ၾကားသိရသမွ်

မိတ်ဆွေအရင်းကြီးထဲမှတောင်တော်လှန်ရေးနဲ့ပတ်သတ်ပြီးလူနှစ်မျိုးနှစ်စားကိုတွေ့ရကြောင်းပြောလာတဲ့Rဇာနည်


2021 | 24/01/2022






Credit:

Zawgyi:

ပရိသတ်တွေ ခံစားချက်နဲ့ တစ်သားတည်းကျတဲ့ သီချင်းကောင်းလေးတွေကို သီဆိုတတ်တဲ့ အဆိုတော် R ဇာနည် ကတော့ လွန်ခဲ့တဲ့နှစ်(၂၀)ကတည်းကနေဒီနေ့ဒီအချိန်ထိလူကြီး၊ လူငယ် ပရိသတ်မရွေး အားပေးခံရသူတစ်ယောက်ပဲဖြစ်ပါတယ်။

လက်ရှိမြန်မာ့နွေဦးတော်လှန်ရေးမှာလည်း ကိုယ်ရောစိတ်ပါ အပင်ပန်းခံ အနစ်ပေးနေတဲ့ R ဇာနည်ဟာ ပရိသတ်တွေရဲ့ လေးစားအားထားခြင်းကို တစ်စထက်တစ်စရရှိနေတာပဲဖြစ်ပါတယ်။

ကိုယ်တိုင်လည်း(၂၀၂၁)ခုနှစ်ဖေဖော်ဝါရီလကတည်းကပြည်သူတွေနဲ့တစ်သားတည်းရပ်တည်ခဲ့ပြီးအလုပ်တွေအားလုံးကိုလည်း ရပ်နားထားတဲ့ R ဇာနည်ဟာ ဒီကနေ့မှာတော့ သူ့ရဲ့ မိတ်ဆွေတွေအကြောင်းကို

“အော်! ငါ့သယ်ရင်းမိတ်ဆွေတွေ…….တချို့ ပူဆွေးနေရသလို တချို့ ကိုယ်နဲ့မဆိုင်သလို ပျော်သလို မပျော်သလို ပျော်လို့မဟုတ်ဘူး မတတ်သာသလို ပုံတွေတွေ့ရတာလဲ မှတ်သားစရာပါပဲ ငါလဲ အရင်က ဒီလိုပဲ ပျော်နေခဲ့ဖူးတာ မှတ်မိသလိုပဲ ”ဆိုပြီး ပြောလာတာကိုတွေ့ရပါတယ်။

Rဇာနည်ကတော့သူ့ရဲ့မိတ်ဆွေအပေါင်းအသင်းအရင်းကြီးထဲမှာတောင်တော်လှန်ရေးနဲ့ပတ်သက်ပြီးပူဆွေးသောကရောက်နေသူတွေရှိသလို အပျော်အပါးမပျက် ဓာတ်ပုံတင်မပျက်တဲ့ လူနှစ်မျိုးနှစ်စားကိုတွေ့ရကြောင်းပြောလာပဲဖြစ်ပါတယ်။

crd