ဗဟုသုတ

VPN ပိတ်မယ့်ကိစ္စနဲ့ တယောက်က ငွေသုံးမှ တယောက်ထံငွေဝင်တယ် ဆိုတဲ့ စီးပွားရေး လော့ဂျစ်

VPN ပိတ်မယ့်ကိစ္စနဲ့ တယောက်က ငွေသုံးမှ တယောက်ထံငွေဝင်တယ် ဆိုတဲ့ စီးပွားရေး လော့ဂျစ်

ပိတ်မယ့်ကိစ္စနဲ့ တယောက်က ငွေသုံးမှ တယောက်ထံငွေဝင်တယ် ဆိုတဲ့ စီးပွားရေး လော့ဂျစ်.. VPN ပိတ်မယ့်ကိစ္စ (မသုံးရတော့မယ့်ကိစ္စ) အရမ်း hot issue ဖြစ်နေတော့ စီးပွားရေး အကြောင်းလေး နည်းနည်း ဝင်ပြောချင်လို့ပါ..

ရိုးရိုးရှင်းရှင်း ပြောရရင် နိုင်ငံတစ်နိုင်ငံမှာ စီးပွားရေး အဓိက လည်ပတ်နေဖို့ ဆိုတာ အရေးအကြီးဆုံးက တစ်ခုတည်းပဲ၊ Consumers လို့ ခေါ်တဲ့ ဈေးဝယ်သူ/ စားသုံးသူတွေ လက်ထဲ ဝင်ငွေရှိပြီး ငွေသုံးနိုင်ဖို့၊ အဲဒါဟာ အရာအားလုံးရဲ့ အဓိက အခရာ အသက်ပဲ၊ ပြည်သူတစ်ဦး ဟာ ဝင်ငွေရှိတဲ့အခါ purchasing လုပ်နိုင်တဲ့ ငွေဖြုန်းအား တက်လာတယ်၊ အခြေခံလူတန်းစားပြည်သူက အစ phone bill ဖြည့်တယ်၊

Mobile Data တွေ များများသုံးတယ်၊ ပိုတတ်နိုင်တဲ့သူတွေက အဝတ်အစားတွေ ဝယ်တယ်၊ ကြိုက်တဲ့အစားအသောက် ဝယ်စားတယ်၊ Personal Development သင်တန်းတွေ တက်တယ်၊ MBA လို Master ဘွဲ့တွေယူကြတယ်၊ Gym တွေ ဆော့ကြတယ်၊ ခရီးတွေသွားကြတယ်.. စတဲ့ ပိုကောင်းတဲ့ Life Style အတွက် ငွေကိုသုံးကြတယ်။ တစ်ယောက် ငွေသုံးတော့ နောက်တစ်ယောက် က ငွေဝင်ပြီး ငွေကြေးက လည်ပတ်စီးဆင်းလာတယ်။

အဲဒီလို လူနေမှု အဆင့်အတန်း မြင့်လာတယ် ဆိုတာ အလုပ်အကိုင် အခွင့်အလမ်းနဲ့ လူနေမှု အဆင့်အတန်းပေါ် အဓိက မှီတည်တာ။ ဝင်ငွေ၊ ငွေသုံးစွဲမှု တစ်နေရာက ရပ်ရင် နောက်နေရာတွေလည်း ဖြည်းဖြည်းချင်း အကုန်ရပ်လာမှာပဲရယ်။ အချို့လည်း VPN တွေ၊ Social Media Platform တွေကို ပိတ်ရင် ဘာတွေ ပြောင်းသုံးမယ်၊ ဘယ်လိုတွေ လုပ်မယ် စသည်ဖြင့်ပဲ တွေးကြတယ်။ တကယ့် အဓိက အသက် ခုနက ပြောခဲ့တဲ့ လူတစ်ဦးချင်းဝင်ငွေကို ထည့်မတွက်ကြဘူး။

တကယ်က လူတစ်ဦးချင်း ငွေဖြုန်းအား တက်လာလို့ ဈေးကွက်ဖွံ့ဖြိုးလာလို့သာ Digital Marketing တို့၊ Branding တို့၊ Live Sales တို့က အပြိုင်အဆိုင် ဈေးရောင်းဖို့ ကြားခံ medium အနေနဲ့ ရှိလာရတာ။ မြန်မာပြည်က လုပ်ငန်းအားလုံးရဲ့ တိုးတက်မှုဟာ ဈေးဝယ်သူ Traffic များလာလို့ ရှိလာတာပါ။ လက်ရှိ မြန်မာပြည်ရဲ့ နေရာအများစုဟာ တော်လှန်စစ်ဖြစ်နေပါတယ်။ စစ်ပွဲ ဖြစ်ရာ နေရာများလာတာနဲ့ အမျှ ၁။ လျှပ်စစ်မီး ၂။ အင်တာနက် (Wifi/ Mobile Data) ရရှိမှု က မသေချာနိုင်ပါဘူး။

အဲဒါဆိုရင် အဲဒီဒေသတွေရဲ့ စီးပွားရေးလုပ်ငန်း၊ ကုန်စည်စီးဆင်းမှုနဲ့ ဝယ်ယူစားသုံးသူ Traffic ဟာ ပျောက်သွားမှာပါ။ အဲဒီတော့ အဓိက အရေးကြီးတာက ကြိုက်ရာ platform ကိုရွှေ့၊ ကိုယ့်နောက်ကို Traffic လူထုပရိသတ်နဲ့ Purchasing Power ငွေနဲ့ ဝယ်ယူသုံးစွဲပေးနိုင်စွမ်း ပါမလာရင်.. “သူစိမ်းအိမ်” ရုပ်ရှင် ထဲက လွင်မိုးနဲ့ ထွန်းအိန္ဒြာဗိုလ်လေသံအတိုင်း မေးရတော့မှာက.. “သားတို့ သမီးတို့က အခြား Platform တွေပြင်ဆင်ထားပြီးတာတော့ ဟုတ်ပါရဲ့၊ ဘယ်သူ့ကို ဈေးရောင်းကြမလို့တုန်း?” ဆိုတဲ့ မေးခွန်းပါ။ ကိုယ့်တစ်ကိုယ်စာ လွတ်မြောက်ဖို့ အတ္တနဲ့ မတွေးပါနဲ့၊ ပြိုင်တူတွန်းမှသာ အဓိက အရာက ရွေ့မှာပါ၊ ရွေ့မှလည်း အရာရာ ပြန်စလို့ ရမှာပါလို့ပဲ တိုက်တွန်းချင်တာပါ။

Aung Ko Ko

VPN ပိတ္မယ့္ကိစၥနဲ႔ တေယာက္က ေငြသုံးမွ တေယာက္ထံေငြဝင္တယ္ ဆိုတဲ့ စီးပြားေရး ေလာ့ဂ်စ္

ပိတ္မယ့္ကိစၥနဲ႔ တေယာက္က ေငြသုံးမွ တေယာက္ထံေငြဝင္တယ္ ဆိုတဲ့ စီးပြားေရး ေလာ့ဂ်စ္.. VPN ပိတ္မယ့္ကိစၥ (မသုံးရေတာ့မယ့္ကိစၥ) အရမ္း hot issue ျဖစ္ေနေတာ့ စီးပြားေရး အေၾကာင္းေလး နည္းနည္း ဝင္ေျပာခ်င္လို႔ပါ..

ရိုးရိုးရွင္းရွင္း ေျပာရရင္ နိုင္ငံတစ္နိုင္ငံမွာ စီးပြားေရး အဓိက လည္ပတ္ေနဖို႔ ဆိုတာ အေရးအႀကီးဆုံးက တစ္ခုတည္းပဲ၊ Consumers လို႔ ေခၚတဲ့ ေဈးဝယ္သူ/ စားသုံးသူေတြ လက္ထဲ ဝင္ေငြရွိၿပီး ေငြသုံးနိုင္ဖို႔၊ အဲဒါဟာ အရာအားလုံးရဲ့ အဓိက အခရာ အသက္ပဲ၊ ျပည္သူတစ္ဦး ဟာ ဝင္ေငြရွိတဲ့အခါ purchasing လုပ္နိုင္တဲ့ ေငြျဖဳန္းအား တက္လာတယ္၊ အေျခခံလူတန္းစားျပည္သူက အစ phone bill ျဖည့္တယ္၊

Mobile Data ေတြ မ်ားမ်ားသုံးတယ္၊ ပိုတတ္နိုင္တဲ့သူေတြက အဝတ္အစားေတြ ဝယ္တယ္၊ ႀကိဳက္တဲ့အစားအေသာက္ ဝယ္စားတယ္၊ Personal Development သင္တန္းေတြ တက္တယ္၊ MBA လို Master ဘြဲ႕ေတြယူၾကတယ္၊ Gym ေတြ ေဆာ့ၾကတယ္၊ ခရီးေတြသြားၾကတယ္.. စတဲ့ ပိုေကာင္းတဲ့ Life Style အတြက္ ေငြကိုသုံးၾကတယ္။ တစ္ေယာက္ ေငြသုံးေတာ့ ေနာက္တစ္ေယာက္ က ေငြဝင္ၿပီး ေငြေၾကးက လည္ပတ္စီးဆင္းလာတယ္။

အဲဒီလို လူေနမႈ အဆင့္အတန္း ျမင့္လာတယ္ ဆိုတာ အလုပ္အကိုင္ အခြင့္အလမ္းနဲ႔ လူေနမႈ အဆင့္အတန္းေပၚ အဓိက မွီတည္တာ။ ဝင္ေငြ၊ ေငြသုံးစြဲမႈ တစ္ေနရာက ရပ္ရင္ ေနာက္ေနရာေတြလည္း ျဖည္းျဖည္းခ်င္း အကုန္ရပ္လာမွာပဲရယ္။ အခ်ိဳ႕လည္း VPN ေတြ၊ Social Media Platform ေတြကို ပိတ္ရင္ ဘာေတြ ေျပာင္းသုံးမယ္၊ ဘယ္လိုေတြ လုပ္မယ္ စသည္ျဖင့္ပဲ ေတြးၾကတယ္။ တကယ့္ အဓိက အသက္ ခုနက ေျပာခဲ့တဲ့ လူတစ္ဦးခ်င္းဝင္ေငြကို ထည့္မတြက္ၾကဘူး။

တကယ္က လူတစ္ဦးခ်င္း ေငြျဖဳန္းအား တက္လာလို႔ ေဈးကြက္ဖြံ့ၿဖိဳးလာလို႔သာ Digital Marketing တို႔၊ Branding တို႔၊ Live Sales တို႔က အၿပိဳင္အဆိုင္ ေဈးေရာင္းဖို႔ ၾကားခံ medium အေနနဲ႔ ရွိလာရတာ။ ျမန္မာျပည္က လုပ္ငန္းအားလုံးရဲ့ တိုးတက္မႈဟာ ေဈးဝယ္သူ Traffic မ်ားလာလို႔ ရွိလာတာပါ။ လက္ရွိ ျမန္မာျပည္ရဲ့ ေနရာအမ်ားစုဟာ ေတာ္လွန္စစ္ျဖစ္ေနပါတယ္။ စစ္ပြဲ ျဖစ္ရာ ေနရာမ်ားလာတာနဲ႔ အမၽွ ၁။ လၽွပ္စစ္မီး ၂။ အင္တာနက္ (Wifi/ Mobile Data) ရရွိမႈ က မေသခ်ာနိုင္ပါဘူး။

အဲဒါဆိုရင္ အဲဒီေဒသေတြရဲ့ စီးပြားေရးလုပ္ငန္း၊ ကုန္စည္စီးဆင္းမႈနဲ႔ ဝယ္ယူစားသုံးသူ Traffic ဟာ ေပ်ာက္သြားမွာပါ။ အဲဒီေတာ့ အဓိက အေရးႀကီးတာက ႀကိဳက္ရာ platform ကိုေရႊ႕၊ ကိုယ့္ေနာက္ကို Traffic လူထုပရိသတ္နဲ႔ Purchasing Power ေငြနဲ႔ ဝယ္ယူသုံးစြဲေပးနိုင္စြမ္း ပါမလာရင္.. “သူစိမ္းအိမ္” ႐ုပ္ရွင္ ထဲက လြင္မိုးနဲ႔ ထြန္းအိျႏၵာဗိုလ္ေလသံအတိုင္း ေမးရေတာ့မွာက.. “သားတို႔ သမီးတို႔က အျခား Platform ေတြျပင္ဆင္ထားၿပီးတာေတာ့ ဟုတ္ပါရဲ့၊ ဘယ္သူ႔ကို ေဈးေရာင္းၾကမလို႔တုန္း?” ဆိုတဲ့ ေမးခြန္းပါ။ ကိုယ့္တစ္ကိုယ္စာ လြတ္ေျမာက္ဖို႔ အတၱနဲ႔ မေတြးပါနဲ႔၊ ၿပိဳင္တူတြန္းမွသာ အဓိက အရာက ေရြ႕မွာပါ၊ ေရြ႕မွလည္း အရာရာ ျပန္စလို႔ ရမွာပါလို႔ပဲ တိုက္တြန္းခ်င္တာပါ။

Aung Ko Ko