဲ့ ကားကိုတားပြီး ရိုက်တာ ကားရှေ့မှန်ကွဲအက်တဲ့အပြင် ကားလည်း ရစရာမရှိအောင် စုတ်ပြတ်သွားတယ်။ ဒါနဲ့လည်းမပြီးပါဘူး။
နောက်တနာရီလောက်ကျတော့လည်းဖုန်းဆက်ပြီး ” စောက်ခြောက် မင်းအိမ်ဘယ်မှာလည်း မအေxိုး ”စသဖြင့် အစချီပြီး ထပ်ရမ်းပါသေးတယ်။
အဲ့ဒီအချိန်အထိ ကျွန်တော်ကတော့ ကောင်းကောင်းမွန်မွန်ဘဲ တုံ့ပြန်ပါတယ်။ တကယ်တော့ပြသနာအစက လူငယ်ချင်းဖြစ်တဲ့ကိစ္စပါ။ သူ့ညီတွေကိုထိလို့မခံနိုင်ရင် ကျွန်တော့်ကိုတခြားနည်းလမ်းတွေနဲ့အကြီးပီပီဆုံးမခွင့်ရှိပါတယ်။ ထားပါ ဒါက။
နောက်နေ့ ကျွန်တော့်သူငယ်ချင်း Paing Mhuကို ကိုလင်းက နိုဗန့်ဖုန်းနံပါတ်လှမ်းတောင်းတယ် ဆိုတော့ကျွန်တော်ထင်တာကကိုလင်း အမှန်ကိုသိပြီး အရင်နေ့ကကိစ္စအတွက် ပြေပြေလည်လည်ပြောမယ်လို့ပဲ တွေးတာပါ။ ဒါပေမယ့် ဖုန်းမဆက်လာပါဘူး။ အဲ့ဒီမှာ အကိုလတ်က အုပ်စုလိုက်ဝိုင်းအနိုင်ကျင့်တဲ့ကိစ္စကိုမေးဖို့ သူ့ဆီဖုန်းဆက်ပါတယ်။ နိုဗန်ထူးအကိုဆိုတာသိတာနဲ့ ဖုန်းချပစ်တယ်။
ဒါတွေပြီးတော့ ကိုလင်းက Friend Only နဲ့ post တခုတင်ပါတယ်။ သူရေးတဲ့အထဲမှာ “သူ့လူမှန်တယ်ယူဆလို့ ယောကျာ်းချင်း ဆိုင်ထိုးတယ်။ နောက်နေ့အထိ ဝမ်းဝမ်းထိုးဖို့ ကြိုးစားတယ်။ ကျွန်တော့်မိသားစုက လိုက်ညှိနိုင်းလို့ လျှော်လိုက်တယ်။ ကျွန်တော့်ကို စောက်ချိုးပြေဖို့ မျှော်လင့်တယ်” စတာတွေပါတယ်။
တကယ်တော့ အဲ့ဒီအရေးအသားက အချက်အလက်အမှားတွေထည့်ရေးပြီးပြောတဲ့ပို့စ်သပ်သပ်ပါ။ တဖက်စောင်းနင်း မတရားသဖြင့် ရေးတာတွေ့တော့ကျွန်တော်တော်တော်အံ့ဩရတယ်။
သူပြောသလိုဘယ်မိသားစုဝင်တစ်ဦးတစ်ယောက်ကမှလည်းမညှိနှိုင်းပါဘူး။ သူနဲ့စကားဝိုင်းထဲမှာပြောကတည်းကလည်း ကျွန်တော် မကျုးလွန်ခဲ့တဲ့ အမှားတစ်ခုကို ကောင်းမွန်စွာ ရှင်းပြတယ်။
မူးနေကြလို့ အုပ်စုနဲ့ ထိုးတာကိုလည်း တချက်မှပြန်တိုက်ခိုက်တာမျိုးမလုပ်ပဲ အပြစ်မတင်တဲ့အပြင် နောက်နေ့အမူးပြေပြီး ပြေပြေလည်လည် ဖြစ်မယ်ပဲထင်ထားခဲ့တာ။
ကိုလင်းအရေးအသားမှာ ကျွန်တော့်မိသားစုပါ ကြောက်လန့်ပြီးတောင်းပန်တဲ့ ပုံစံမျိုး ရေးတာမျိုးကိုတော့ ရှုံချပါတယ်။ 2019 ကာလမှာလည်း The Voice Myanmar ပြိုင်ပွဲအတွက် အာရုံစိုက်စရာတကြောင်းနာမည်ကြီးေတာ့အများညီဤကို ကျွဲဖြစ်ကြမည်ကတကြောင်းကြောင့် ကျွန်တော့်မှာ အနိူင်ကျင့်မူကြီးကို သိလျက်နဲ့ခံခဲ့တယ်။ ဒါကအနိုင်ကျင့်မှုသပ်သပ်ပါ။ ပြီးတော့ဒါက တကယ့် အဖြစ်မှန်ပါ။
ဒီပို့စ်ထဲမှာပြောတဲ့ စကားလုံးတိုင်းကို အပြည့်အဝတာဝန်ယူပါတယ်။
ကိုလင်းရေးသားတဲ့ စောက်ချိုးမပြေလို့ဆိုတဲ့ လူတွေထင်နေကြတဲ့ အတိတ်ရဲ့ အရိပ်တွေကို ဖယ်ချဖို့လည်း ကျွန်တော့်အနေနဲ့ လိုအပ်ပါတယ်။
ကျွန်တော်ကိုယ်တိုင်က ပေါင်းသင်းဆက်ဆံရေးမှာလည်း ညံဖျင်းတဲ့ အထဲမှာ မပါပါဘူး။ နီးစပ်သူများ မေးကြည့်ပါ။
ရည်ရွယ်ချက်ကတော့ ပြသနာတစ်ခုကို အထာကျကျ အကောင်းဆုံးနည်းလမ်းနဲ့ ချည်းကပ်ဖြေရှင်းနိုင်ဖို့ပါ။
ကျွန်တော်နဲ့ Velocity က ညီငယ်နဲ့ပြောတဲ့ အသံဖိုင်ကောကျွန်တော် ကိုလင်းကို messengerက ပို့တဲ့ စာတွေကော (Bd wish တောင် လုပ်လိုက်သေးတယ်)ကြောက်ပြီး ပတ်ပြေးတယ်လို့ ရေးတဲ့ Status နဲ့ ဆန့်ကျင်ဖက် ဖြစ်နေတဲ့ကိုနေဝါနဲ့ ပြောတဲ့ အသံဖိုင်ကော ဖုန်းထဲအပြင် HDD နဲ့ပါ သိမ်းထားပါတယ်။
သူ့ဖက်က ငြင်းဆိုမူ လိမ်လည်တာမျိုးရှိလျှင် လိုအပ်ပါက ချပြပေးပါမယ်။
ကိုလင်းလင်းဘက်က မရှင်းဘဲထားတော့လည်းမတတ်နိုင်ပါဘူး။ အာဏာသိမ်းထားချိန်မို့လို့မရှင်းသေးတာလို့လည်း မှတ်ယူထားပါတယ်။အုပ်စုဖွဲ့မိုက်ခြင်းတာ ရှက်စရာမှားပြီးတောင်းပန်တာ ရှက်စရာမဟုတ်ကြောင်းတော့ စကားမှာလိုက်ချင်ပါတယ်။
ကျွန်တော့်အတွက်ကတော့ဒီပို့စ်က အမှန်တရားကိုလည်း အားလုံးသိဖို့လည်း လိုအပ်တဲ့အပြင် အမှန်တရား အတွက် ရင်ဆိုင်ဖို့အတွက် အမြဲ အဆင်သင့်ဖြစ်နေတာကိုပြသခြင်းသက်သက်ဖြစ်ပါတယ်။ပြီးတော့ ကျွန်တော်ဆက်မသယ်သွားချင်တော့ဘဲ လွှတ်ချလိုက်ချင်ပါပြီ။
စောက်ကြောက်လို့ တဖက်ပိတ်ခေါင်းစဉ်တတ်ချင်သူတွေကိုတော့ အခုေတာ်လှန်ရေးကလုပ်ရပ်တွေကို ကြည့်ပါ။တော်လှန်ရေးပြီးရင် အပျော်တမ်း ကြိုးဝိုင်းမှာ ချစ်ကြည်ရေးအနေနဲ့ ထိုးချင်လည်း ဖိတ်ခေါ်ပါတယ်။)
ကာယကံရှင် ဖြေရှင်းချက်ကလွဲရင် ငြင်းဖို့် အချိန်မပေးပါဘူး။ ကျွန်တော်တို့ အချင်းချင်း ဒီ ကိစ္စလောက်နဲ့လည်း တော်လှန်ရေးကို ထိခိုက်ရလောက်အောင်သွေးကွဲတာမျိုးတော့ မဖြစ်ပါဘူး ။
အေးဆေးပါ ။ ထပ်မှာချင်တာကကျွန်တော်တို့ လူ့အဖွဲ့အစည်းရဲ့ ”ငါနဲ့မတူ ငါ့ရန်သူ၊ငါ့ဘက်ကသူသာ အမှန်”အယူအဆကို ရိုက်ချိုးပြီးတရားမျှတမူကို ရပ်တည်မှသာ အဆုိး သံသရာက လွှတ်မှာပါ။
ပြောစရာ ရှိတာပြောပြီးရင် ဖက်ဆစ်တပ် ကို တော်လှန်ဖို့ အား ဆက် မွေးနေကြရုံပါပဲ ။
(စာကြွင်း ကျွန်တော်ကိုယ်တိုင်လည်း ဒီကိစ္စကို အစာမကြေတာ သူ Status စရေးတဲ့နေ့ကတည်းကပါ။
ကျွန်တော် ဒီအနိင်ကျင့်မူနဲ့ပက်သက်လို့ စိတ်ပိုင်းဆိုင်ရာ နာကျည်း ပင်ပန်းတာကိုလည်း ဝန်ခံပါတယ်။
တခါတလေကျ အဲဒီ့စိတ်ကြောင့်ဘဲ စိတ်ဆန္ဒအလုိလိုက် လိုရာဆွဲတွေးပြီး လူမျိုးရေးခဲွဲခြားတဲ့ (ရှေးကတိုက်ပွဲ) မွန် မြန်မာပိုစ့် တစ်ခု Share မိပါတယ်။
အဲ့ဒီ postအတွက်ကျွန်တော်မှားတာကို အားလုံးရှေ့မှာ ဝန်ချတောင်းပန်ပါတယ် )
credit Novem Htoo