ချစ်မကြီးရေ ညီမလေးလဲ ငိုရပြန်ပါပြီ
(ကျွန်မရဲ့ ချစ်မ ပထမဆုံးတာဝန်ကျခဲ့တဲ့ ဒီပဲယင်း ဆပ်ပြာကျင်းရွာလေးသေတဲ့ကလေးတွေက သူ့တပည့်လေးတွေချည်း ဖတ်ရတာ ရင်နာလိုက်တာ မမရယ်)
သားလေးတို့ဘယ်တွေရောက်ပီး ဘာတွေများလုပ်နေရှာမလဲ
သူငယ်ချင်းတွေအချင်းချင်း ပြန်တွေ့ကြရဲ့လား အရင်လိုပဲ ချစ်ချစ်ခင်ခင်နေကြနော်
ဆရာမ position ပြောင်းရတော့ မိုးရွာကြီးထဲမှာ အထုပ်ပိုးတွေနဲ့ ဆိုင်ကယ်စီးပီး လိုက်ပို့ပေးခဲ့တဲ့ ၈ တန်းကျောင်းသားလေး …….
သားလေး ရဝေအောင်😘
ဆရာမ ဘယ်ချိန်ပြန်မှာလဲ ဆရာမကို သားလိုက်ပို့မှာနော်နဲ့ အရင်နေ့ညနေတည်းက ကျောင်းထဲမှာ လာနေတော့တဲ့သားလေး…
သား ဆရာမကို သတိရတယ် ဆရာမတို့ရွာ အလည်လာခဲ့အုံးမှာနဲ့အမြဲပြောတဲ့သားလေးဖုန်းတွေ ခဏတမ်းဆက်တဲ့သားလေး ဆရာမပုံတောင်းပီး သူ့ wallpaper မှာတောင် တင်ထားတယ် ပီးတော့ ss ရိုက်ပြတဲ့ သားလေးခုတော့ဘယ်ဆီများရောက်နေမလဲ😢😢
သား ဟိန်းဇော်ဖြိုး😘
ဆရာဆရာမတွေအပေါ် အရမ်းလဲရိုသေတယ် အရမ်းလဲအလိုက်သိတယ်…
သားဘယ်ချိန် ရန်ကုန်က ပြန်လာခဲ့လိုက်တာလဲ..
ရန်ကုန်မှာတုန်းက နေ့ခင်းပိုင်း ဆန္ဒပြထွက် ညဘက်ရောက်ရင် ရက်ကွက်ကင်းစောင့်နဲ့ အရမ်းကိုတက်ြကွခဲ့လို့ သားကျန်းမာရေးထိအုံးမယ် ကျန်းမာရေးလဲဂရုစိုက်ခွေးတွေလဲ သတိထားလို့ ဆရာမ အမြဲမှာခဲ့တေလေ
ရွာပြန်ရောက်နေတာ ဆရာမ မသိလိုက်ဘူး သားခေါ်တဲ့ video call ကို မကိုင်လိုက်လို့ ဆရာမကိုစိတ်ဆိုးသွားတာလား အဲ call ကို မကိုင်လိုက်နိုင်တာ ဆရာမ နောင်တအရဆုံးပဲ ဘယ်တော့မှပြန်မဆုံနိုင်တဲ့လမ်းကို သားတို့ထွက်သွားကြပီ သားရဲ့မီးစိမ်းကို ဆရာမ မမြင်ရတော့ဘူး😢😢
သား သန့်ဇင်ဝင်း ရေ….😘
ဆရာမ ညည့်နက်နေပီမအိပ်သေးဘူးလား ဘယ်သူနဲ့ chat နေတာလဲ…
မေးသာမေးရတာ သားတို့ကလွဲပီး ဘယ်သူမှ chat မယ့်သူရှိမှာဟုတ်ပါဘူးလေလို့ အမြဲစနောက်နေတဲ့သားလေး
ဆရာမ ဘယ်တော့စားရမလဲ သားကူညီပေးရမလား
သားတို့ရွာက ဦး…….. ကို ပြောပေးမယ်လေ(တကယ်တော့ အဲလူကြီးက စိတ်မနှံ့တဲ့သူ) နဲ့ အမြဲစနောက်နေကျ သားလေးဆရာမနေကောင်းလားမအိပ်သေးဘူးလားဆိုတဲ့ သားဆီကစာလေးဆရာမမျှော်နေတယ်လေ 😭😭
သား နေသူ 😘
အရပ်လေးက ပုပု ကိုယ်လုံးလေးက သေးသေးအသံလေးက အိစိအိစိ သူငယ်ချင်းအချင်းချင်း စနောက်ရင်တောင် မျက်ရည်တွေဝဲပီး အမြဲငိုတက်တဲ့သားလေး သားကဘယ်ချိန်များ ခုလိုစိတ်ဓာတ်တွေခိုင်မာ ကျားယားသွားတာလဲ သားရယ် သားနဲ့အဆက်သွယ်မရှိပေမယ့် သားကို ဆရာမအမြဲသတိရပါတယ်
သား နေဇင်လင်း😘
အရပ်ကြီးကအရှည်ကြီးလိမ္မာတယ် စကားပြောရင် သားကလေ သားကလေနဲ့ ဆရာမလို့ခေါ်ရင် ဟေ လို့ ထူးဖို့ သူ့ကို မော့ကြည့်ရတယ် ဆရာမ ချက်စားဖို့ဆိုပီး သား မှိုတွေယူလာပေးတာ ခုထိမမေ့သေးဘူး ဘယ်တော့မှလဲ မေ့မှာမဟုတ်ပါဘူး သားရယ်😭😭
သား အောင်သူထွန်း😘
ဒီကောင်ကလူချောလေးလို့ ဆရာမအမြဲပြောခဲ့တဲ့သားလေး
အတန်းထဲမှာ ဆရာမ တခုခုခိုင်းရင် ပေါ့ပါ့ပါးပါးနဲ့ သူချည်းပဲ ထလုပ်ပေးတဲ့သားလေး လိမ္မာလွန်းတဲ့သားလေး ပျော်ပျော်နေတက်တဲ့သားလေးသားတို့အားလုံးကို ဆုံးရှုံးလိုက်ရတာ ဆရာမ ပြောမပြတက်အောင် ခံစားရတယ်
သံသရာ တကွေ့ကွေ့မှာတော့ သားတို့နဲ့ဆရာမ ပျော်ပျော်ကြီးပြန်ဆုံချင်သေးတယ်ကွာ
သားတို့အားလုံး ကောင်းရာဘုံဘဝမှာ ရောက်ကြပါစေ
သားတို့အားလုံး အရွယ်နဲ့မမျှအောင် နိုင်ငံ့တာဝန်ကျေလွန်းပါတယ်
ဘယ်တော့မှ ပြန်မတွေ့ရတော့ပဲ ထာဝရပျောက်ကွယ်သွားတော့တဲ့ မီးစိမ်းလေးတွေကို ဆရာမ အမြဲ သတိရနေမှာပါ😭😭
ကောင်းရာဘုံဌာနမှာ စံမြန်းနိုင်ကြပါစေ
Crd… Daw Moe Moe Aung