တန်ရာတန်ရာပဲ ဆက်ဆံလိုက်ပါ ❞
တချို့လူတွေရှိတယ် ငြိမ်ခံနေတုန်းကမမြင်ဘူး။
ထပြောမိမှ ကိုယ်ကစွာတယ်ဆိုတာမျိုး။တချို့လူတွေရှိတယ်ခေါင်းပေါ်တက်နင်းခံရတာမသိဘူး။ဆတ်ဆတ်ထိမခံပြန်ပြောလိုက်မှကိုယ်က အာကြမ်းတယ်ဆိုတာမျိုး။
တချို့လူတွေရှိတယ်မသိချင်ယောင်ဆောင်နေတာကို အားမနာဘူး။ဒဲ့ပြောလိုက်မှ ကိုယ်ကလူကြမ်းတစ်ယောက်ဆိုတာမျိုး။တချို့လူတွေရှိတယ်တသက်လုံးသည်းခံလာတာကို မစာနာကြဘူး။ထပေါက်ကွဲမိမှ ကိုယ်ဟာမကောင်းဘူးဆိုတာမျိုး။
တချို့လူတွေရှိတယ်အတွင်းစိတ်ကိုမြင်အောင်မကြည့်တတ်ကြဘူး။အပေါ်ယံကောင်းပြတာကိုမှ
အဟုတ်ထင်တတ်ကြတာမျိုး။တချို့လူတွေရှိတယ်စစ်မှန်တယ်ဆိုတာကို မတွေ့တတ်ကြဘူး။
ဟန်ဆောင်တတ်တဲ့လူကိုမှအမှန်အကန်ထင်တတ်ကြတာမျိုး။
တချို့လူတွေရှိတယ်ကိုယ်ချင်းစာ တရားဆိုတာမရှိကြဘူး။ဘယ်သူသေသေ ငတေမာရင်ပြီးရောစိတ်နဲ့တစ်ဖက်သားစိတ်ကို အသေသတ်ပစ်ကြတာမျိုး။တချို့လူတွေရှိတယ်ရင်းနှီးချင်ယောင်ဆောင်ပြီးမထိတထိစော်ကားတဲ့ စကားပြောတတ်ကြတာမျိုး။
တချို့လူတွေရှိတယ်ကိုယ်တိုင်မလုပ်နိုင်တဲ့အရာကိုတစ်ပါးလူလုပ်လိုက်မှ ဝေဖန်ရေးလုပ်တတ်တာမျိုး။တချို့လူတွေရှိတယ်အစွမ်းအစမရှိဘဲ အပြစ်ပြောဖို့သက်သက်လူဖြစ်လာတာမျိုး။
ဒါကြောင့် အကောင်းမြင်စိတ် အကောင်းမြင်ဝါဒကိုမကျင့်သုံးတတ်ဘဲ အသက်ရှင်နေတဲ့ တချို့လူတွေအတွက် စိတ်ကသိကအောက်ဖြစ်ဖို့မလိုဘူး။တန်ရာတန်ရာပဲ ဆက်ဆံပေးလိုက်ပါ။
#Credit_Original

တန္ရာတန္ရာပဲ ဆက္ဆံလိုက္ပါ ❞
တခ်ိဳ႕လူေတြရိွတယ္ ၿငိမ္ခံေနတုန္းကမျမင္ဘူး။ထေျပာမိမွ ကိုယ္ကစြာတယ္ဆိုတာမ်ိဳး။တခ်ိဳ႕လူေတြရိွတယ္ေခါင္းေပၚတက္နင္းခံရတာမသိဘူး။ဆတ္ဆတ္ထိမခံျပန္ေျပာလိုက္မွကိုယ္က အာၾကမ္းတယ္ဆိုတာမ်ိဳး။
တခ်ိဳ႕လူေတြရိွတယ္မသိခ်င္ေယာင္ေဆာင္ေနတာကို အားမနာဘူး။ဒဲ့ေျပာလိုက္မွ ကိုယ္ကလူၾကမ္းတစ္ေယာက္ဆိုတာမ်ိဳး။တခ်ိဳ႕လူေတြရိွတယ္တသက္လံုးသည္းခံလာတာကို မစာနာၾကဘူး။ထေပါက္ကြဲမိမွ ကိုယ္ဟာမေကာင္းဘူးဆိုတာမ်ိဳး။
တခ်ိဳ႕လူေတြရိွတယ္အတြင္းစိတ္ကိုျမင္ေအာင္မၾကည့္တတ္ၾကဘူး။အေပၚယံေကာင္းျပတာကိုမွအဟုတ္ထင္တတ္ၾကတာမ်ိဳး။တခ်ိဳ႕လူေတြရိွတယ္စစ္မွန္တယ္ဆိုတာကို မေတြ့တတ္ၾကဘူး။ဟန္ေဆာင္တတ္တဲ့လူကိုမွအမွန္အကန္ထင္တတ္ၾကတာမ်ိဳး။
တခ်ိဳ႕လူေတြရိွတယ္ကိုယ္ခ်င္းစာ တရားဆိုတာမရိွၾကဘူး။ဘယ္သူေသေသ ငေတမာရင္ၿပီးေရာစိတ္နဲ႔တစ္ဖက္သားစိတ္ကို အေသသတ္ပစ္ၾကတာမ်ိဳး။တခ်ိဳ႕လူေတြရိွတယ္ရင္းႏွီးခ်င္ေယာင္ေဆာင္ၿပီးမထိတထိေစာ္ကားတဲ့ စကားေျပာတတ္ၾကတာမ်ိဳး။
တခ်ိဳ႕လူေတြရိွတယ္ကိုယ္တိုင္မလုပ္ႏိုင္တဲ့အရာကိုတစ္ပါးလူလုပ္လိုက္မွ ေဝဖန္ေရးလုပ္တတ္တာမ်ိဳး။တခ်ိဳ႕လူေတြရိွတယ္အစြမ္းအစမရိွဘဲ အျပစ္ေျပာဖို႔သက္သက္လူျဖစ္လာတာမ်ိဳး။
ဒါေၾကာင့္ အေကာင္းျမင္စိတ္ အေကာင္းျမင္ဝါဒကိုမက်င့္သံုးတတ္ဘဲ အသက္ရွင္ေနတဲ့ တခ်ိဳ႕လူေတြအတြက္ စိတ္ကသိကေအာက္ျဖစ္ဖို႔မလိုဘူး။တန္ရာတန္ရာပဲ ဆက္ဆံေပးလိုက္ပါ။
#Credit_Original



