မကြာသေးမီက လူမှုကွန်ရက်ပေါ်မှာ ခင်ပွန်းဖြစ်သူက ဇနီးကို အလုပ်မှခေါ်ဆောင်ရန် ကားမောင်းလာတဲ့ ဓာတ်ပုံများ ထွက်ပေါ်လာခဲ့ပါတယ် ။ လူတော်တော်များများရဲ့ အာရုံကိုဖမ်းစားခဲ့တဲ့ လုပ်ရပ်ကတော့ လမ်းမှာ ရေကြီးနေတဲ့အခါ ဇနီးလေးရဲ့ ခြေထောက်တွေ စိုသွားမှာကို ကြောက်လို့ ခင်ပွန်းက ပွေ့ချီပြီး ကားပေါ်တင်လိုက်တာ ဖြစ်ပါတယ် ။ အဆိုပါပုံများကို မျှဝေပြီးတဲ့နောက် အွန်လိုင်းအသိုင်းအဝန်းများက လှုပ်လှုပ်ရွရွဖြစ်စေခဲ့ပြီး လူအများက ထက်ထက်သန်သန်နဲ့ တွေးခေါ်တတ်တဲ့ ခင်ပွန်းကို ချီးကျူးခဲ့ကြပါတယ် ။

ဒီပုံတွေက အမျိုးသမီး တော်တော်များများကို အထင်ကြီးစေခဲ့ပြီး ဒါဟာ ပျော်ရွှင်စရာကောင်းတဲ့ အိမ်ထောင်ရှင်စုံတွဲလေး ဖြစ်ကောင်းဖြစ်နိုင်သလို သာယာတဲ့ အိမ်ထောင်ရှင်စုံတွဲလေးလည်း ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်လို့ ဆိုကြပါတယ် ။ ဒီလုပ်ရပ်ဟာ အလွန်ရိုးရှင်းတဲ့ လုပ်ရပ်တစ်ခုဖြစ်ပေမဲ့ ဇနီးကို အမြဲလိုလို ဂရုစိုက်တက်တဲ့ ခင်ပွန်းဆိုတာ သိနိုင်တယ်လေ ။

စုံတွဲတစ်တွဲရဲ့ ပျော်ရွှင်မှုက တစ်ခါတစ်ရံမှာ ရိုးရိုးရှင်းရှင်း နေ့စဉ်လုပ်ဆောင်မှုများသာ ဖြစ်ပါတယ် ။ နှစ်ယောက်စလုံးက တစ်ယောက်နဲ့တစ်ယောက် နားလည်မှု၊ ချစ်ခင်မှုတွေ၊ ဂရုစိုက်မှုတွေနဲ့ ကြုံလာရတဲ့အခါ ဘဝမှာ အမြဲတမ်း ပျော်ရွှင်မှုတွေ အပြည့်ရှိနေမှာပါ ။

JRose (KB Chimmy One)
Reference : bestie
Zawgyi
မၾကာေသးမီက လူမႈကြန္ရက္ေပၚမွာ ခင္ပြန္းျဖစ္သူက ဇနီးကို အလုပ္မွေခၚေဆာင္ရန္ ကားေမာင္းလာတဲ့ ဓာတ္ပုံမ်ား ထြက္ေပၚလာခဲ့ပါတယ္ ။ လူေတာ္ေတာ္မ်ားမ်ားရဲ႕ အာ႐ုံကိုဖမ္းစားခဲ့တဲ့ လုပ္ရပ္ကေတာ့ လမ္းမွာ ေရႀကီးေနတဲ့အခါ ဇနီးေလးရဲ႕ ေျခေထာက္ေတြ စိုသြားမွာကို ေၾကာက္လို႔ ခင္ပြန္းက ေပြ႕ခ်ီၿပီး ကားေပၚတင္လိုက္တာ ျဖစ္ပါတယ္ ။ အဆိုပါပုံမ်ားကို မွ်ေဝၿပီးတဲ့ေနာက္ အြန္လိုင္းအသိုင္းအဝန္းမ်ားက လႈပ္လႈပ္႐ြ႐ြျဖစ္ေစခဲ့ၿပီး လူအမ်ားက ထက္ထက္သန္သန္နဲ႔ ေတြးေခၚတတ္တဲ့ ခင္ပြန္းကို ခ်ီးက်ဴးခဲ့ၾကပါတယ္ ။

ဒီပုံေတြက အမ်ိဳးသမီး ေတာ္ေတာ္မ်ားမ်ားကို အထင္ႀကီးေစခဲ့ၿပီး ဒါဟာ ေပ်ာ္႐ႊင္စရာေကာင္းတဲ့ အိမ္ေထာင္ရွင္စုံတြဲေလး ျဖစ္ေကာင္းျဖစ္ႏိုင္သလို သာယာတဲ့ အိမ္ေထာင္ရွင္စုံတြဲေလးလည္း ျဖစ္ေကာင္း ျဖစ္ႏိုင္ပါတယ္လို႔ ဆိုၾကပါတယ္ ။ ဒီလုပ္ရပ္ဟာ အလြန္႐ိုးရွင္းတဲ့ လုပ္ရပ္တစ္ခုျဖစ္ေပမဲ့ ဇနီးကို အၿမဲလိုလို ဂ႐ုစိုက္တက္တဲ့ ခင္ပြန္းဆိုတာ သိႏိုင္တယ္ေလ ။

စုံတြဲတစ္တြဲရဲ႕ ေပ်ာ္႐ႊင္မႈက တစ္ခါတစ္ရံမွာ ႐ိုး႐ိုးရွင္းရွင္း ေန႔စဥ္လုပ္ေဆာင္မႈမ်ားသာ ျဖစ္ပါတယ္ ။ ႏွစ္ေယာက္စလုံးက တစ္ေယာက္နဲ႔တစ္ေယာက္ နားလည္မႈ၊ ခ်စ္ခင္မႈေတြ၊ ဂ႐ုစိုက္မႈေတြနဲ႔ ႀကဳံလာရတဲ့အခါ ဘဝမွာ အၿမဲတမ္း ေပ်ာ္႐ႊင္မႈေတြ အျပည့္ရွိေနမွာပါ ။

JRose (KB Chimmy One)



