လမ္းေဘးေရာက္ေနတဲ့ ကေလးငယ္ေတြကိုလက္ဆြဲေခၚ၍ ေက်ာင္းအေရာက္ပို႔ရမည့္အစား”ေက်ာင္းဝသြားရင္ ေျပာင္းဝေရာက္မယ္”ဟုၾကံဳးဝါးခက္ထန္ ဆဲေရးေနေသာေခတ္။
ခဲတံတစ္ေခ်ာင္း စာတစ္အုပ္ျဖင့္ေပးကမ္းခ်ီးျမႇင့္ ေထာက္ပံ့ေဖးကူရမည့္အစားက်ည္ဆန္တစ္ေတာင့္ စာတစ္ေစာင္ျဖင့္ၿခိမ္းေျခာက္ေနေသာေခတ္။
ေျမျဖဴတစ္ေခ်ာင္း စာတစ္ေၾကာင္းျဖင့္ေခတ္မီဖြံ႔ၿဖိဳး တိုးတက္ဖို႔ၾကံေဆာင္လမ္းျပရမည့္အစားအနာဂတ္ကို အေမွာင္ခ်ပညာေရးကို ဟန္႔တားေနေသာေခတ္။
ၿခိမ့္ၿခိမ့္သဲသဲ အာစရိယပူေဇာ္ပြဲေတြအစားအနႏ ၱဂိုဏ္းဝင္ ေက်းဇူး႐ွင္ကိုဇီဝိန္ႏုတ္ေႁခြ ေသြးစြန္းေစကာအာစရိယကို အေသသတ္ေသာေခတ္။
လူစင္စစ္က လူစိတ္ေတြေပ်ာက္ဘီလူးစိတ္ဝင္ ဂုဏၻန္အသြင္လူ႔အသားကိုစား လူ႔အေသြးကိုေသာက္ရမွစိတ္အားရေသာေခတ္။
ဤသို႔ ဤႏွယ္ ေခတ္ပ်က္ ေခတ္ဆိုးလူ႔အႏ ၱေတြၾကား ဓားသြားထက္တြင္မားမားရပ္လ်က္အနာဂတ္လူ႔ေဘာင္ ထြန္းေတာက္ႂကြားေစဖို႔ကြၽႏ္ုပ္တို႔ စာသင္ေနပါသည္။
ပညာအေရာင္ တန္ေဆာင္ဆီမီးထိန္ထိန္ညီးပါေစသား။
အေမွာင္ကြယ္ေပ်ာက္ အလင္းေရာက္ပါေစသား။ႏိုင္ငံအဝွမ္းမွ စာသင္ေနေသာဆရာ/ဆရာမမ်ားကို ဂုဏ္ျပဳေရးသားအပ္ပါသည္။
MaThaPyay(မသေျပ)
လမ်းဘေးရောက်နေတဲ့ ကလေးငယ်တွေကိုလက်ဆွဲခေါ်၍ ကျောင်းအရောက်ပို့ရမည့်အစား”ကျောင်းဝသွားရင် ပြောင်းဝရောက်မယ်”ဟုကြုံးဝါးခက်ထန် ဆဲရေးနေသောခေတ်။
ခဲတံတစ်ချောင်း စာတစ်အုပ်ဖြင့်ပေးကမ်းချီးမြှင့် ထောက်ပံ့ဖေးကူရမည့်အစားကျည်ဆန်တစ်တောင့် စာတစ်စောင်ဖြင့်ခြိမ်းခြောက်နေသောခေတ်။
မြေဖြူတစ်ချောင်း စာတစ်ကြောင်းဖြင့်ခေတ်မီဖွံ့ဖြိုး တိုးတက်ဖို့ကြံဆောင်လမ်းပြရမည့်အစားအနာဂတ်ကို အမှောင်ချပညာရေးကို ဟန့်တားနေသောခေတ်။
ခြိမ့်ခြိမ့်သဲသဲ အာစရိယပူဇော်ပွဲတွေအစားအနန ္တဂိုဏ်းဝင် ကျေးဇူးရှင်ကိုဇီဝိန်နုတ်ခြွေ သွေးစွန်းစေကာအာစရိယကို အသေသတ်သောခေတ်။
လူစင်စစ်က လူစိတ်တွေပျောက်ဘီလူးစိတ်ဝင် ဂုဏ္ဘန်အသွင်လူ့အသားကိုစား လူ့အသွေးကိုသောက်ရမှစိတ်အားရသောခေတ်။
ဤသို့ ဤနှယ် ခေတ်ပျက် ခေတ်ဆိုးလူ့အန ္တတွေကြား ဓားသွားထက်တွင်မားမားရပ်လျက်အနာဂတ်လူ့ဘောင် ထွန်းတောက်ကြွားစေဖို့ကျွန်ုပ်တို့ စာသင်နေပါသည်။
ပညာအရောင် တန်ဆောင်ဆီမီးထိန်ထိန်ညီးပါစေသား။
အမှောင်ကွယ်ပျောက် အလင်းရောက်ပါစေသား။နိုင်ငံအဝှမ်းမှ စာသင်နေသောဆရာ/ဆရာမများကို ဂုဏ်ပြုရေးသားအပ်ပါသည်။
MaThaPyay(မသပြေ)