ၾကားသိရသမွ်

ကျောက်ကြီးရွာမှ နတ်ဖွတ်ထားသော ရတနာတွင်းကြီး အကြောင်း

ရတနာတွင်းကြီးလို့ ခေါ်လိုက်ပါရစေနော်။ တကယ်တမ်းကတော့ သဘာဝအတိုင်းဖြစ်တည်နေတဲ့ လူးတွင်းကြီးပါ။ အဲ့ဒီအထဲမှာတော့ ကျောက်မျက်ရတနာမျိုးစုံ ပြည့်နှက်နေပါတယ်နော်။အဲ့တွင်းကြီးက ကျောက်ကြီးရွာရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်နော်။ကျောက်ကြီးရွာဆိုတာဟာ ကျောက်ကြီး နည်းပညာတပ်ရဲ့ ဘေးနားကပါ။

အဲ့ဒီ နားက ဒေသတစ်ဝိုက်ဟာ ရွှေ ငွေ သယံဇာတ ကျောက်မျက်ရတနာတွေများစွာ ထွက်ရှိတဲ့ ရတနာနယ်မြေဖြစ်ပါတယ်။ သပိတ်ကျင်းနယ်ထဲကနေ ထွက်တဲ့ပတ္တမြား နီလာတို့ဟာ ဝါးဖြူတောင်ကျောက်လို့ သိကြပါသည်။ကျောက်ကြီး နည်းပညာတပ်ဟာလည်း ယူရေနီယမ်အတွက်ဘဲ တည်ထားတာလို့ ပြောကြတာပါ။

ကျောက်ကြီးနည်းပညာတပ်ရဲ့ ဝင်ပေါက်က နီလာကျောက်ကျောကြီးဟု ကျောက်ကြီးရွာရဲ့ ရှေ့မှီနောက်မှီလူကြီးတွေကပြောကြတာပါ။တစ်နေ့မှာ ကျောက်ကြီးရွာကနေ မုဆိုးကြီး ခြောက်ယောက်က တောလည် ထွက်လာတာပါ။

မုဆိုးတေဟာ သူတို့ရွာရဲ့ အရှေ့ဘက်ကို တောလိုက်ကြတာ ဖြစ်ပါတယ်။အရင်တုန်းက ကျောက်ကြီးရွာဆိုတာဟာ တောကြီးမျက်မဲကြီး ဖြစ်ပါတယ်။

ကျွန်းတွေ ပိတောက်တွေ အရမ်းပေါတယ်။ယခု ချိန်မှာ ကားလမ်းဘေးတစ်ဝိုက်မှာတော့ တောင်ကတုံးတွေပဲ ကျန်တော့တာပါ။

တောလည်ထွက် လာရင်း မုဆိုးကြီး ခြောက်ယောက်ဟာ မျက်စိလည် လမ်းမှားကြပါတယ်။

လမ်းပျောက် ရှာဖွေရင်းနဲ့ကျောက်မျက်ရတနာ မျိုးစုံတွေပြည့်နေတဲ့ လူးတွင်းကြီးကို တွေ့လိုက် ကြတာပါ။အဲ့ဒီနယ်ဘက်က မုဆိုးတွေဟာ ကျောက်ရတနာ သယံဇာတနယ်မြေမှာနေသူတွေဖြစ်ကြတဲ့ အတွက် ကျောက်အကြောင်းတွေကို အတန်သင့် နားလည်တတ်မြောက်ထားကြတာပါ

မုဆိုး ခြောက်ယောက်ဟာလည်း ရတနာတွင်းကြီးထဲကနေ အကောင်းဆုံးဖြစ်နိုင်မဲ့ ကျောက်တွေကို ရွေးချယ်ပြီး နေရာဒေသကို မှတ်ထားခဲ့ကာ ရွာကို ပြန်လာကြပါတော့တယ် ။သို့သော်လည်း မုဆိုးတွေဟာ သယ်ယူလာတဲ့ ကျောက်မျက် ရတနာတွေကို သယ်ယူချင်စိတ် မရှိ လောက်အောင်ကိုလေးလံ လာတာပါ။

သူတို့တွေကလည်း ဆက်လက်သယ်ယူဖို့အားမရှိတော့ပဲ လွှင့်ပစ်ခဲ့ကြပြီး နောက်ဆုံးမှာ နီလာကျောက်တစ်တုံးပဲ ကျန်ပါတော့တယ်။မှောင်ရီပျိုးစ အချိန်မှာ သူတို့တွေရာကို ပြန်ရောက်လာကြပါတယ်။

နောက်ဆုံးပြန်ရောက်ချိန်မှ သိလိုက်တာဟာ သူတို့မျက်စိလည် လမ်းမှား နေတာက သူတို ရွာခေါင်းရင်း တောင်ပေါ်မှာပဲ ဖြစ်နေတာပါ။

သူတို့တွေလည်း နောက်တစ်ခါပြန်လည်ရှာဖွေရာမှာတော့မတွေ့ရတော့ပါဘူး။သူတို့အရင် အဲ့တွင်းကြီးကို ရောက်ဖူးသူတွေ ရှေးလူကြီးတွေ ပြောပြ တာကတော့ အဲ့တွင်းကြီးကို ခွေးနတ် တွေစောင့်ရှောက်တာပါတဲ့ ။

တစ်ခေါက် ပြန်ရောက်ချင်တယ်ဆိုရင်ခွေးနတ်တွေကို ပူဇော်ပသရတယ်လို့ ဆိုပါတယ်။မုဆိုး ခြောက်ယောက်ထဲမှာ ယခုချိန်မှာ တစ်ယောက်ပဲ ကျန်ရှိတော့တာပါ။ကျောက်ကြီးနယ် ကျောက်ကြီးရွာဟာလည်း အခုထိ နီလာ ပတ္တမြားမျိုးစုံထွက်နေဆဲပါဖြစ်ပါတယ်နော်။

လေ့လာချင်ရင်တော့ သွားကြည့်ကြပါနော်။ဗဟု သုတရစေရန် ပြန်လည် မျှဝေလိုက်ပါတယ်နော်။မူရင်းရေးသား သူအား လေးစားစွာ ခရက်ဒစ် ပေးပါတယ်ခင်ဗျာ

ZAWGYI

ရတနာတွင်းကြီးလို့ ခေါ်လိုက်ပါရစေနော်။ တကယ်တမ်းကတော့ သဘာဝအတိုင်းဖြစ်တည်နေတဲ့ လူးတွင်းကြီးပါ။ အဲ့ဒီအထဲမှာတော့ ကျောက်မျက်ရတနာမျိုးစုံ ပြည့်နှက်နေပါတယ်နော်။အဲ့တွင်းကြီးက ကျောက်ကြီးရွာရဲ့ အရှေ့ဘက်မှာ တည်ရှိပါတယ်နော်။ကျောက်ကြီးရွာဆိုတာဟာ ကျောက်ကြီး နည်းပညာတပ်ရဲ့ ဘေးနားကပါ။

အဲ့ဒီ နားက ဒေသတစ်ဝိုက်ဟာ ရွှေ ငွေ သယံဇာတ ကျောက်မျက်ရတနာတွေများစွာ ထွက်ရှိတဲ့ ရတနာနယ်မြေဖြစ်ပါတယ်။ သပိတ်ကျင်းနယ်ထဲကနေ ထွက်တဲ့ပတ္တမြား နီလာတို့ဟာ ဝါးဖြူတောင်ကျောက်လို့ သိကြပါသည်။ကျောက်ကြီး နည်းပညာတပ်ဟာလည်း ယူရေနီယမ်အတွက်ဘဲ တည်ထားတာလို့ ပြောကြတာပါ။

ကျောက်ကြီးနည်းပညာတပ်ရဲ့ ဝင်ပေါက်က နီလာကျောက်ကျောကြီးဟု ကျောက်ကြီးရွာရဲ့ ရှေ့မှီနောက်မှီလူကြီးတွေကပြောကြတာပါ။တစ်နေ့မှာ ကျောက်ကြီးရွာကနေ မုဆိုးကြီး ခြောက်ယောက်က တောလည် ထွက်လာတာပါ။မုဆိုးတေဟာ သူတို့ရွာရဲ့ အရှေ့ဘက်ကို တောလိုက်ကြတာ ဖြစ်ပါတယ်။အရင်တုန်းက ကျောက်ကြီးရွာဆိုတာဟာ တောကြီးမျက်မဲကြီး ဖြစ်ပါတယ်။

ကျွန်းတွေ ပိတောက်တွေ အရမ်းပေါတယ်။ယခု ချိန်မှာ ကားလမ်းဘေးတစ်ဝိုက်မှာတော့ တောင်ကတုံးတွေပဲ ကျန်တော့တာပါ။တောလည်ထွက် လာရင်း မုဆိုးကြီး ခြောက်ယောက်ဟာ မျက်စိလည် လမ်းမှားကြပါတယ်။လမ်းပျောက် ရှာဖွေရင်းနဲ့ကျောက်မျက်ရတနာ မျိုးစုံတွေပြည့်နေတဲ့ လူးတွင်းကြီးကို တွေ့လိုက် ကြတာပါ။

အဲ့ဒီနယ်ဘက်က မုဆိုးတွေဟာ ကျောက်ရတနာ သယံဇာတနယ်မြေမှာနေသူတွေဖြစ်ကြတဲ့ အတွက် ကျောက်အကြောင်းတွေကို အတန်သင့် နားလည်တတ်မြောက်ထားကြတာပါ

မုဆိုး ခြောက်ယောက်ဟာလည်း ရတနာတွင်းကြီးထဲကနေ အကောင်းဆုံးဖြစ်နိုင်မဲ့ ကျောက်တွေကို ရွေးချယ်ပြီး နေရာဒေသကို မှတ်ထားခဲ့ကာ ရွာကို ပြန်လာကြပါတော့တယ် ။သို့သော်လည်း မုဆိုးတွေဟာ သယ်ယူလာတဲ့ ကျောက်မျက် ရတနာတွေကို သယ်ယူချင်စိတ် မရှိ လောက်အောင်ကိုလေးလံ လာတာပါ။သူတို့တွေကလည်း ဆက်လက်သယ်ယူဖို့အားမရှိတော့ပဲ လွှင့်ပစ်ခဲ့ကြပြီး နောက်ဆုံးမှာ နီလာကျောက်တစ်တုံးပဲ ကျန်ပါတော့တယ်။မှောင်ရီပျိုးစ အချိန်မှာ သူတို့တွေရာကို ပြန်ရောက်လာကြပါတယ်။

နောက်ဆုံးပြန်ရောက်ချိန်မှ သိလိုက်တာဟာ သူတို့မျက်စိလည် လမ်းမှား နေတာက သူတို ရွာခေါင်းရင်း တောင်ပေါ်မှာပဲ ဖြစ်နေတာပါ။သူတို့တွေလည်း နောက်တစ်ခါပြန်လည်ရှာဖွေရာမှာတော့မတွေ့ရတော့ပါဘူး။သူတို့အရင် အဲ့တွင်းကြီးကို ရောက်ဖူးသူတွေ ရှေးလူကြီးတွေ ပြောပြ တာကတော့ အဲ့တွင်းကြီးကို ခွေးနတ် တွေစောင့်ရှောက်တာပါတဲ့ ။

တစ်ခေါက် ပြန်ရောက်ချင်တယ်ဆိုရင်ခွေးနတ်တွေကို ပူဇော်ပသရတယ်လို့ ဆိုပါတယ်။မုဆိုး ခြောက်ယောက်ထဲမှာ ယခုချိန်မှာ တစ်ယောက်ပဲ ကျန်ရှိတော့တာပါ။ကျောက်ကြီးနယ် ကျောက်ကြီးရွာဟာလည်း အခုထိ နီလာ ပတ္တမြားမျိုးစုံထွက်နေဆဲပါဖြစ်ပါတယ်နော်။လေ့လာချင်ရင်တော့ သွားကြည့်ကြပါနော်။

ဗဟု သုတရစေရန် ပြန်လည် မျှဝေလိုက်ပါတယ်နော်။မူရင်းရေးသား သူအား လေးစားစွာ ခရက်ဒစ် ပေးပါတယ်ခင်ဗျာ