အရင်ဆုံး ဝမ်းတွင်းစုန်းကို ရှင်းလင်းကြရအောင်ဗျာ..။ မွေးရာပါ ပညာပါလာသူတို့မှာ သူတို့ကိုယ်တိုင်ပင် ပညာတတ်မှန်း မသိကြပေ။ အကြောင်းတိုက်ဆိုင်မှသာ ပေါက်ပေါက်လာလေ့ရှိကြသည်။
ထိုပညာရှင်များ အရွယ်ရောက်လာသောအခါ ဒေဝဇော်ဂနီ ၊ ယက္ခဇော်ဂနီ ၊ နာဂဇော်ဂနီ ၊ ယက္ခကာကနီ ၊ နာဂကာကနီ ဟူ၍ ပညာရှင်များ ဘဝရောက်ကြရလေသည်။
ထိုကဲ့သို့ ဖြစ်လာသောသူတို့သည် သူတို့ကို စောင့်ရှောက်သော ဂန္ဓဗ္ဗနတ်တို့၏ တန်ခိုးအာနုဘော်တို့ကြောင့် မိမိတို့ စိတ်အကြံဖြစ်ပေါ်သည်နှင့် ဖြစ်ပေါ်လာသည့်အတိုင်း ဖြစ်လာရသည်။
ဥပမာ စိတ်ထဲမှ ” ထင်းချောင်းကို မြွေဖြစ်ပါစေ ” ဟု အာရုံပြုလိုက်လျှင် ထင်းချောင်းကြီးသည် ချက်ချင်းမြွေဖြစ်သွားလေသည်။ မျက်ရိပ် မျက်စောင်းဖြင့် သော်လည်းကောင်း….။ နှုတ်စောင်းဖြင့်သော်လည်းကောင်း…။ ပါးစပ်မှ မြွတ်ဟရုံ ဖြင့်သော်လည်းကောင်း..။ တစ်ဘက်သူအား ဖမ်းစားနှိပ်စက်နိုင်သော အစွမ်းရှိကြသည်။
ထိုကဲ့သို့သော မနုဿကာကနီ ၊ ဇော်ဂနီတို့သည် ဆရာအစရှိသော အခြားသူမှ သင်ကြားပြသပေးခြင်း မရှိသော်လည်း ပဋိသန္ဓေနေစဉ်ကပင် ပညာသတ္တိတို့ ကိန်းဝပ်လာခဲ့ရာ မွေးရာပါ ပညာရှင် သို့မဟုတ် ဝမ်းတွင်းစုန်းများ ဖြစ်လာခဲ့ကြသည်။
*** သဘာဝစုန်း ဆိုတာကတော့ နည်းနည်းတော့ ရှင်းရလွယ်ပါလိမ့်မယ်။ သဘာဝဆိုင်ရာ အတတ်ပညာများကို ရယူပိုင်ဆိုင်ထားသော ပုဂ္ဂိုလ်မျိုးတွေ ဖြစ်ပါသည်။
သဘာဝနဲ့ စုန်းကို ယှဉ်တွဲလိုက်သည်နှင့် ဒီအမည်နာမသည် ကောင်းမွန်သော အမည်နာမ ဖြစ်တည်သွားကြသည်။
ဒါကြောင့်မို့ နည်းနည်း ခပ်ရှင်းရှင်း နဲ့ ခပ်ရိုင်းရိုင်းပြောရရင်လည်း ဂိုဏ်းဂဏတစ်ခုခုတွင် ဝင်ရောက်ထားသော ပုဂ္ဂိုလ်တစ်ဦးဦးကို ဆေးပေါက်လိုက်သည့်အခါ ထိုသူသည် ပညာတတ်မြောက်သွားရသည်။
ထိုဆေးတွင် ပါဝင်သော အစောင့်ရဲ့တန်ခိုးကြောင့် သူသည်လည်း ထိုအစောင့်စွမ်းသကဲ့သို့ အစွမ်းထက်သွားရလေသည်။ သူသည်လည်း စုန်းဟု ခေါ်နိုင်သည်။
သို့သော်လည်း မြန်မာနိုင်ငံရဲ့ အမည်နာမတွေကြားထဲတွင် ထိုသူအား အထက်လမ်းဆရာ ပယောဂဆရာ စသဖြင့် ခေါ်ဆိုကြလေသည်။
ဒါက အမည်နာမအကြောင်းကို ခပ်ရှင်းရှင်းပြောပြခြင်းပါ။ သဘာဝစုန်းဆိုသည်မှာ မူလဘာဝကတည်းက အလိုလို တတ်မြောက်လာကြသည့် ပုဂ္ဂိုလ်များကို ဆိုလိုပါသည်။
သဘာဝစုန်းအကြောင်းရှင်းလင်းပါက အရှေ့တိုင်း အနောက်တိုင်းတွင် ကွဲလွဲမှုများ ရှိလာရတော့သည်။
မြန်မာပြည်ရှိ သဘာဝစုန်းများမှာ မီးစုန်း ၊ မြေစုန်း ၊ သစ်စုန်း ၊ ကျောက်စုန်း ၊ ရေစုန်း စသော လူသားမဟုတ်သည့် ရုပ်ဝတ္ထုအတတ်ပညာရှင်များ ဖြစ်ပေသည်။
အနောက်တိုင်းမှာတော့ စုန်းဆိုတာက သဘာဝမှရရှိထားသော ပညာရပ်များကို ရယူသုံးစွဲသောသူဖြစ်ပါတယ်။
သဘာဝစုန်းဆိုသည်မှာ အနောက်တိုင်းကပြောသော Natural Witch ဆိုတာနဲ့ ဆက်နွယ်မှုမရှိပါ။ Natural Witch ဆိုတာသည် Witch ဟူသော အဓိပ္ပာယ်ဖြင့်သာ တူညီပါသည်။ သဘာဝစုန်း (Natural Witch) ဆိုတာမျိုးက 1993 ခုနှစ်က ထုတ်ဝေခဲ့တဲ့ ဇာတ်ကားတစ်ကားရဲ့ အမည်နာမကို ဆွဲပြီး Witch (စုန်း) တွေကို ခေါ်ဆိုတာပါ။
သဘာဝစုန်းဆိုတာ လူသားကနေ ဖြစ်တည်တဲ့ ပညာရှင်မဟုတ်ဘဲ သဘာဝမြေကမ္ဘာပစ္စည်းများမှ ဖြစ်တည်လာသော စက်များဖြင့် မြူးထူးပျော်ပါးသော ပစ္စည်းများကို ဆိုလိုပါသည်။
စုန်းနက်ဆိုတာာဘာလဲ။ ခပ်ရှင်းရှင်းပဲ ရေးလိုက်ပါ။ အောက်လမ်းပညာရှင်ကို ဆိုလိုချင်တာပါပဲပေ့ါ။
စုန်း+နက် အပေါ်မှာ စုန်းအကြောင်း နဲ့ ရှင်းလင်းပီးပီ Wich (စုန်း)အကြောင်းလည်း ရှင်းလင်းပီးပီ အဲ့ဒီတော့ ကွဲပြားသော စကားလုံးနှစ်ခုရဲ့ အဖြေကိုလည်း ရင်ထဲမှာလည်း နားလည်လောက်ပါပီ။
အဲ့ဒီတော့ အနက်ရောင်ဆိုသော စကားလုံးကိုလည်း မှော်ပညာမှာ အရောင်အလိုက် ဘာကိုကြည့်ပြီး ခွဲတာလဲ ဆိုတဲ့ အကြောင်းအရာမှာလည်း တစ်စိတ်တစ်ပိုင်း ပြောပြခဲ့ပြီးပါပီ.။
အနက်ရောင်ကို ရှင်းရှင်းလင်းလင်း ပြောရမယ်ဆိုရင်တော့ မှော်ပညာ၏အကြမ်းဆုံးပညာရပ်ဆိုလည်း မမှားပါဘူး။ တိုက်ခိုက်ဖို့အတွက် ထားရှိခဲ့တဲ့ပညာရပ်တွေကို ပြပါဆိုပါက အနောက်ရောင်ဌာနအောက်တွင် ရှိသော ကြမ်းတမ်းသော ပညာရပ်များကို ပြရပေလိမ့်မည်။
အနက်ရောင်နှင့်ပတ်သက်သော အကောင်အထည်များမှာ သရဲ ၊ တစ္ဆေ ၊ နတ်ဆိုးများ ၊ သွေးစုပ်ဖုတ်ကောင်များ ၊ သမန်းဝံပုလွေများတို့ပင် ဖြစ်ပေသည်။ မှော်ပညာတို့၏မရှိမဖြစ် မသိမဖြစ် ပညာရပ်များပင်ဖြစ်ပြီး အဆင့်အတန်းမြင့်မားသော ပညာရပ်များဟု ပြောဆိုရင်လည်း မှားမည်မဟုတ်ပါ။
အနက်ရောင်အဆင့်ကို ရောက်ရှိသွားသူကို အောက်လမ်းပညာရှင်ဟု ပြောဆိုခြင်း မှားယွင်းသော စွပ်စွဲမှုမျှသာ ဖြစ်သည်။
အနက်ရောင်ပညာ၏လက်အောက်တွင် ရှိသော ပညာရပ်များသည် လူများကို ထိခိုက်စေနိုင်သည့် ပညာရပ်များမဟုတ်ဘဲ လောကကြီးကို ကောင်းကျိုးပြုနိုင်သည့် ပညာရပ်များပင်ဖြစ်ပြီး လူသားတို့ရဲ့ကောက်ကျစ်သောစိတ်ထားများကြောင့် အနက်ရောင်ပညာများသည် သူတို့ကို သတ်ဖြတ်လိုက်ခြင်း ဖြစ်ပေသည်။
အနက်ရောင်စုန်းကဝေတွေမှာ အပျက်သဘောသက်ရောက်မှုရှိပါသလား ဆိုတဲ့ မေးခွန်းမျိုးတွေ မေးလာနိုင်လို့ အနက်ရောင်စုန်းကဝေမှမဟုတ်ပါဘူး .၊ ဘယ်စုန်းကဝေမဆို မကောင်းတဲ့ပညာကိုသုံးရင်တော့ ဘယ်ဘာသာတရားအရ ကြည့်ကြည့်မကောင်းပါဘူး။
ဗုဒ္ဓဘာသာက ကြည့်မယ်ဆိုရင်လည်း ငရဲကိုရောက်နိုင်ပါတယ်။ ဒီဘဝမှာ ဘယ်လိုဆိုးကျိုးတွေ ကြုံရနိုင်သလဲဆိုတာကတော့ ဥပမာ ကျိန်စာတိုက်တာလိုမျိုးကိစ္စကို လုပ်မယ်ဆိုရင်တော့ ကိုယ့်ဘက်ကနေ အရင်နာကျည်းစတေးခံရပါတယ်။
နောက်တစ်ခုကတော့ ကိုယ်လုပ်ခဲ့သမျှ ကိုယ်ပြုစားခဲ့သမျှ မကောင်းမှုတွေက တစ်ချိန်မှာ ကိုယ့်ဆီပြန်လာတတ်တယ်လို့သိရပါတယ်။
အဲ့ဒီလိုပြန်မလာခဲ့ရင်တောင်မှ ကိုယ်ပြုစားတဲ့သူတွေ အလူးအလဲခံနေရတဲ့ မြင်ကွင်းဟာ ကိုယ့်မျက်စိရှေ့မှာပဲ မကြည့်ရက်စရာကောင်းလောက်အောင်ကို ဖြစ်ပေါ်တတ်ပါတယ်။
ဒါကြောင့် အနက်ရောင်မှော်ပညာအမျိုးအစားတွေ အသုံးချခြင်းဟာ ကိုယ့်အပေါ်ကို အပျက်သဘောသက်ရောက်မှု အနည်းနဲ့အများတော့ သက်ရောက်နိုင်ပါတယ်။
အဲ့ဆိုရင် ဝမ်းတွင်းစုန်း ၊ သဘာဝစုန်း နှင့် စုန်းနက် ဘယ်လို ကွာခြားတယ်ဆိုတာ သိလောက်ပါပီပေါ့နော်။