ၾကားသိရသမွ်

ယောနယ်က ဌာနဆိုင်ရာ ဝန်ထမ်းတွေ အုပ်စုလိုက် ထွက်စာတင်နေ

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ကျန်းမာရေး အကြောင်းပြချက်နဲ့

အလုပ်ထွက်စာ ပေးပို့ တင်ပြတာဆိုရင် အခုနှစ် ဖေဖော်ဝါရီကစလို့ အခုလ ၅ ရက်အထိ တင်ပြစာ ၂ ရာ ကျော်နဲ့ တင်ပြသူ ၄ ရာဝန်းကျင်ရှိ

သွားပြီလို့ ထီးလင်းနယ်ခံ ဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီလို အလုပ်ထွက်စာ တင်ပြတဲ့ ဝန်ထမ်းတွေဟာ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွေအုပ် ဝန်ထမ်းတွေနဲ့ ကျေးလက်

ပညာရေး ကျောင်းဆရာ ဆရာမတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပြင် မြေစာရင်း ဝန်ထမ်းတချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ်က အလုပ်ထွက်စာ တင်ပြထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး မြို့နယ် ဦးစီး ရာထူးအဆင့်ရှိတဲ့သူ တစ်

ယောက်ပြောတာက

” ထွက်စာတင်ကြတာ ဟုတ်သင့်သလောက် ဟုတ်တယ် ၊ ၁ ဦးချင်း တင်ပြစာတွေက အတည်ပြုလို့ ရနိုင်ပေမယ့် ၊ အုပ်စုဖွဲ့ပြီး တင်ပြထား

တဲ့စာတွေက ပြန်ပြီး တိုက်ဆိုင် စစ်ဆေးနေရတယ် ၊ လစာထုတ် ငွေကြေးရှင်း ထိုးမြဲလက်မှတ်နဲ့ အခု တင်ပြတဲ့ လက်မှတ်ဟာ ကွဲလွဲနေ

တယ် ၊ ကာယကံရှင်ရဲ့ ထိုးမြဲ လက်မှတ် မဟုတ်တဲ့ အတွက် စိစစ်နေရပါတယ်” လို့ ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနက် ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေ ၊ ကျေးလက် စာသင်း

ကျောင်းက ဆရာ ဆရာမတွေနဲ့ မြို့နယ် ဥပဒေရုံးက ဝန်ထမ်းတွေက အလုပ်ထွက်စာ တင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ထီးလင်းနယ်ခံ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်း ၊ တွဲဘက် အထက်တန်းပြ ကျောင်းဆရာမ တစ်ယောက်က ပြောပြတာက

” အုပ်စုဖွဲ့ပြီး တကျောင်းလုံးစာ တင်ထားတာ ၊ လက်မှတ်တော့ ကျမသွားမထိုးဖြစ်ဘူး၊ အခုချိန်က ဘက်ပေါင်းစုံ အဖိခံနေရတော့ ဘာမှ

ဆက်ပြောလို့ မဖြစ်ဘူး ” လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်ထွက်စာ တင်ပြထားတဲ့ အလယ်တန်းပြ ကျောင်းဆရာ တစ်ယောက်က ” ဇွန်လ ကျောင်းဖွင့်ရက်နဲ့ ကိုဗစ် တတိယလှိုင်း

ကျောင်းပိတ်ရက် ကြားကာလအတွင်း ရွာဘက်မှာ Non CDM တချို့ အသတ်ခံရတာတွေဖြစ်တယ် ၊ မိသားစု အေးအေးဆေးဆေးရပ်တည်

နေချင်တယ်” လို့ ပြောပါတယ်။

ဂန့်ဂေါခရိုင်မှာ ၊ ဂန့်ဂေါ ၊ ထီးလင်း ၊ ဆော ၃ မြို့နယ်နဲ့ ကျော ၊ ကျောက်ထု မြို့နယ်ခွဲ ၂ ခု အပါအဝင် မြို့နယ် ၅ ခုမှာ ဌာနဆိုင်ရာ ဝန်ထမ်း

တွေ အလုပ်ထွက်စာ တင်ပြနေကြတာဖြစ်တယ်လို့ သိရပါတယ်။

ဂန့်ဂေါ ကလေး ကားလမ်း မွှေ့လယ်ရွာနဲ့ နှမ်းခါးရွာအကြား ရဲလှရွာ လမ်းခွဲအနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ဇွန် ၁ ရက် ညနေပိုင်းက လစာထုတ်

ပြန်လာတဲ့ ထွေအုပ် ၊ ပညာရေး နဲ့ ကျန်းမာရေး ဝန်ထမ်း ၅ ယောက် အသတ်ခံရတာ အပါအဝင် အဲ့ဒီ နေ့ရက်ကစလို့ အခုလ ၅ ရက်အထိ ဂ

န့်ဂေါခရိုင်ထဲမှာ လူသတ်မှုဖြစ်စဥ် ၇၀ ကျော်နဲ့ သေဆုံးသူ ၁ ရာ ဝန်းကျင်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။Source;VOM

Zawgyi

မကွေးတိုင်း ဂန့်ဂေါခရိုင် ထီးလင်းမြို့နယ်မှာ တာဝန် ထမ်းဆောင်နေကြတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေဟာ ကျန်းမာရေး

အကြောင်းပြချက်နဲ့ အလုပ်ထွက်စာ ပေးပို့ တင်ပြတာဆိုရင် အခုနှစ် ဖေဖော်ဝါရီကစလို့ အခုလ ၅ ရက်အထိ တင်ပြစာ ၂ ရာ ကျော်နဲ့ တင်ပြသူ ၄ ရာဝန်းကျင်ရှိသွားပြီလို့ ထီးလင်းနယ်ခံ ဝန်ထမ်းတယောက်က ပြောပါတယ်။

အဲ့ဒီလို အလုပ်ထွက်စာ တင်ပြတဲ့ ဝန်ထမ်းတွေဟာ ရပ်ကွက် ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ထွေအုပ် ဝန်ထမ်းတွေနဲ့ ကျေးလက် ပ

ညာရေး ကျောင်းဆရာ ဆရာမတွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေအပြင် မြေစာရင်း ဝန်ထမ်းတချို့လည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ထီးလင်းမြို့နယ်က အလုပ်ထွက်စာ တင်ပြထားတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေနဲ့ ပတ်သက်ပြီး မြို့နယ် ဦးစီး ရာထူးအဆင့်ရှိတဲ့သူ တစ်ယောက်ပြောတာက

” ထွက်စာတင်ကြတာ ဟုတ်သင့်သလောက် ဟုတ်တယ် ၊ ၁ ဦးချင်း တင်ပြစာတွေက အတည်ပြုလို့ ရနိုင်ပေမယ့် ၊ အုပ်စုဖွဲ့ပြီး တင်ြ

ပထားတဲ့စာတွေက ပြန်ပြီး တိုက်ဆိုင် စစ်ဆေးနေရတယ် ၊ လစာထုတ် ငွေကြေးရှင်း ထိုးမြဲလက်မှတ်နဲ့ အခု တင်ပြတဲ့ လက်မှတ်ဟာ ကွဲလွဲနေတယ် ၊ ကာယကံရှင်ရဲ့ ထိုးမြဲ လက်မှတ် မဟုတ်တဲ့ အတွက် စိစစ်နေရပါတယ်” လို့ ပြောပါတယ်။

ထီးလင်းမြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဌာနဆိုင်ရာ ဝန်ထမ်းတွေအနက် ၊ ကျေးရွာ အုပ်စု အုပ်ချုပ်ရေးမှူးတွေ ၊ ကျေးလက် စာသင်းကျောင်းက ဆရာ ဆရာမတွေနဲ့ မြို့နယ် ဥပဒေရုံးက ဝန်ထမ်းတွေက အလုပ်ထွက်စာ တင်ကြတာဖြစ်တယ်လို့ သိရပါတယ်။

ထီးလင်းနယ်ခံ အမည်မဖော်လိုတဲ့ ပညာရေးဝန်ထမ်း ၊ တွဲဘက် အထက်တန်းပြ ကျောင်းဆရာမ တစ်ယောက်က ပြောပြတာက

” အုပ်စုဖွဲ့ပြီး တကျောင်းလုံးစာ တင်ထားတာ ၊ လက်မှတ်တော့ ကျမသွားမထိုးဖြစ်ဘူး၊ အခုချိန်က ဘက်ပေါင်းစုံ အဖိခံနေရတော့ ဘာမှ ဆက်ပြောလို့ မဖြစ်ဘူး ” လို့ ဆိုပါတယ်။

ဒါ့အပြင် အလုပ်ထွက်စာ တင်ပြထားတဲ့ အလယ်တန်းပြ ကျောင်းဆရာ တစ်ယောက်က ” ဇွန်လ ကျောင်းဖွင့်ရက်နဲ့ ကိုဗစ် တတိယလှိုင်း ကျောင်းပိတ်ရက် ကြားကာလအတွင်း ရွာဘက်မှာ Non CDM တချို့ အသတ်ခံရတာတွေဖြစ်တယ် ၊ မိသားစု အေးအေးဆေးဆေးရပ်တည်နေချင်တယ်” လို့ ပြောပါတယ်။

ဂန့်ဂေါခရိုင်မှာ ၊ ဂန့်ဂေါ ၊ ထီးလင်း ၊ ဆော ၃ မြို့နယ်နဲ့ ကျော ၊ ကျောက်ထု မြို့နယ်ခွဲ ၂ ခု အပါအဝင် မြို့နယ် ၅ ခုမှာ ဌာနဆိုင်ရာ ဝန်ထမ်းတွေ အလုပ်ထွက်စာ တင်ပြနေကြတာဖြစ်တယ်လို့ သိရပါတယ်။

ဂန့်ဂေါ ကလေး ကားလမ်း မွှေ့လယ်ရွာနဲ့ နှမ်းခါးရွာအကြား ရဲလှရွာ လမ်းခွဲအနီးဝန်းကျင်မှာ ပြီးခဲ့တဲ့ ဇွန် ၁ ရက် ညနေပိုင်းက လစာထုတ်ပြန်လာတဲ့ ထွေအုပ် ၊ ပညာရေး နဲ့ ကျန်းမာရေး ဝန်ထမ်း ၅ ယောက် အသတ်ခံရတာ အပါအဝင် အဲ့ဒီ နေ့ရက်ကစ

လို့ အခုလ ၅ ရက်အထိ ဂန့်ဂေါခရိုင်ထဲမှာ လူသတ်မှုဖြစ်စဉ် ၇၀ ကျော်နဲ့ သေဆုံးသူ ၁ ရာ ဝန်းကျင်ရှိတယ်လို့ သတင်းမှတ်တမ်းတွေအရ သိရပါတယ်။ Source;VOM